သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆုံးမြင်ရတဲ့ Supper Moon လဝန်းကြီး

တန်ဆောင်တိုင်လပြည့်ည ရန်ကုန်မြို့မှာမြင်ရတဲ့ Supermoon လဝန်း (နိုဝင်ဘာ ၁၅၊ ၂၀၂၄)
တန်ဆောင်တိုင်လပြည့်ည ရန်ကုန်မြို့မှာမြင်ရတဲ့ Supermoon လဝန်း (နိုဝင်ဘာ ၁၅၊ ၂၀၂၄)

သာမန်ထက် ပိုပြီး ထူးခြား ကြီးမား တောက်ပတဲ့ Supermoon လဝန်းကြီးကို မြန်မာ အပါအဝင် ကမ္ဘာတဝန်းမှာ နိုဝင်ဘာလ ၁၅ ရက် သောကြာနေ့ ညက တွေ့မြင်ခဲ့ကြရပြီး ဒီနှစ်အတွက် နောက်ဆုံးအကြိမ်မြင်ရတဲ့ supermoon ပဲ ဖြစ်ပါတယ်။

ဒီနှစ်ထဲ အခုလို supermoon လဝန်းကြီးကို သြဂုတ်လထဲမှာ တကြိမ်၊ အောက်တိုဘာမှာ တကြိမ်နဲ့ နိုဝင်ဘာမှာ တကြိမ် တွေ့ခဲ့ရပြီးဖြစ်သလို အခုတကြိမ်က ဒီနှစ်အတွက် ၄ ကြိမ်မြောက်နဲ့ နောက်ဆုံးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မနေ့က supermoon လဝန်းကြီးကို မြင်ရချိန်ဟာ ဗုဒ္ဓဘာသာဝင်အတွက် နေ့ထူးနေ့မြတ် တန်ဆောင်းမုန်း လပြည့်နေ့လည်း ဖြစ်ပါတယ်။ ဆေးပေါင်းခတဲ့ညအဖြစ် သတ်မှတ်ကြသလို၊ တန်ဆောင်တိုင် မီးထွန်းပွဲတွေနဲ့ သူခိုးကြီးည ပျော်ပွဲရွှင်ပွဲတွေ စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ အချိန်အခါတခုပါ။

ဘဲဥပုံ လမ်းကြောင်းနဲ့ ကမ္ဘာကို ပတ်နေတဲ့ လကြီး ကမ္ဘာနဲ့ ပိုနီးတဲ့ ပတ်လမ်းနေရာကို ရောက်တဲ့အချိန်အခါနဲ့ လပြည့်တဲ့အချိန် တိုက်ဆိုင်တဲ့အခါ မျိုးမှာ အခုလို Supermoon လို့ တင်စားခေါ်ကြတဲ့ အကြီးဆုံးနဲ့ အလင်းလက်ဆုံး လဝန်းကြီးကို လူတွေ မြင်ကြရတာလည်း ဖြစ်ပါတယ်။ အခုလို Supermoon လဝန်းကြီးကိုတော့ တနှစ်မှာ ၃ −၄ ကြိမ် မြင်တွေ့ရလေ့ရှိပါတယ်။ ဒီနှစ်ထဲ ၄ ကြိမ် ကြုံခဲ့တာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတွေ့ခဲ့ရတဲ့ Supermoon ကတော့ အတောက်ပဆုံးကြီး အကြီးဆုံးဖြစ်ပြီး ကမ္ဘာမြေပြင်ကနေ ၃ ရက်လောက် မြင်တွေ့ခဲ့ကြရပါတယ်။

This item is part of

Forum

XS
SM
MD
LG