သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင်မြင်ရတဲ့ Supermoon လဝန်းကြီး


ကြာသပတေးနေ့က တွေ့ရတဲ့ supermoon (အောက်တိုဘာ ၁၇၊ ၂၀၂၄) (နေပြည်တော်)
ကြာသပတေးနေ့က တွေ့ရတဲ့ supermoon (အောက်တိုဘာ ၁၇၊ ၂၀၂၄) (နေပြည်တော်)

အခု ၂၀၂၄ ခုနှစ်အတွက် အကြီးဆုံးနဲ့ အလင်းဆုံး Supermoon လို့တင်စားကြတဲ့ လဝန်းကြီးကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းမှာ မနေ့ ဗုဒ္ဓဟူးနေ့ညက စပြီး မြင်တွေ့ခဲ့ကြရပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံ‌အများစုမှာ ဆောင်းဦးပေါက် ပထမဆုံးလပြည့်ချိန် အမဲလိုက်ဖို့ အကောင်းဆုံး အလင်းရောင်ရတဲ့ လပြည့် ညမျိုး ဖြစ်နေတတ်တာကြောင့် hunter moon လို့လည်း ခေါ်လေ့ရှိပါတယ်။ ဒီလို အတောက်ပဆုံး လဝန်းကြီးကို ၃ ရက်လောက် ကမ္ဘာမြေက မြင်တွေ့ရမယ်လို့ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ NASA က ခန့်မှန်းထားပါတယ်။

ကမ္ဘာကို ဘဲဥပုံပတ်လမ်းနဲ့ ပတ်နေတဲ့ လကြီး ကမ္ဘာနဲ့ ပိုနီးတဲ့ ပတ်လမ်းနေရာ ရောက်ချိန်နဲ့ လပြည့်တဲ့ အချိန် တိုက်ဆိုင်ချိန်မျိုးမှာ Supermoon လို့ တင်စားခေါ်ရလောက်တဲ့ အကြီးဆုံးနဲ့ အလင်းလက်ဆုံး လဝန်းကြီးကို လူတွေ မြင်ကြရတာပါ။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေတွေ့ရတဲ့ super moon (အောက်တိုဘာ ၁၇၊ ၂၀၂၄)
#supermoon #super moon
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေတွေ့ရတဲ့ super moon (အောက်တိုဘာ ၁၇၊ ၂၀၂၄)

ဒီလို Supermoon ကို ကြုံရတဲ့ အချိန်တွေမှာ ဒီရေအတက်အကျ အပြောင်းအလဲတွေ ဖြစ်တတ်တာကြောင့် ဖြစ်စဉ်ပေါ် အခြေခံပြီး နက္ခတပညာရှင်တွေရဲ့ တွက်ဆချက်နဲ့ ခန့်မှန်းချက်တွေလည်း အမျိုးမျိုး ထွက်ပေါ်လာလေ့ရှိပါတယ်။ လနဲ့ ကမ္ဘာ အနီးဆုံးကို ရောက်လာတတ်တဲ့ Supermoon ဖြစ်စဉ်ကို အခု ၂၀၂၄ ခုနှစ်ထဲမှာ ဒီတကြိမ်နဲ့ဆို သုံးကြိမ်မြောက် မြင်တွေ့ကြရတာြဖစ်ပါတယ်။

တလထဲမှာ လပြည့်ရက် နှစ်ရက် ဖြစ်သွားတဲ့ Blue Moon ဖြစ်စဉ်မျိုးလည်း ၂၀၁၈ ခုနှစ်အတွင်းက ရှားရှားပါးပါး ကြုံခဲ့ရဖူးပါတယ်။

မြန်မာအပါအဝင်မြင်ရတဲ့ Supermoon လဝန်းကြီး
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG