သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရားဥပေဒစိုးမိုးေရး လ်စ္လ်ဴရႈခံေနရသလား


Few commuters ride on a mostly empty bus in Yangon.

ျမန္မာႏိုင္ငံ တရားဥပေဒစိုးမိုးမႈဟာ ေက်းလက္ေဒသေတြမွာသာမက ၿမိဳ႕ေပၚအထင္ကရ ေနရာေတြမွာပါ တေန႔တျခား ယိုယြင္းလာတဲ့သတင္းေတြ ထြက္ေပၚေနပါတယ္။ ျပည္ေထာင္စုေရွ႕ေနမ်ားအဖြဲ႕ဥကၠ႒ လႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္ကေတာ့ ဒါဟာ တမင္လ်စ္လ်ဴရႈခံထားရတာ ျဖစ္တယ္လို႔ ေကာက္ခ်က္ခ်ပါတယ္။ ဘာေၾကာင့္ပါလဲ။ ဦးႀကီးျမင့္နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာႏိုင္ငံရဲ ႔ ၿမိဳ ႔ျပၿငိမ္ဝပ္ပိျပားေရး၊ တရားဥပေဒစိုးမိုးေရးကိစၥ ျဖစ္ပါတယ္။ အခု က်ေနာ္တို႔ သတင္းေတြၾကားေနရတာ ရန္ကုန္ၿမိဳ ႔လယ္ေခါင္မွာပဲ သတ္ျဖတ္လုယက္တာေတြ၊ အိမ္ကိုေဖာက္ထြင္ဝင္ၿပီးေတာ့ သတ္ျဖတ္သြားတယ္၊ ပစၥည္းေတြ လုယုသြားတယ္ဆိုတဲ့ သတင္းေတြကို ၾကားေနရပါတယ္။ ဒါက ႏုိင္ငံေရးအရ တဘက္နဲ႔တဘက္ အျပန္အလွန္အညိဳးထားသတ္ျဖတ္တဲ့ ကိစၥအျပင္ သာမန္ခိုးဆိုးလုယက္မႈေတြ ျဖစ္ေနတဲ့ကိစၥနဲ႔ ပတ္သက္ပါတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံရဲ ႔ ၿငိမ္ဝပ္ပိျပားမႈနဲ႔ တရားဥပေဒစိုးမိုးမႈ အေျခအေန ဘယ္လိုရိွပါသလဲ။ အၾကမ္းဖ်ဥ္း၊ အက်ဥ္းရံုးေလး အရင္ေျပာျပပါ။

ေျဖ ။ ။ က်ေနာ္ကေတာ့ စိုးရိမ္တာတခု ရိွတယ္။ ၂၀၂၁ မွာ အာဏာသိမ္းၿပီးေတာ့ ဆႏၵေတြျပၾကတယ္။ အဲဒီမွာ အဲဒီလိုဆႏၵျပေကာင္းလားဆိုၿပီး ပစ္သတ္တဲ့အဆင့္၊ အၾကမ္းဖက္တာေတြ၊ စစ္တပ္ကေန ရိုက္တာႏွက္တာ၊ အိမ္ေတြဝင္ရွာတာေတြ အဲဒီလိုလုပ္တာေတြအျပင္၊ အဆိုးဆံုးကေတာ့ ကိုဗစ္ကို ပစ္ထားလိုက္တာပဲ။ ေသၾက၊ ေဆးလည္းဝယ္လုိ႔မရဘူး၊ ေအာက္ဆီဂ်င္လည္း ရွာမရဘူး။ ရိွတဲ့ ေအာက္ဆီဂ်င္ေတြလည္း အကုန္ယူသြားတယ္။ ေျပာခ်င္တာက အဲဒီမွာ တေန႔ကို လူႏွစ္ေထာင္ေက်ာ္ေသတယ္။ လက္စားေခ်တာေပါ့။ မင္းတို႔ လုပ္ၾကကြာ၊ ေသၾကကြာဆိုတဲ့ အဲဒီလိုသေဘာမ်ဳိးကိုလည္း အခုတခါ ျပန္သံုးလာျပန္ၿပီလား။ ငါတုိ႔ကို ဒီေလာက္ေတာင္ ေျပာၿပီးတိုက္၊ နင္တုိ႔က ဟိုဟာေတြကိုအားေပး၊ ငါတို႔ကို မ်ဳိးစံုနဲ႔လုပ္။ ငါတုိ႔ကလဲ ငါတို႔ႏုိင္တဲ့ဘက္ကေန မင္းတို႔ကို အကာအကြယ္မေပးဘူးကြာ။ မင္းတုိ႔ျပည္သူလူထုဆုိတဲ့ လူေတြကို အကာအကြယ္မေပးဘူး။ မင္းတုိ႔ ဘာတတ္ႏုိင္လဲ။ အဲဒီလို လက္စားေခ်တဲ့သေဘာမ်ဳိး ျဖစ္လာတာ။ က်ေနာ္ အလြန္စိုးရိမ္တယ္။ အဲဒါကိုေတာ့ က်ေနာ္ ပဏာမေျပာခ်င္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ အဲဒီလို သူတုိ႔ ႏုိင္ငံေရးအားျဖင့္ လက္စားေခ်ရေလာက္ေအာင္ ျပည္သူ႔ရဲ ႔တပ္ဖြဲ႔ေလ။ ျပည္သူ႔ရဲ ႔တပ္ဖြဲ႔ကို တုိက္ရိုက္ညႊန္ၾကားထားတာ မင္းတို႔မလုပ္နဲ႔၊ မလိုက္နဲ႔ ဒီဟာကို ပစ္ထားလိုက္လို႔ ေျပာလို႔ရပါ့မလား။ ျပည္သူ႔ရဲ ႔တပ္ဖြဲ႔က တာဝန္သိသိနဲ႔ လုပ္ေဆာင္ဖို႔ မသင့္ဘူးလား။

ေျဖ ။ ။ အဲဒါက ညႊန္ၾကားစရာ မလုိဘူးဗ်။ ေခါင္းေတာ္ညိတ္ စိတ္ေတာ္သိ ဆုိသလို အလိုလိုသိတာေပါ့။ သူတို႔ ဘာပဲစစ္တပ္က လိုလားသလဲဆိုတာ။ ႏုိင္ငံေရးအရ လက္စားေခ်တာေတြ၊ PDF ေတြ မီးနဲ႔ရွိဳ ႔ၿပီးေတာ့ လုပ္တာေတြ၊ ကခ်င္လိုေနရာမ်ဳိးေတြမွာ ဗံုးက်ဲပစ္တာေတြ။ ရခုိင္မွာ ဒီအတိုင္းပဲ။ အဲဒီေပၚ အာရံုစိုက္ေနၿပီးေတာ့ ရိွသမွ်တပ္ေတြ အင္အားေတြ အဲဒီကိုအကုန္သြားေတာ့ ဒီမွာ ပစ္ထားသလို ျဖစ္တဲ့အခါၾကေတာ့၊ ဘယ္သူကိုမွ အေရးယူတာ မရိွဘူး။ မင္းတို႔ရိွတဲ့ နယ္ေျမေတြမွာ ဒီလိုေတြျဖစ္တယ္။ မင္းတို႔မွာလဲ တာဝန္ရိွတယ္။ မင္းတို႔ကို ဒါေတြနဲ႔ ပတ္သက္လို႔ အေရးယူမႈ တစံုတရာ လံုးဝမရိွဘူး။

ေမး ။ ။ ဆိုေတာ့ ေနာက္တခု ဒီဟာကို တဆက္တည္းေမးဖို႔ သတိရတာက တခ်ဳိ ႔ကေထာက္ျပၾကတယ္။ ေထာင္ကေန ႏုိင္ငံေရးအက်ဥ္းသားေတြကို မလႊတ္ဘူး။ လြတ္ၿငိမ္းခ်မ္းသာခြင့္ဆိုၿပီေတာ့ ရာဇဝတ္သားေတြကို လႊတ္တယ္ဆိုၿပီးေတာ့ ေျပာၾကတယ္။ ဒါကိုလဲ တခ်ဳိ ႔က ႏုိုင္ငံေရးရည္မွန္းခ်က္လို႔ ေျပာၾကတယ္။ ဒါက သာမန္လူေတြ ေျပာၾကတာ။ ဦးႀကီးျမင့္က ဥပေဒပညာရွင္ ေရွ ႔ေနႀကီးတဦးအေနနဲ႔ ဘယ္လိုျမင္ပါသလဲ။ ရာဇဝတ္သားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လႊတ္တယ္ဆိုတဲ့ကိစၥကို ကန္႔ကြက္စရာ ရိွပါသလား။ လူမႈေရးအရ ႀကိဳဆိုပါသလား။ တခုခု မွတ္ခ်က္ေပးပါ။

ေျဖ ။ ။ သူက ဒီလိုဗ် - တေလာက အင္တာဗ်ဴးတခုမွာ ေထာင္မွဴးႀကီး ဦးခင္ေမာင္ျမင့္ - တရားလႊတ္ေတာ္ေရွ ႔ေနလည္ ျဖစ္တယ္။ သူ ေျပာတဲ့သေဘာကေတာ့ ဒီအက်ဥ္းသားေတြကို လႊတ္တာဟာ ေထာင္ေတြမွာ လူေတြသိပ္မ်ားေနတဲ့အခါ လုပ္ရိုးလုပ္စဥ္ပါပဲ။ မူးယစ္ေဆးဝါးမႈေတြ၊ ေတာ္ရံုတန္ရံု အေသးအဖြဲအမႈေတြ။ ဒါေပမဲ့ အဲဒီလို လႊတ္တဲ့ထဲမွာ စနစ္တက်လႊတ္ရတယ္။ သူတို႔ကို ေထာင္ဗူးဝႀကီးကေန မလႊတ္ရဘူး။ ေထာင္ေဘးကေန လႊတ္ၿပီးေတာ့၊ သူတုိ႔ကို ေနာက္ေၾကာင္းရာဇဝင္ေတြကို လိုက္ၿပီးေတာ့ သက္ဆိုင္ရာရဲစခန္းေတြကို အေၾကာင္းၾကားထားလိုက္ရတယ္။ မင္းတို႔ အဲဒီလူေတြေတာ့ လႊတ္လိုက္ၿပီ၊ အဲဒီလူေတြနဲ႔ ပတ္သက္လို႔ သတင္းကို ဘယ္လိုပို႔ရမယ္။ ဘယ္လိုေစာင့္ၾကည့္ရမယ္ဆိုတဲ့ဟာေတြ တခါတည္းပါရတယ္။ အခု အဲဒီလမ္းညႊန္ခ်က္ေတြ မပါဘဲနဲ႔ ေဘးကေနလႊတ္ၿပီးေတာ့ သြားေတာ့ကြာဆိုုၿပီး လႊတ္လိုက္ေတာ့ ရာဇဝတ္မႈေတြ ပိုမ်ားေစတယ္။ တကယ္ၾကေတာ့ လႊတ္တာဟာ လုပ္ပံုၾကတယ္။ သို႔ေသာ္ လႊတ္ပံုလႊတ္နည္းနဲ႔ ေနာက္ကလုပ္ထံုးလုပ္နည္းေတြ မလိုက္နာတာ၊ လိုက္နာေအာင္ မလုပ္တာက အျပစ္ရိွတယ္လို႔ ဦးခင္ေမာင္ျမင့္က အဲဒီလိုေျပာတယ္။ သူက ေထာင္မွဴးႀကီးဘဝကလာေတာ့ ဒါကိုေတာ့ က်ေနာ္က ေတာ္ေတာ္ေလး - အစတုန္းကေတာ့ အစိုးရက တမင္သတ္သတ္ ဆူပူေအာင္လုပ္တယ္၊ တမင္သတ္သတ္ လုပ္ေနတယ္ဆိုတဲ့အျမင္ကေေတာ့ ေလ်ာ့သြားတယ္။ သို႔ေသာ္ သူေျပာလိုက္တဲ့အခါၾကမွ ဘာမွေနာက္ကြယ္က လိုက္ရမယ့္ Supporting မလုပ္ဘူးဆိုေတာ့ အဲဒီလို ဆူပူမႈေတြျဖစ္ေစေအာင္ အားေပးသလို ျဖစ္သြားတာေပါ့။

ေမး ။ ။ ေနာက္တခုက ၿမိဳ ႔တြင္းမွာ ဆိုးဝါးတဲ့ရာဇဝတ္ျပစ္မႈေတြ က်ဴးလြန္တဲ့ကိစၥေတြပါေတာ့ ေရးၾကတယ္။ လူေတြဟာ စီးပြားေရးအားျဖင့္ ငတ္ျပတ္လာတဲ့အတြက္ေၾကာင့္ ခုိးဆိုးလုယက္တဲ့လူေတြလည္း မ်ားလာတယ္ဆိုေတာ့ စီးပြားေရး က်ဆင္းေနမႈကိုလည္း ေထာက္ျပၾကတယ္ဆိုေတာ့ အဲဒီကိစၥကိုလည္း ဘယ္လိုျမင္ပါသလဲ။ အဲဒါ ဟုတ္ပါသလား။

ေျဖ ။ ။ စီးပြားေရးပ်က္တယ္ဆိုေပမယ္လို႔ ထိေရာက္တဲ့ အေရးယူမႈ ရိွတယ္ဆိုရင္ ဘယ္သူမွမလုပ္ရဘူး။ နိုု႔မို႔ဆိုရင္ အလကားေန လူလိုက္သတ္ေနမွာေပါ့။ အခုေတာင္ နည္းနည္းသတ္စေတာင္ျပဳေနၿပီ။ ဘာျဖစ္လုိ႔လဲဆိုရင္ ခုိးဆိုးႏိႈက္ေတြနဲ႔ လူသတ္သမား၊ မုဒိမ္းသမားေတြကို ႀကိဳးေပးတာ မရိွဘူး။ ၁၉၈၈ ေနာက္ပိုင္းကစၿပီးေတာ့ အခုထိ မရိွဘူး။ ႏုိင္ငံေရးသမားကိုသာ ႀကိဳးေပးတာ။ အဲဒီေတာ့ ခိုးဆုိႏိႈက္ေတြက သိေနတယ္။ သူတုုိ႔ကို မသတ္ဘူးဆိုတာ သိေနေတာ့ ဒါလဲ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ဘူးေပါ့။ လူသတ္မႈသံုးခုျဖစ္တာ အခုပဲ မေသမခ်င္း ႀကိဳးကြင္းစြပ္သတ္ေစဆိုၿပီး တရားရံုးကအမိန္႔ခ်ၿပီး (၁၅) မိနစ္အတြင္းမွာပဲ သူကိုထုတ္လာတာ၊ သူ႔အေမကေစာင့္ေနတာ က်ေနာ္မၾကာခင္ျပန္လာမွာေျပာတာ၊ အဲဒီေလာက္အတင့္ရဲၾကတာ။ အခုလဲ သူတုိ႔ကဗိုလ္ပဲ၊ ေထာင္မင္းသားေတြ။ ၾကည္လင္းတို႔ေတြက ေထာင္မင္းသားေတြ။ အဲဒီလိုရိွတယ္။

ေမး ။ ။ အဲဒီေတာ့ တရားစီရင္ေရးကေရာ ဒီကိစၥကို ဘာမွထိထိေရာက္ေရာက္ အေရးမယူႏုိင္ဘူးလား။ အဲဒီလို ေျပာရေလာက္ေအာင္ ဘယ္ေလာက္ေတာင္ ေလ်ာ့ရဲေနၿပီလဲ။

ေျဖ ။ ။ အဲဒီလူေတြက ေထာင္ထဲမွာတင္ တြင္က်ယ္ေနတာ။ က်ေနာ္က ေထာင္ထဲက ထြက္လာတဲ့လူေတြကို ေမးၾကည့္တဲ့အခါမွာ သူတုိိ႔ကို ျပန္ေၾကာက္ေနရတယ္။ သူတုိ႔က အရမ္းၾသဇာရိွေနတဲ့သေဘာ။ သူတို႔က အခ်ိန္မေရြး သတ္ျပစ္ႏုိင္တယ္။ အဲဒီလိုရိွတယ္။ ေျပာခ်င္တာကေတာ့ တရားစီရင္ေရးက စစ္အုပ္ခ်ဳပ္ေရးေအာက္ကို ေရာက္ေနတာ။ စစ္တပ္ေအာက္ေရာက္ေနတာ။ တရားစီရင္ေရးက အမည္ခံပဲ ရိွတယ္။ အဲဒါေၾကာင့္ ေမွ်ာ္လင့္ခ်က္ မရိွဘူးဆိုတဲ့ေနရာမွာ အေၾကာင္းမဲ့ေျပာတာ မဟုတ္ဘူး။ ေနာက္တခုက အခ်ဳပ္ျပန္ေျပာရရင္ မေန႔တေန႔က ဘာျဖစ္သြားလဲဆိုရင္ ဘတ္စ္ကားေပၚမွာ လူေျခာက္ေယာက္ တက္လာတယ္။ ပေလကပ္လံုခ်ည္ေတြ ေကာင္းေကာင္းမြန္မြန္ ဝတ္စားထားၿပီးေတာ့ တယ္လီဖုန္းေတြ၊ ပိုက္ဆံေတြ ယူသြားၿပီးေတာ့ သံလမ္းမွတ္တိုင္မွာ ဆင္းတယ္။ ရဲစခန္းကိုေမာင္းပါလို႔ ဘယ္သူမွ မေတာင္းဆိုၾကဘူး။ ကားသမားကလည္း မွတ္တိုင္ကို ဆက္သြားတယ္။ ကားသမားကလည္း ရဲစခန္းကို မေမာင္းဘူး။ အဲဒီေတာ့ ေျပာခ်င္တာက ဘတ္စ္ကားေပၚတက္ၿပီးေတာ့ ဝတ္ေကာင္းစားေကာင္းနဲ႔ ဓါးျပတုိက္တယ္ဆိုတာ ငတ္လို႔ေတာ့ မဟုတ္ဘူး။ ေနာက္တခ်က္က ဘာလဲဆိုေတာ့ မဂၤလာေတာင္ညႊန္႔ မႏၱေလးလမ္းက ဆရာလင္မယားကို သတ္သြားတာဆုိရင္ အေသးစိတ္္ထုတ္ျပန္ရမယ္။ အခုထိ အေသးစိတ္မထုတ္ျပန္ဘူး။ ေနာက္တခါ ပန္းပဲတန္းလိုဟာမ်ဳိး။ ၂၆ လမ္းလိုဟာမ်ဳိးမွာ ဝင္ၿပီးေတာ့လုသြားတယ္။ အင္မတန္လူစည္းကားတဲ့ေနရာေတြ။ ဒါေတြကို ထိထိေရာက္ေရာက္ သတင္းစာရွင္းလင္းပြဲေတြ လုပ္ေပးရမယ္။ သတင္းစာေတြမွာ ေဖာ္ျပရမယ္။ ဖမ္းတာေတြ လုပ္ျပရမယ္။

အခု PDF တေယာက္ မိၿပီဆိုရင္ သတင္းစာရွင္းလင္းပြဲနဲ႔ MRTV, ျမဝတီတုိ႔မွာထည့္။ ရာဇဝတ္သားေတြနဲ႔ ပတ္သတ္လို႔ေတာ့ ဘာမွမရိွဘူး။ အဲဒါကိုက ရာဇဝတ္မႈကို ႏိွမ္နင္းေနတယ္။ ထိေရာက္စြာလုပ္ေနတယ္။ အမ်ားျပည္သူသိေအာင္၊ ေၾကာက္လန္႔ေအာင္လုပ္ဖို႔ ပ်က္ကြက္ေနတာဟာ သေဘာရိုးမွ ဟုတ္ရဲ ႔လား။ ဒါကိုလဲ ေမးခြန္းထုတ္စရာ ရိွတာေပါ့။

ေမး ။ ။ ႏိုင္ငံေရးနဲ႔ ဆက္စပ္လပါၿပီ။ သူတုိ႔ဟာ ၂၀၂၃ ၾသဂုတ္လမွာ ေရြးေကာက္ပြဲ က်င္းပမယ္ဆိုေတာ့ ေရြးေကာက္ပြဲ က်င္းပဖုိ႔အတြက္ ဒီရာဇဝတ္မႈေတြ ကင္းရွင္းၿပီးေတာ့ ၿမိဳ ႔ျပၿငိမ္ဝပ္ပိျပားေရး၊ အမ်ားျပည္သူၿငိမ္ဝပ္ပိျပားမႈက တရားဥပေဒ စိုးမုိးမႈက အဓိကမက်ဘူးလားဆိုေတာ့။ သူတိုိ႔ ဒီလိုလုပ္ေစခ်င္တဲ့ သေဘာထားရိွေနရင္ သူတုိ႔ေရြးေကာက္ပြဲအတြက္ နာမည္မပ်က္ႏုိင္ဘူးလား။ ေရြးေကာက္ပြဲ ျဖစ္လာမယ့္အေျခအေနကို အဟန္႔အတား မျဖစ္ႏုိင္ဘူးလားဆိုတာလဲ စဥ္းစားစရာ ျဖစ္ေနတာေပါ့။ သူတုိ႔က အဲဒါကို မတြက္ဘူးလား။ ေရြးေကာက္ပြဲအတြက္ အတားအဆီးပဲဆုိတာကို။

ေျဖ ။ ။ ျပည္တြင္းကိုေလာက္ကိုေတာ့ ပ်င္းတယ္။ ရယ္စရာပဲ။ ျပည္ပေတာင္မွ ကုလသမဂၢကို လွမ္းကန္႔ကြက္၊ ကုလသမဂၢကို တရားမဝင္ဘူးေျပာလို႔ေျပာ၊ အာဆီယံကို ပမာမခန္႔လုပ္။ အဲဒီေတာ့ ေျပာခ်င္တာကေတာ့ သူတုိ႔လုပ္ခ်င္တဲ့ဟာကို စစ္တပ္ပီပီ၊ စစ္တုိက္သလိုတုိက္တာ။ ဒီေတာင္ကုန္ကိုရေအာင္ သိမ္းမယ္ဆိုရင္ ဘာပဲျဖစ္သြားျဖစ္သြား အဲဒီေတာင္ကုန္ကို ရဖို႔က အေရးႀကီးတယ္။ က်န္တာလာမေျပာနဲ႔ ဒီေတာင္ကုန္ကိုရဖုိ႔။ အဲဒီဟာတခုပဲ သူတုိ႔သိတယ္။ ဒါေၾကာင့္မို႔ ေရြးေကာက္ပြဲကိုလည္း မျဖစ္ျဖစ္ေအာင္လုပ္မွာ။ ဘယ္လိုနည္းနဲ႔ ျဖစ္မယ္ဆိုတာကို ပထမဦးဆံုး ပိတ္ရက္ကို လုပ္ရမယ့္ ၿမိဳ ႔ႀကီးေတြမွာလုပ္မယ္။ အင္အားျပမယ္။ မလုပ္ဘဲ ကန္႔လန္႔ကန္႔လန္႔ေကာင္ေတြကို ေခၚမယ္၊ သတ္ျပစ္မယ္။ ေနာက္တခါ ဒုတိယအရစ္မွာ အဲဒီအင္အားစုေတြကို ေခၚသြားၿပီးေတာ့ ဒုတိယအရစ္မွာလုပ္မယ္။ အဲဒီမွာ ႏွစ္ရစ္ေလာက္လုပ္လိုက္တဲ့အခါမွာ အစိုးရဖြဲ႔ႏိုင္ၿပီ။ ျဖစ္တဲ့နည္းနဲ႔ လုပ္ၿပီးေတာ့ ခင္မ်ား အသိအမွတ္ျပဳျပဳမျပဳျပဳ၊ တရုတ္၊ ရုရွားနဲ႔ အာဆီယံႏိုင္ငံေတြထဲက သူ႔ဘက္ပါတဲ့ႏုိင္ငံေတြက ျပဳမွာေပါ့။ ကမာၻႀကီးမွာ တခ်ဳိ ႔ဒီမိုကေရစီဆိုတာ ေရြးေကာက္ပြဲနဲ႔ လုပ္တယ္ဆိုရင္ ၿပီေရာဆုိတာ၊ ေရြးေကာက္ပြဲက ဘယ္လိုေရြးေကာက္ပြဲလဲဆိုတဲ့ဟာက အဲဒီေလာက္အထိ မလိုက္ေတာ့ဘူး။ ကန္႔လန္႔တိုက္မယ္ လူေတြကလည္း ဟိုဘက္က ေတာင္းဆိုတာ ရိွၾကတယ္။ သူတုိ႔မွာ အင္အားနဲ႔ဘာနဲ႔ အီရန္၊ ဗင္နီဇြဲလားတုိ႔ - အဲဒါေၾကာင့္မို႔ သူတုိ႔က ေရြးေကာက္ပြဲအတြက္ကေတာ့ လံုးဝပူပန္ေနမွာ မဟုတ္ဘူးဆိုတာကို က်ေနာ္ အတိအလင္းေျပာတယ္။

ေမး ။ ။ အဲဒီေတာ့ ဘယ္ေလာက္အထိ အဆိုးဆံုးကို ျပည္သူလူထုက ေမွ်ာ္လင့္ရမလဲ။

ေျဖ ။ ။ အဆိုးဆံုးကေတာ့ လစ္ဗ်ာပဲ။ က်ေနာ္တို႔က လစ္ဗ်ာလိုျဖစ္မွာ။ ဆီရီးယားလိုေတာ့ မျဖစ္ဘူး။ ဆီရီးယားကေတာ့ အင္အားႀကီးႏုိင္ငံရဲ ႔ တပ္ေတြက အဲဒီထဲဝင္ေနတာ။ က်ေနာ္တို႔ႏုိင္ငံကေတာ့ အဲဒီလို အင္အားႀကီးႏိုင္ငံေတြရဲ ႔ တပ္ေတြ ဝင္မေနေတာ့၊ က်ေနာ္တို႔က ဒုတိယလစ္ဗ်ာ ျဖစ္မွာ။

ေမး ။ ။ အဲဒါက အဆိုးဆံုး Worst case scenario ေပါ့။ အေကာင္းဆံုးကိုလည္း ေမွ်ာ္လင့္ၾကည့္ပါအံုး။ The best case scenario ဘယ္လို ျဖစ္လာႏိုင္မလဲ။

ေျဖ ။ ။ အေကာင္းဆံုးေမွ်ာ္လင့္ႏုိင္တာကေတာ့ အနည္းဆံုးျဖစ္ေနလို႔ ေျပာရမွာေတာင္ အားနာတယ္။ အဲဒါကေတာ့ လြတ္ေျမာက္ေရးနယ္ေျမေတြ မ်ားမ်ားျဖစ္လာၿပီးေတာ့ အဲဒီနယ္ေျမေတြကို တိုးခ်ဲ ႔ျခင္းအားျဖင့္ က်ေနာ္တို႔က အားလံုးကို လြတ္ေျမာက္သြားေအာင္ပဲ။ သို႔ေသာ္ အဲဒါရဲ ႔ ျဖစ္ႏုိင္ေခ် ရာခိုင္ႏႈန္းကိုေတာ့ က်ေနာ္လည္း မေျပာတတ္ဘူး။ လြတ္ေျမာက္နယ္ေျမေတြ ျဖစ္လာၿပီး၊ ညီညႊတ္မႈက အဓိကပဲ။ အဲဒါကိုေတာ့ ေတာ္ေတာ္ႀကီးကို ေမွ်ာ္လင့္လို႔လည္းရတယ္။ ၾကာေညာင္းႏိုင္တာလဲ ရိွတာေပါ့။ အဲဒီမွတပါး ဒီဘက္ကထြက္လမ္း မရိွဘူး။

=== Unicode =====

မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးမှုဟာ ကျေးလက်ဒေသတွေမှာသာမက မြို့ပေါ်အထင်ကရ နေရာတွေမှာပါ တနေ့တခြား ယိုယွင်းလာတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြည်ထောင်စုရှေ့နေများအဖွဲ့ဥက္ကဋ္ဌ လွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ဒါဟာ တမင်လျစ်လျူရှုခံထားရတာ ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။ ဘာကြောင့်ပါလဲ။ ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံရဲ့ မြို့ပြငြိမ်ဝပ်ပိပြားရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ ဖြစ်ပါတယ်။ အခု ကျနော်တို့ သတင်းတွေကြားနေရတာ ရန်ကုန်မြို့လယ်ခေါင်မှာပဲ သတ်ဖြတ်လုယက်တာတွေ၊ အိမ်ကိုဖောက်ထွင်ဝင်ပြီးတော့ သတ်ဖြတ်သွားတယ်၊ ပစ္စည်းတွေ လုယုသွားတယ်ဆိုတဲ့ သတင်းတွေကို ကြားနေရပါတယ်။ ဒါက နိုင်ငံရေးအရ တဘက်နဲ့တဘက် အပြန်အလှန်အညိုးထားသတ်ဖြတ်တဲ့ ကိစ္စအပြင် သာမန်ခိုးဆိုးလုယက်မှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ ငြိမ်ဝပ်ပိပြားမှုနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေ ဘယ်လိုရှိပါသလဲ။ အကြမ်းဖျဉ်း၊ အကျဉ်းရုံးလေး အရင်ပြောပြပါ။

ဖြေ ။ ။ ကျနော်ကတော့ စိုးရိမ်တာတခု ရှိတယ်။ ၂၀၂၁ မှာ အာဏာသိမ်းပြီးတော့ ဆန္ဒတွေပြကြတယ်။ အဲဒီမှာ အဲဒီလိုဆန္ဒပြကောင်းလားဆိုပြီး ပစ်သတ်တဲ့အဆင့်၊ အကြမ်းဖက်တာတွေ၊ စစ်တပ်ကနေ ရိုက်တာနှက်တာ၊ အိမ်တွေဝင်ရှာတာတွေ အဲဒီလိုလုပ်တာတွေအပြင်၊ အဆိုးဆုံးကတော့ ကိုဗစ်ကို ပစ်ထားလိုက်တာပဲ။ သေကြ၊ ဆေးလည်းဝယ်လို့မရဘူး၊ အောက်ဆီဂျင်လည်း ရှာမရဘူး။ ရှိတဲ့ အောက်ဆီဂျင်တွေလည်း အကုန်ယူသွားတယ်။ ပြောချင်တာက အဲဒီမှာ တနေ့ကို လူနှစ်ထောင်ကျော်သေတယ်။ လက်စားချေတာပေါ့။ မင်းတို့ လုပ်ကြကွာ၊ သေကြကွာဆိုတဲ့ အဲဒီလိုသဘောမျိုးကိုလည်း အခုတခါ ပြန်သုံးလာပြန်ပြီလား။ ငါတို့ကို ဒီလောက်တောင် ပြောပြီးတိုက်၊ နင်တို့က ဟိုဟာတွေကိုအားပေး၊ ငါတို့ကို မျိုးစုံနဲ့လုပ်။ ငါတို့ကလဲ ငါတို့နိုင်တဲ့ဘက်ကနေ မင်းတို့ကို အကာအကွယ်မပေးဘူးကွာ။ မင်းတို့ပြည်သူလူထုဆိုတဲ့ လူတွေကို အကာအကွယ်မပေးဘူး။ မင်းတို့ ဘာတတ်နိုင်လဲ။ အဲဒီလို လက်စားချေတဲ့သဘောမျိုး ဖြစ်လာတာ။ ကျနော် အလွန်စိုးရိမ်တယ်။ အဲဒါကိုတော့ ကျနော် ပဏာမပြောချင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အဲဒီလို သူတို့ နိုင်ငံရေးအားဖြင့် လက်စားချေရလောက်အောင် ပြည်သူ့ရဲ့တပ်ဖွဲ့လေ။ ပြည်သူ့ရဲ့တပ်ဖွဲ့ကို တိုက်ရိုက်ညွှန်ကြားထားတာ မင်းတို့မလုပ်နဲ့၊ မလိုက်နဲ့ ဒီဟာကို ပစ်ထားလိုက်လို့ ပြောလို့ရပါ့မလား။ ပြည်သူ့ရဲ့တပ်ဖွဲ့က တာဝန်သိသိနဲ့ လုပ်ဆောင်ဖို့ မသင့်ဘူးလား။

ဖြေ ။ ။ အဲဒါက ညွှန်ကြားစရာ မလိုဘူးဗျ။ ခေါင်းတော်ညိတ် စိတ်တော်သိ ဆိုသလို အလိုလိုသိတာပေါ့။ သူတို့ ဘာပဲစစ်တပ်က လိုလားသလဲဆိုတာ။ နိုင်ငံရေးအရ လက်စားချေတာတွေ၊ PDF တွေ မီးနဲ့ရှို့ပြီးတော့ လုပ်တာတွေ၊ ကချင်လိုနေရာမျိုးတွေမှာ ဗုံးကျဲပစ်တာတွေ။ ရခိုင်မှာ ဒီအတိုင်းပဲ။ အဲဒီပေါ် အာရုံစိုက်နေပြီးတော့ ရှိသမျှတပ်တွေ အင်အားတွေ အဲဒီကိုအကုန်သွားတော့ ဒီမှာ ပစ်ထားသလို ဖြစ်တဲ့အခါကြတော့၊ ဘယ်သူကိုမှ အရေးယူတာ မရှိဘူး။ မင်းတို့ရှိတဲ့ နယ်မြေတွေမှာ ဒီလိုတွေဖြစ်တယ်။ မင်းတို့မှာလဲ တာဝန်ရှိတယ်။ မင်းတို့ကို ဒါတွေနဲ့ ပတ်သက်လို့ အရေးယူမှု တစုံတရာ လုံးဝမရှိဘူး။

မေး ။ ။ ဆိုတော့ နောက်တခု ဒီဟာကို တဆက်တည်းမေးဖို့ သတိရတာက တချို့ကထောက်ပြကြတယ်။ ထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီတော့ ရာဇဝတ်သားတွေကို လွှတ်တယ်ဆိုပြီးတော့ ပြောကြတယ်။ ဒါကိုလဲ တချို့က နိုင်ငံရေးရည်မှန်းချက်လို့ ပြောကြတယ်။ ဒါက သာမန်လူတွေ ပြောကြတာ။ ဦးကြီးမြင့်က ဥပဒေပညာရှင် ရှေ့နေကြီးတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ရာဇဝတ်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်တယ်ဆိုတဲ့ကိစ္စကို ကန့်ကွက်စရာ ရှိပါသလား။ လူမှုရေးအရ ကြိုဆိုပါသလား။ တခုခု မှတ်ချက်ပေးပါ။

ဖြေ ။ ။ သူက ဒီလိုဗျ - တလောက အင်တာဗျူးတခုမှာ ထောင်မှူးကြီး ဦးခင်မောင်မြင့် - တရားလွှတ်တော်ရှေ့နေလည် ဖြစ်တယ်။ သူ ပြောတဲ့သဘောကတော့ ဒီအကျဉ်းသားတွေကို လွှတ်တာဟာ ထောင်တွေမှာ လူတွေသိပ်များနေတဲ့အခါ လုပ်ရိုးလုပ်စဉ်ပါပဲ။ မူးယစ်ဆေးဝါးမှုတွေ၊ တော်ရုံတန်ရုံ အသေးအဖွဲအမှုတွေ။ ဒါပေမဲ့ အဲဒီလို လွှတ်တဲ့ထဲမှာ စနစ်တကျလွှတ်ရတယ်။ သူတို့ကို ထောင်ဗူးဝကြီးကနေ မလွှတ်ရဘူး။ ထောင်ဘေးကနေ လွှတ်ပြီးတော့၊ သူတို့ကို နောက်ကြောင်းရာဇဝင်တွေကို လိုက်ပြီးတော့ သက်ဆိုင်ရာရဲစခန်းတွေကို အကြောင်းကြားထားလိုက်ရတယ်။ မင်းတို့ အဲဒီလူတွေတော့ လွှတ်လိုက်ပြီ၊ အဲဒီလူတွေနဲ့ ပတ်သက်လို့ သတင်းကို ဘယ်လိုပို့ရမယ်။ ဘယ်လိုစောင့်ကြည့်ရမယ်ဆိုတဲ့ဟာတွေ တခါတည်းပါရတယ်။ အခု အဲဒီလမ်းညွှန်ချက်တွေ မပါဘဲနဲ့ ဘေးကနေလွှတ်ပြီးတော့ သွားတော့ကွာဆိုပြီး လွှတ်လိုက်တော့ ရာဇဝတ်မှုတွေ ပိုများစေတယ်။ တကယ်ကြတော့ လွှတ်တာဟာ လုပ်ပုံကြတယ်။ သို့သော် လွှတ်ပုံလွှတ်နည်းနဲ့ နောက်ကလုပ်ထုံးလုပ်နည်းတွေ မလိုက်နာတာ၊ လိုက်နာအောင် မလုပ်တာက အပြစ်ရှိတယ်လို့ ဦးခင်မောင်မြင့်က အဲဒီလိုပြောတယ်။ သူက ထောင်မှူးကြီးဘဝကလာတော့ ဒါကိုတော့ ကျနော်က တော်တော်လေး - အစတုန်းကတော့ အစိုးရက တမင်သတ်သတ် ဆူပူအောင်လုပ်တယ်၊ တမင်သတ်သတ် လုပ်နေတယ်ဆိုတဲ့အမြင်ကေတော့ လျော့သွားတယ်။ သို့သော် သူပြောလိုက်တဲ့အခါကြမှ ဘာမှနောက်ကွယ်က လိုက်ရမယ့် Supporting မလုပ်ဘူးဆိုတော့ အဲဒီလို ဆူပူမှုတွေဖြစ်စေအောင် အားပေးသလို ဖြစ်သွားတာပေါ့။

မေး ။ ။ နောက်တခုက မြို့တွင်းမှာ ဆိုးဝါးတဲ့ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်တဲ့ကိစ္စတွေပါတော့ ရေးကြတယ်။ လူတွေဟာ စီးပွားရေးအားဖြင့် ငတ်ပြတ်လာတဲ့အတွက်ကြောင့် ခိုးဆိုးလုယက်တဲ့လူတွေလည်း များလာတယ်ဆိုတော့ စီးပွားရေး ကျဆင်းနေမှုကိုလည်း ထောက်ပြကြတယ်ဆိုတော့ အဲဒီကိစ္စကိုလည်း ဘယ်လိုမြင်ပါသလဲ။ အဲဒါ ဟုတ်ပါသလား။

ဖြေ ။ ။ စီးပွားရေးပျက်တယ်ဆိုပေမယ်လို့ ထိရောက်တဲ့ အရေးယူမှု ရှိတယ်ဆိုရင် ဘယ်သူမှမလုပ်ရဘူး။ နို့မို့ဆိုရင် အလကားနေ လူလိုက်သတ်နေမှာပေါ့။ အခုတောင် နည်းနည်းသတ်စတောင်ပြုနေပြီ။ ဘာဖြစ်လို့လဲဆိုရင် ခိုးဆိုးနှိုက်တွေနဲ့ လူသတ်သမား၊ မုဒိမ်းသမားတွေကို ကြိုးပေးတာ မရှိဘူး။ ၁၉၈၈ နောက်ပိုင်းကစပြီးတော့ အခုထိ မရှိဘူး။ နိုင်ငံရေးသမားကိုသာ ကြိုးပေးတာ။ အဲဒီတော့ ခိုးဆိုနှိုက်တွေက သိနေတယ်။ သူတို့ကို မသတ်ဘူးဆိုတာ သိနေတော့ ဒါလဲ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူးပေါ့။ လူသတ်မှုသုံးခုဖြစ်တာ အခုပဲ မသေမချင်း ကြိုးကွင်းစွပ်သတ်စေဆိုပြီး တရားရုံးကအမိန့်ချပြီး (၁၅) မိနစ်အတွင်းမှာပဲ သူကိုထုတ်လာတာ၊ သူ့အမေကစောင့်နေတာ ကျနော်မကြာခင်ပြန်လာမှာပြောတာ၊ အဲဒီလောက်အတင့်ရဲကြတာ။ အခုလဲ သူတို့ကဗိုလ်ပဲ၊ ထောင်မင်းသားတွေ။ ကြည်လင်းတို့တွေက ထောင်မင်းသားတွေ။ အဲဒီလိုရှိတယ်။

မေး ။ ။ အဲဒီတော့ တရားစီရင်ရေးကရော ဒီကိစ္စကို ဘာမှထိထိရောက်ရောက် အရေးမယူနိုင်ဘူးလား။ အဲဒီလို ပြောရလောက်အောင် ဘယ်လောက်တောင် လျော့ရဲနေပြီလဲ။

ဖြေ ။ ။ အဲဒီလူတွေက ထောင်ထဲမှာတင် တွင်ကျယ်နေတာ။ ကျနော်က ထောင်ထဲက ထွက်လာတဲ့လူတွေကို မေးကြည့်တဲ့အခါမှာ သူတို့ကို ပြန်ကြောက်နေရတယ်။ သူတို့က အရမ်းသြဇာရှိနေတဲ့သဘော။ သူတို့က အချိန်မရွေး သတ်ပြစ်နိုင်တယ်။ အဲဒီလိုရှိတယ်။ ပြောချင်တာကတော့ တရားစီရင်ရေးက စစ်အုပ်ချုပ်ရေးအောက်ကို ရောက်နေတာ။ စစ်တပ်အောက်ရောက်နေတာ။ တရားစီရင်ရေးက အမည်ခံပဲ ရှိတယ်။ အဲဒါကြောင့် မျှော်လင့်ချက် မရှိဘူးဆိုတဲ့နေရာမှာ အကြောင်းမဲ့ပြောတာ မဟုတ်ဘူး။ နောက်တခုက အချုပ်ပြန်ပြောရရင် မနေ့တနေ့က ဘာဖြစ်သွားလဲဆိုရင် ဘတ်စ်ကားပေါ်မှာ လူခြောက်ယောက် တက်လာတယ်။ ပလေကပ်လုံချည်တွေ ကောင်းကောင်းမွန်မွန် ဝတ်စားထားပြီးတော့ တယ်လီဖုန်းတွေ၊ ပိုက်ဆံတွေ ယူသွားပြီးတော့ သံလမ်းမှတ်တိုင်မှာ ဆင်းတယ်။ ရဲစခန်းကိုမောင်းပါလို့ ဘယ်သူမှ မတောင်းဆိုကြဘူး။ ကားသမားကလည်း မှတ်တိုင်ကို ဆက်သွားတယ်။ ကားသမားကလည်း ရဲစခန်းကို မမောင်းဘူး။ အဲဒီတော့ ပြောချင်တာက ဘတ်စ်ကားပေါ်တက်ပြီးတော့ ဝတ်ကောင်းစားကောင်းနဲ့ ဓါးပြတိုက်တယ်ဆိုတာ ငတ်လို့တော့ မဟုတ်ဘူး။ နောက်တချက်က ဘာလဲဆိုတော့ မင်္ဂလာတောင်ညွှန့် မန္တလေးလမ်းက ဆရာလင်မယားကို သတ်သွားတာဆိုရင် အသေးစိတ်ထုတ်ပြန်ရမယ်။ အခုထိ အသေးစိတ်မထုတ်ပြန်ဘူး။ နောက်တခါ ပန်းပဲတန်းလိုဟာမျိုး။ ၂၆ လမ်းလိုဟာမျိုးမှာ ဝင်ပြီးတော့လုသွားတယ်။ အင်မတန်လူစည်းကားတဲ့နေရာတွေ။ ဒါတွေကို ထိထိရောက်ရောက် သတင်းစာရှင်းလင်းပွဲတွေ လုပ်ပေးရမယ်။ သတင်းစာတွေမှာ ဖော်ပြရမယ်။ ဖမ်းတာတွေ လုပ်ပြရမယ်။

အခု PDF တယောက် မိပြီဆိုရင် သတင်းစာရှင်းလင်းပွဲနဲ့ MRTV, မြဝတီတို့မှာထည့်။ ရာဇဝတ်သားတွေနဲ့ ပတ်သတ်လို့တော့ ဘာမှမရှိဘူး။ အဲဒါကိုက ရာဇဝတ်မှုကို နှိမ်နင်းနေတယ်။ ထိရောက်စွာလုပ်နေတယ်။ အများပြည်သူသိအောင်၊ ကြောက်လန့်အောင်လုပ်ဖို့ ပျက်ကွက်နေတာဟာ သဘောရိုးမှ ဟုတ်ရဲ့လား။ ဒါကိုလဲ မေးခွန်းထုတ်စရာ ရှိတာပေါ့။

မေး ။ ။ နိုင်ငံရေးနဲ့ ဆက်စပ်လပါပြီ။ သူတို့ဟာ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတော့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ဒီရာဇဝတ်မှုတွေ ကင်းရှင်းပြီးတော့ မြို့ပြငြိမ်ဝပ်ပိပြားရေး၊ အများပြည်သူငြိမ်ဝပ်ပိပြားမှုက တရားဥပဒေ စိုးမိုးမှုက အဓိကမကျဘူးလားဆိုတော့။ သူတို့ ဒီလိုလုပ်စေချင်တဲ့ သဘောထားရှိနေရင် သူတို့ရွေးကောက်ပွဲအတွက် နာမည်မပျက်နိုင်ဘူးလား။ ရွေးကောက်ပွဲ ဖြစ်လာမယ့်အခြေအနေကို အဟန့်အတား မဖြစ်နိုင်ဘူးလားဆိုတာလဲ စဉ်းစားစရာ ဖြစ်နေတာပေါ့။ သူတို့က အဲဒါကို မတွက်ဘူးလား။ ရွေးကောက်ပွဲအတွက် အတားအဆီးပဲဆိုတာကို။

ဖြေ ။ ။ ပြည်တွင်းကိုလောက်ကိုတော့ ပျင်းတယ်။ ရယ်စရာပဲ။ ပြည်ပတောင်မှ ကုလသမဂ္ဂကို လှမ်းကန့်ကွက်၊ ကုလသမဂ္ဂကို တရားမဝင်ဘူးပြောလို့ပြော၊ အာဆီယံကို ပမာမခန့်လုပ်။ အဲဒီတော့ ပြောချင်တာကတော့ သူတို့လုပ်ချင်တဲ့ဟာကို စစ်တပ်ပီပီ၊ စစ်တိုက်သလိုတိုက်တာ။ ဒီတောင်ကုန်ကိုရအောင် သိမ်းမယ်ဆိုရင် ဘာပဲဖြစ်သွားဖြစ်သွား အဲဒီတောင်ကုန်ကို ရဖို့က အရေးကြီးတယ်။ ကျန်တာလာမပြောနဲ့ ဒီတောင်ကုန်ကိုရဖို့။ အဲဒီဟာတခုပဲ သူတို့သိတယ်။ ဒါကြောင့်မို့ ရွေးကောက်ပွဲကိုလည်း မဖြစ်ဖြစ်အောင်လုပ်မှာ။ ဘယ်လိုနည်းနဲ့ ဖြစ်မယ်ဆိုတာကို ပထမဦးဆုံး ပိတ်ရက်ကို လုပ်ရမယ့် မြို့ကြီးတွေမှာလုပ်မယ်။ အင်အားပြမယ်။ မလုပ်ဘဲ ကန့်လန့်ကန့်လန့်ကောင်တွေကို ခေါ်မယ်၊ သတ်ပြစ်မယ်။ နောက်တခါ ဒုတိယအရစ်မှာ အဲဒီအင်အားစုတွေကို ခေါ်သွားပြီးတော့ ဒုတိယအရစ်မှာလုပ်မယ်။ အဲဒီမှာ နှစ်ရစ်လောက်လုပ်လိုက်တဲ့အခါမှာ အစိုးရဖွဲ့နိုင်ပြီ။ ဖြစ်တဲ့နည်းနဲ့ လုပ်ပြီးတော့ ခင်များ အသိအမှတ်ပြုပြုမပြုပြု၊ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတွေထဲက သူ့ဘက်ပါတဲ့နိုင်ငံတွေက ပြုမှာပေါ့။ ကမ္ဘာကြီးမှာ တချို့ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲနဲ့ လုပ်တယ်ဆိုရင် ပြီရောဆိုတာ၊ ရွေးကောက်ပွဲက ဘယ်လိုရွေးကောက်ပွဲလဲဆိုတဲ့ဟာက အဲဒီလောက်အထိ မလိုက်တော့ဘူး။ ကန့်လန့်တိုက်မယ် လူတွေကလည်း ဟိုဘက်က တောင်းဆိုတာ ရှိကြတယ်။ သူတို့မှာ အင်အားနဲ့ဘာနဲ့ အီရန်၊ ဗင်နီဇွဲလားတို့ - အဲဒါကြောင့်မို့ သူတို့က ရွေးကောက်ပွဲအတွက်ကတော့ လုံးဝပူပန်နေမှာ မဟုတ်ဘူးဆိုတာကို ကျနော် အတိအလင်းပြောတယ်။

မေး ။ ။ အဲဒီတော့ ဘယ်လောက်အထိ အဆိုးဆုံးကို ပြည်သူလူထုက မျှော်လင့်ရမလဲ။

ဖြေ ။ ။ အဆိုးဆုံးကတော့ လစ်ဗျာပဲ။ ကျနော်တို့က လစ်ဗျာလိုဖြစ်မှာ။ ဆီရီးယားလိုတော့ မဖြစ်ဘူး။ ဆီရီးယားကတော့ အင်အားကြီးနိုင်ငံရဲ့ တပ်တွေက အဲဒီထဲဝင်နေတာ။ ကျနော်တို့နိုင်ငံကတော့ အဲဒီလို အင်အားကြီးနိုင်ငံတွေရဲ့ တပ်တွေ ဝင်မနေတော့၊ ကျနော်တို့က ဒုတိယလစ်ဗျာ ဖြစ်မှာ။

မေး ။ ။ အဲဒါက အဆိုးဆုံး Worst case scenario ပေါ့။ အကောင်းဆုံးကိုလည်း မျှော်လင့်ကြည့်ပါအုံး။ The best case scenario ဘယ်လို ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ အကောင်းဆုံးမျှော်လင့်နိုင်တာကတော့ အနည်းဆုံးဖြစ်နေလို့ ပြောရမှာတောင် အားနာတယ်။ အဲဒါကတော့ လွတ်မြောက်ရေးနယ်မြေတွေ များများဖြစ်လာပြီးတော့ အဲဒီနယ်မြေတွေကို တိုးချဲ့ခြင်းအားဖြင့် ကျနော်တို့က အားလုံးကို လွတ်မြောက်သွားအောင်ပဲ။ သို့သော် အဲဒါရဲ့ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကိုတော့ ကျနော်လည်း မပြောတတ်ဘူး။ လွတ်မြောက်နယ်မြေတွေ ဖြစ်လာပြီး၊ ညီညွှတ်မှုက အဓိကပဲ။ အဲဒါကိုတော့ တော်တော်ကြီးကို မျှော်လင့်လို့လည်းရတယ်။ ကြာညောင်းနိုင်တာလဲ ရှိတာပေါ့။ အဲဒီမှတပါး ဒီဘက်ကထွက်လမ်း မရှိဘူး။

XS
SM
MD
LG