သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးအက်ဳိးေဆာင္ ေရွ႕ေနတခ်ဳိ႕ ဖမ္းဆီးခံရ


YWAT NU AUNG တရားလႊတ္ေတာ္ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ (ယခင္မွတ္တမ္းဓာတ္ပံု)

ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ ဖမ္းဆီးတရားစြဲခံရတဲ့ ႏိုင္ငံေရးလႈပ္ရွားသူေတြ တတ္ႂကြလႈပ္ရွားသူေတြရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနေတြကို စစ္ေကာင္စီက ဖမ္းဆီး အက်ပ္ကိုင္ဖိအားေပးေနတာေတြရွိေနတယ္လို႔ ေရွေနအသိုင္းအဝိုင္းကေျပာၾကပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ သတင္း ကိုရဲမြန္ က ေျပာျပပါမယ္။

လူ႔အခြင့္အေရးအက်ဳိးေဆာင္ ေရွ႕ေနတခ်ဳိ႕ ဖမ္းဆီးခံရ

{{Zawgyi/Unicode}}

ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ ဖမ္းဆီးတရားစြဲခံရတဲ့ ႏိုင္ငံေရးလႈပ္ရွားသူေတြ တတ္ႂကြလႈပ္ရွားသူေတြရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနေတြကို စစ္ေကာင္စီက ဖမ္းဆီး အက်ပ္ကိုင္ဖိအားေပးေနတာေတြရွိေနတယ္လို႔ ေရွေနအသိုင္းအဝိုင္းကေျပာၾကပါတယ္။ ဒီ သီတင္းပတ္အတြင္းမွာပဲ ႏိုင္ငံေရးအမႈလိုက္ေရွေန ၁၀ဦးထက္မနည္း ဖမ္းဆီးခံခဲ့ရၿပီး၊ သူတို႔ကို ဘယ္မွာထားၿပီး စစ္ေမးေနတာေတြကိုလည္း မသိၾကရပါဘူး။ ရန္ကုန္က ေပးပို႔တဲ့ သတင္း ကိုရဲမြန္ က ေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္းမႈအေပၚ ဆန႔္က်င္ဆႏၵျပသူေတြနဲ႔ အတိုက္အခံလုပ္ေနသူေတြကို စစ္ေကာင္စီက ပုဒ္မ အမ်ိဳးမ်ိဳးတပ္ၿပီး ဖမ္းဆီးေထာင္ခ်တာေတြ ဆက္တိုက္ လုပ္ေနသလိုပဲ၊ ႏိုင္ငံေရးအမႈေတြကို လိုက္ပါ ေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနေတြကိုလည္း ဖိအားေပးတာအျပင္ ဖမ္းဆီးမႈေတြပါ ရွိလာေနပါတယ္။ ရန္ကုန္တိုင္းအတြင္းမွာ ဒီတပတ္အတြင္း ေရွ႕ေန ၃ဦးထပ္မနည္းဖမ္းခံရၿပီး၊ သူတို႔ကို ဘယ္မွာ ထိမ္းသိမ္းထားလဲဆိုတာေတာင္ မသိရဘူးလို႔ ေရွ႕ေနတဦးက ဗြီအိုေအကို ေျပာပါတယ္။

"ရန္ကုန္ဘက္မွာ ၃ေယာက္ေလာက္ဖမ္းတယ္ေျပာတယ္။ လက္ရွိစစ္ေၾကာေရးဝင္ေနတာေထာင္ေရာက္မလာေသးဘူး။ ဖမ္းတာပဲသိတယ္ ။ ဘယ္ေနရာ စစ္ေၾကာေရးဝင္လဲ ဆရာတို႔ မသိဘူး။ အမ်ိဳးသမီး ၂ေယာက္ အမ်ိဳးသား တေယာက္ဆိုတာဘဲသိတယ္။ အေသးစိတ္ နာမည္စာရင္းမရေသးဘူး။ မသိေသးဘူးဆိုတာက ပြင့္ပြင့္လင္းလင္းေျပာရရင္ ဆရာတို႔က ဘယ္သူဘယ္သူ နာမည္မတပ္တာက သက္ဆိုင္ရာ လုံၿခဳံေရးငဲ့ေနရတယ္။မိသားစုဝင္ေတြကိုပါ ေနာက္ဆက္တြဲ ဖမ္းတာအေရးယူတာရွိတယ္။ ဒီအခ်ိန္မွာ အေသးစိတ္ထုတ္ျပန္ေပးလို႔မရဘူး"

ေနာက္ဆုံးသိရတဲ့သတင္းေတြအရ မႏၲေလးဘက္မွာလည္း ဒီတပတ္အတြင္းမွာ ေရွ႕ေန ၄ဦးထပ္မံ အဖမ္းခံရတယ္လို႔သိရပါတယ္။ ဖမ္းဆီးခံရသူေတြနဲ႔ပတ္သတ္လို႔ ေရွ႕ေနတဦးကခုလိုေျပာျပလာတာပါ။

"႐ြက္ႏုေအာင္ေနာက္ကို ၄ေယာက္ဖမ္းထားတာ။ ဖမ္းေတာ့ ေရွ႕ေနေတြေတာ္ေတာ္မ်ားမ်ားပါဝါႏႈတ္ကုန္ၾကရတယ္။ ေၾကာက္လို႔။ ဆရာေဇာ္ကိုလိုက္ေပးတဲ့ ကိုတင္ဝင္းေအာင္ဖမ္းခံရၿပီ။ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ႏွိပ္စက္တယ္ေျပာတယ္။ သူကေဒါက္တာျမင့္ႏိုင္နဲ႔ပန္ဒါ ( ေဝမိုးေအာင္)ကိုလည္းလိုက္ေတာ့ ေတာ္ေတာ္ႏွိပ္စက္ခံရတယ္ေျပာတယ္။ နံပါတ္ ၁ကေတာ့ အၿငိဳးနဲ႔ျဖစ္မွာေပါ့။ သူတို႔ရန္သူေတြကိုလိုက္ေပးေနတယ္ဆိုတာမ်ိဳးရွိမွာေပါ့။ ေနာက္အလကားလိုက္ေပးေတာ့ သူတို႔ကို႐ြဲ႕တယ္ေပါ့။ ေနာက္တခုကေတာ့ ဒါအားမေကာင္းတာကိုျပတာေပါ့။ ေသြး႐ူးေသြးတန္းနဲ႔ မဲမဲျမင္အကုန္ကိုက္တဲ့သေဘာ"

ဒီေရွ႕ေနေတြဟာလည္း မႏၲေလး အိုးဘိုအက်ဥ္းေထာင္တြင္း တရား႐ုံးကေန အမႈလိုက္ ၿပီးအျပန္မွာ ဖမ္းခံရတာပါ။ ဖမ္းခံရသူေတြကေတာ့ ေရွ႕ေန ဦးတင္ဝင္းေအာင္နဲ႔ သူ႔ဇနီး ေရွ႕ေန ေဒၚသဲစုႏိုင္၊ ေဒၚခင္သန္းေဌး ေရွ႕ေန ဦးသုတ တို႔ျဖစ္တယ္လို႔သိရပါတယ္။

မႏၲေလးမွာၿပီးခဲ့တဲ့ ဧၿပီ ၈ ရက္က ေတာင္သူ လယ္သမားေတြဘက္ကေန အမႈလိုက္ပါေဆာင္႐ြက္ေပး ေလ့ရွိ တဲ့ ေရွ႕ေန ဦးစည္သူကို သူ႔ေနအိမ္မွာ ႐ိုက္ႏွက္ခံရၿပီး အၾကမ္းဖက္ဥပေဒ ပုဒ္မနဲ႔အမႈတပ္စြဲဆိုခဲ့ပါတယ္။

ေရွ႕ေနဦးစည္သူေနာက္မွာေတာ့ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္အပါအဝင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ေခါင္းေဆာင္မ်ားဘက္မွ အမႈလိုက္ေပးေနတဲ့ ေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ ကို စစ္ေကာင္စီဘက္က ထပ္မံဖမ္းဆီးခဲ့ၿပီး သူ႔ကိုလည္း ေထာင္တသက္ထိ ျပစ္ဒဏ္ခ်မွတ္ခံရႏိုင္တဲ့ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပါ ေငြေၾကးေထာက္ပံ့ျခင္းဆိုင္ရာ ပုဒ္မ ၅၀ (ည) နဲ႔တရားစြဲဆိုထားပါတယ္။

အိုးဘိုေထာင္ အထူးတရား႐ုံးတရားခြင္မ်ားက အျပန္ ဖမ္းဆီးခံရမႈနဲ႔ ႏိုင္ငံေရး အမႈလိုက္ေပးေနတဲ့သူေတြ ဖမ္းခံေနရတာမို႔ ေရွ႕ေနတခ်ိဳ႕ဟာ ႏိုင္ငံေရး အမႈလက္ခံလိုက္ပါေဆာင္႐ြက္ေပးဖို႔ စိုးရိမ္လာၾကပါတယ္။ တခ်ိဳ႕ေရွ႕ေနေတြကေတာ့ အိုးဘိုေထာင္အထူးတရား႐ုံး တရားခြင္ကို မလာဝံ့တဲ့အထိ ျဖစ္လာတယ္လို႔ ေရွေနအသိုင္းအဝိုင္းက ေျပာပါတယ္။

ၿပီးခဲ့တဲ့လကလည္း စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕မွာNLD အစိုးရ လက္ထက္စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ရဲ႕ အမႈကို လိုက္ပါေဆာင္႐ြက္ေနတဲ့ ေရွ႕ေန ဦးမိုးေဇာ္ထြန္း အပါအဝင္ ေရွ႕ေနသုံးဦး အဖမ္းခံခဲ့ရပါတယ္။ ေနာက္ထပ္ ေရွ႕ေန ႏွစ္ဦးထပ္မနည္းလည္း လိုက္လံဖမ္းဆီးလို႔ တိမ္းေရွာင္ေနရတယ္လို႔ နီးစပ္သူေတြကဆိုပါတယ္။
ေရွ႕ေနေတြ ဖမ္းခံရတာနဲ႔ပတ္သတ္လို႔ ေရွ႕ေနတဦးကေတာ့ ခုလိုမွတ္ခ်က္ေပးပါတယ္။

"ဥပေဒအရ ခုခံပိုင္ခြင့္လိုသူဟာ ရာဇဝတ္မႈ ျဖစ္ေကာင္းျဖစ္မယ္။ ႏိုင္ငံေရး အမႈလည္းပါခ်င္ပါမယ္။ ဘယ္အမႈဘဲျဖစ္ျဖစ္ ဥပေဒအရ ခုခံဖို႔လိုေနသူေတြကို ခုခံပိုင္ခြင့္ရေအာင္လုပ္ေပးရတာေရွ႕ေနအလုပ္ျဖစ္တယ္။ အဲဒီလိုလိုက္ပါတာကို ပုဒ္မတခုခုတပ္ အေရးယူမယ္ဆိုရင္ေတာ့ ဒါကိုေတာ့ လက္မခံႏိုင္ဘူး။ တရားစီရင္ေရးစနစ္ တရားဥပေဒခ်ိဳးေဖာက္တာျဖစ္တယ္လို႔ျမင္ပါတယ္။ ဒီလိုမဟုတ္ဘဲ ေရွ႕ေနတေယာက္က ေရွ႕ေနအလုပ္မလုပ္ဘဲ တက္ႂကြလႈပ္ရွားသူအလုပ္လုပ္တယ္။ သူ႔ယုံၾကည္ခ်က္အရ တရားစြဲဆိုခံရတာဆိုရင္ေတာ့ ဒီအေပၚမွာ ဆရာတို႔ဘာမွတ္ခ်က္မွမေပးလိုပါဘူး"

ေရွ႕ေနေတြ ဖမ္းဆီးခံရမႈနဲ႔ ပတ္သက္လို႔ အခုခ်ိန္ထိ စစ္ေကာင္စီဘက္က တစ္စုံတစ္ရာ ထုတ္ျပန္တာ မရွိပါဘူး။ စစ္ေကာင္စီျပန္ၾကားေရး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကိုလည္း ဗြီအိုေအက ၃ရက္တိုင္ ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖဆိုတာမရွိပါဘူး။

ရန္ကုန္ မႏၲေလးအျပင္ ရွမ္းျပည္နယ္ ေနာင္ခ်ိဳနဲ႔ ကခ်င္ျပည္နယ္ တို႔ေတြမွာပါ ႏိုင္ငံေရး အမႈလိုက္ေရွ႕ေနတခ်ိဳ႕ ဖမ္းဆီးခံရမႈရွိေနပါတယ္။ ဒီလူေတြကိုလည္း အၾကမ္းဖက္ ဥပေဒပုဒ္မေတြတပ္ၿပီး တရားစြဲထားပါတယ္။ အာဏာသိမ္းၿပီးကာလ တစ္ႏွစ္ေက်ာ္အတြင္းမွာ ဖမ္းဆီးခံထားရတဲ့ ေရွ႕ေနစုစုေပါင္း ၂၀ ေက်ာ္ေလာက္ ရွိၿပီလို႔ ေရွ႕ေနအသိုင္းအဝိုင္းကေန သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................................

လူ့အခွင့်အရေးအကျိုးဆောင် ရှေ့နေတချို့ ဖမ်းဆီးခံရ

{{Zawgyi/Unicode}}

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖမ်းဆီးတရားစွဲခံရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ တတ်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို စစ်ကောင်စီက ဖမ်းဆီး အကျပ်ကိုင်ဖိအားပေးနေတာတွေရှိနေတယ်လို့ ရှေနေအသိုင်းအဝိုင်းကပြောကြပါတယ်။ ဒီ သီတင်းပတ်အတွင်းမှာပဲ နိုင်ငံရေးအမှုလိုက်ရှေနေ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး၊ သူတို့ကို ဘယ်မှာထားပြီး စစ်မေးနေတာတွေကိုလည်း မသိကြရပါဘူး။ ရန်ကုန်က ပေးပို့တဲ့ သတင်း ကိုရဲမွန် က ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ အတိုက်အခံလုပ်နေသူတွေကို စစ်ကောင်စီက ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက် လုပ်နေသလိုပဲ၊ နိုင်ငံရေးအမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကိုလည်း ဖိအားပေးတာအပြင် ဖမ်းဆီးမှုတွေပါ ရှိလာနေပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ဒီတပတ်အတွင်း ရှေ့နေ ၃ဦးထပ်မနည်းဖမ်းခံရပြီး၊ သူတို့ကို ဘယ်မှာ ထိမ်းသိမ်းထားလဲဆိုတာတောင် မသိရဘူးလို့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

"ရန်ကုန်ဘက်မှာ ၃ယောက်လောက်ဖမ်းတယ်ပြောတယ်။ လက်ရှိစစ်ကြောရေးဝင်နေတာထောင်ရောက်မလာသေးဘူး။ ဖမ်းတာပဲသိတယ် ။ ဘယ်နေရာ စစ်ကြောရေးဝင်လဲ ဆရာတို့ မသိဘူး။ အမျိုးသမီး ၂ယောက် အမျိုးသား တယောက်ဆိုတာဘဲသိတယ်။ အသေးစိတ် နာမည်စာရင်းမရသေးဘူး။ မသိသေးဘူးဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ဆရာတို့က ဘယ်သူဘယ်သူ နာမည်မတပ်တာက သက်ဆိုင်ရာ လုံခြုံရေးငဲ့နေရတယ်။မိသားစုဝင်တွေကိုပါ နောက်ဆက်တွဲ ဖမ်းတာအရေးယူတာရှိတယ်။ ဒီအချိန်မှာ အသေးစိတ်ထုတ်ပြန်ပေးလို့မရဘူး"

နောက်ဆုံးသိရတဲ့သတင်းတွေအရ မန္တလေးဘက်မှာလည်း ဒီတပတ်အတွင်းမှာ ရှေ့နေ ၄ဦးထပ်မံ အဖမ်းခံရတယ်လို့သိရပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ပတ်သတ်လို့ ရှေ့နေတဦးကခုလိုပြောပြလာတာပါ။

"ရွက်နုအောင်နောက်ကို ၄ယောက်ဖမ်းထားတာ။ ဖမ်းတော့ ရှေ့နေတွေတော်တော်များများပါဝါနှုတ်ကုန်ကြရတယ်။ ကြောက်လို့။ ဆရာဇော်ကိုလိုက်ပေးတဲ့ ကိုတင်ဝင်းအောင်ဖမ်းခံရပြီ။ တော်တော်ပြင်းပြင်းထန်ထန်နှိပ်စက်တယ်ပြောတယ်။ သူကဒေါက်တာမြင့်နိုင်နဲ့ပန်ဒါ ( ဝေမိုးအောင်)ကိုလည်းလိုက်တော့ တော်တော်နှိပ်စက်ခံရတယ်ပြောတယ်။ နံပါတ် ၁ကတော့ အငြိုးနဲ့ဖြစ်မှာပေါ့။ သူတို့ရန်သူတွေကိုလိုက်ပေးနေတယ်ဆိုတာမျိုးရှိမှာပေါ့။ နောက်အလကားလိုက်ပေးတော့ သူတို့ကိုရွဲ့တယ်ပေါ့။ နောက်တခုကတော့ ဒါအားမကောင်းတာကိုပြတာပေါ့။ သွေးရူးသွေးတန်းနဲ့ မဲမဲမြင်အကုန်ကိုက်တဲ့သဘော"

ဒီရှေ့နေတွေဟာလည်း မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ အမှုလိုက် ပြီးအပြန်မှာ ဖမ်းခံရတာပါ။ ဖမ်းခံရသူတွေကတော့ ရှေ့နေ ဦးတင်ဝင်းအောင်နဲ့ သူ့ဇနီး ရှေ့နေ ဒေါ်သဲစုနိုင်၊ ဒေါ်ခင်သန်းဌေး ရှေ့နေ ဦးသုတ တို့ဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမှာပြီးခဲ့တဲ့ ဧပြီ ၈ ရက်က တောင်သူ လယ်သမားတွေဘက်ကနေ အမှုလိုက်ပါဆောင်ရွက်ပေး လေ့ရှိ တဲ့ ရှေ့နေ ဦးစည်သူကို သူ့နေအိမ်မှာ ရိုက်နှက်ခံရပြီး အကြမ်းဖက်ဥပဒေ ပုဒ်မနဲ့အမှုတပ်စွဲဆိုခဲ့ပါတယ်။

ရှေ့နေဦးစည်သူနောက်မှာတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဘက်မှ အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဒေါ်ရွက်နုအောင် ကို စစ်ကောင်စီဘက်က ထပ်မံဖမ်းဆီးခဲ့ပြီး သူ့ကိုလည်း ထောင်တသက်ထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ ပုဒ်မ ၅၀ (ည) နဲ့တရားစွဲဆိုထားပါတယ်။

အိုးဘိုထောင် အထူးတရားရုံးတရားခွင်များက အပြန် ဖမ်းဆီးခံရမှုနဲ့ နိုင်ငံရေး အမှုလိုက်ပေးနေတဲ့သူတွေ ဖမ်းခံနေရတာမို့ ရှေ့နေတချို့ဟာ နိုင်ငံရေး အမှုလက်ခံလိုက်ပါဆောင်ရွက်ပေးဖို့ စိုးရိမ်လာကြပါတယ်။ တချို့ရှေ့နေတွေကတော့ အိုးဘိုထောင်အထူးတရားရုံး တရားခွင်ကို မလာဝံ့တဲ့အထိ ဖြစ်လာတယ်လို့ ရှေနေအသိုင်းအဝိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့မှာNLD အစိုးရ လက်ထက်စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးမိုးဇော်ထွန်း အပါအဝင် ရှေ့နေသုံးဦး အဖမ်းခံခဲ့ရပါတယ်။ နောက်ထပ် ရှေ့နေ နှစ်ဦးထပ်မနည်းလည်း လိုက်လံဖမ်းဆီးလို့ တိမ်းရှောင်နေရတယ်လို့ နီးစပ်သူတွေကဆိုပါတယ်။
ရှေ့နေတွေ ဖမ်းခံရတာနဲ့ပတ်သတ်လို့ ရှေ့နေတဦးကတော့ ခုလိုမှတ်ချက်ပေးပါတယ်။

"ဥပဒေအရ ခုခံပိုင်ခွင့်လိုသူဟာ ရာဇဝတ်မှု ဖြစ်ကောင်းဖြစ်မယ်။ နိုင်ငံရေး အမှုလည်းပါချင်ပါမယ်။ ဘယ်အမှုဘဲဖြစ်ဖြစ် ဥပဒေအရ ခုခံဖို့လိုနေသူတွေကို ခုခံပိုင်ခွင့်ရအောင်လုပ်ပေးရတာရှေ့နေအလုပ်ဖြစ်တယ်။ အဲဒီလိုလိုက်ပါတာကို ပုဒ်မတခုခုတပ် အရေးယူမယ်ဆိုရင်တော့ ဒါကိုတော့ လက်မခံနိုင်ဘူး။ တရားစီရင်ရေးစနစ် တရားဥပဒေချိုးဖောက်တာဖြစ်တယ်လို့မြင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရှေ့နေတယောက်က ရှေ့နေအလုပ်မလုပ်ဘဲ တက်ကြွလှုပ်ရှားသူအလုပ်လုပ်တယ်။ သူ့ယုံကြည်ချက်အရ တရားစွဲဆိုခံရတာဆိုရင်တော့ ဒီအပေါ်မှာ ဆရာတို့ဘာမှတ်ချက်မှမပေးလိုပါဘူး"

ရှေ့နေတွေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ အခုချိန်ထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။ စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဗွီအိုအေက ၃ရက်တိုင် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ရန်ကုန် မန္တလေးအပြင် ရှမ်းပြည်နယ် နောင်ချိုနဲ့ ကချင်ပြည်နယ် တို့တွေမှာပါ နိုင်ငံရေး အမှုလိုက်ရှေ့နေတချို့ ဖမ်းဆီးခံရမှုရှိနေပါတယ်။ ဒီလူတွေကိုလည်း အကြမ်းဖက် ဥပဒေပုဒ်မတွေတပ်ပြီး တရားစွဲထားပါတယ်။ အာဏာသိမ်းပြီးကာလ တစ်နှစ်ကျော်အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ ရှေ့နေစုစုပေါင်း ၂၀ ကျော်လောက် ရှိပြီလို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

XS
SM
MD
LG