သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုဝက်သား တင်သွင်းမှု ထိုင်း ပိတ်ပင်


အာဖရိက ဝက်တုတ်ကွေးရောဂါ ကူးစက်မှုဖြစ်ပြီးနောက် လာအိုနိုင်ငံက ဝက် တင်သွင်းမှုကို ထိုင်းနိုင်ငံက တားမြစ်လိုက်ပါတယ်။

အိမ်နီးချင်းနိုင်ငံမှာ သေစေလောက်တဲ့ အာဖရိက ဝက်တုတ်ကွေးရောဂါ ကူးစက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဟာ လာအိုကနေ အသားစားဝက် တင်သွင်းမှုကို ရက်ပေါင်း ၉၀ ကြာ တားမြစ်ရပ်ဆိုင်းသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ တိရစ္ဆာန်ကတဆင့် ကူးစက်သေဆုံးစေတဲ့ A-H1N1 ကူးစက်မြန်တုတ်ကွေးကြောင့် အခုချိန်ထိ သေဆုံးသူ ခြောက်ဦး ရှိသွားပြီလို့ အစိုးရကျန်းမာရေးဌာနက ကြေညာပါတယ်။

ထိုင်းနိုင်ငံက တားမြစ်မှုထဲမှာ ဝက်အရှင်တွေရော သတ်ပြီးသား ဝက်တွေရော ပါဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံထဲ ရောဂါပြန့်ပွားမှာကို တားမြစ်လိုတာကြောင့် ဖြစ်တယ်လို့ ထိုင်းမွေးမြူရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။ အလားတူ တားမြစ်မှုမျိုးကို တရုတ်နိုင်ငံကလည်း သောကြာနေ့က ကြေညာခဲ့ပါတယ်။

လာအိုနိုင်ငံ တောင်ပိုင်း Saravane ခရိုင်မှာ ကြာသပတေးနေတုန်းက လူကိုသေစေလောက်တဲ့ အာဖရိက ဝက်တုတ်ကွေး စတင်ဖြစ်ပွားတာကို အတည်ပြုနိုင်ခဲ့ပြီးနောက် အခုလို အိမ်နီးချင်းနိုင်ငံတွေက လာအိုဝက်တွေ တင်ပို့တာကို တားမြစ်လာကြပါတယ်။

အဲဒီဒေသမှာ ဝက်တုတ်ကွေး ကူးစက်တဲ့ဖြစ်ရပ် ခုနစ်ခု ဖြစ်ပွားခဲ့ပြီး တိရစ္ဆာန် အကောင် ၁,၀၀၀ လောက် သေဆုံးသွားတယ်လို့ လာအိုစိုက်ပျိုးရေး ဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG