သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါပူအာ နယူးဂီနီ မြေပြိုမှုမှာ ပျောက်ဆုံးနေသူ ၂ ထောင်ခန့်ရှိနိုင်ကြောင်း အစိုးရခန့်မှန်း


ပါပူအာ နယူးဂီနီ မြေပြိုအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေကြရ (မေ ၂၄၊ ၂၀၂၄)
ပါပူအာ နယူးဂီနီ မြေပြိုအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေကြရ (မေ ၂၄၊ ၂၀၂၄)

Papua New Guinea နိုင်ငံ မြောက်ဘက် Maip-Mulitaka ခရိုင် ကျေးရွာ ၆ ခုမှာ ပြီးခဲ့တဲ့ သောကြာနေ့ မနက်အစောပိုင်း ၃ နာရီလောက်က မြေပြိုကျခဲ့တာကြောင့် လူ ၂၀၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စင်တာက တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂသီးခြားအဖွဲ့ တခုရဲ့ ထုတ်ပြန်ချက်မှာတော့ ၆၇၀ ထက်မနည်းသေဆုံးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။ လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး တောတောင်ထူထပ်တဲ့နေရာမှာ မြေပြိုကျခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီမရောက်နိုင်ဖြစ်နေတာပါ။ ၂၀၀၀ ပြည့်နှစ်က နောက်ဆုံး ကောက်ယူထားတဲ့ သန်းကောင်စာရင်းအရ ဒီဝေးလံခေါင်သီတဲ့ ကျေးရွာတွေမှာ နေထိုင်သူအများအပြားရှိပါတယ်။

အိမ်ခြေ ၁၅၀ လောက် မြေပြိုနစ်မြုပ်သွားခဲ့ပြီး အသက်ရှင်ကျန်နေသူတွေကို ကယ်ဆယ်ရေးတွေက ရှာဖွေနေပါတယ်။ မြေပြိုကျတဲ့နေရာက လူမျိုးစု တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသနားမှာဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်သားတွေ စစ်တပ်ယာဉ်တန်းတွေနဲ့ စောင့်ကြပ်သွားလာရသလို ဝေးလံတဲ့ဒေသဖြစ်တာကြောင့်လည်း ကယ်ဆယ်ရေး စက်ကရိယာတွေ သယ်ဆောင်ဖို့ နှောင့်နှေးနေတာပါ။ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာတော့ မြေတူးစက်ပို့ပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေပြီလို့ ကုလသမဂ္ဂတာဝန်ရှိသူ တဦးကပြောပါတယ်။ အခုထိတော့ သေဆုံးသူ ရုပ်အလောင်း ၆ လောင်းရှာဖွေတွေ့ထားတယ်လို့လည်း ရှာဖွေရေးလုပ်နေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG