သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနရပ္ျပန္လိုတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအနာဂတ္ မေရရာေသး


ကမၻာ့ဒုကၡသည္မ်ားေန႔အထိမ္းအမွတ္အျဖစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ စုေဝးဆႏၵျပေနပံု။ (ဓာတ္ပံု ကိုေအာင္ၿမိဳင္-ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္ (၇))

[[Zawgyi/Unicode]]

ေနရပ္ျပန္လိုတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအနာဂတ္ မေရရာေသး

“ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲမွာ ဆက္မေနခ်င္ေတာ့ဘူး။ က်ေနာ္ က်မတို႔ကို အျမန္ဆုံးအိမ္ျပန္ပို႔ေပးပါ၊ အတူအိမ္ျပန္ၾကပါစို႔” လို႔ “ LETS’ GO HOME” လူထုလႈပ္ရွားမႈကေန သိန္းခ်ီတဲ့႐ိုဟင္ဂ်ာေတြ ကမာၻ႔ဒုကၡသည္မ်ားေန႔ က်ေရာက္တဲ့ ၿပီးခဲ့တဲ့သီတင္းပတ္ထဲ စုေဝးဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။ စိန္ေခၚမႈအခက္ခဲမ်ိဳးစုံနဲ႔ ပိတ္ပင္ကန႔္သတ္ခံထားရတဲ့ ဒီဒုကၡသည္စခန္းေတြထဲေနရတဲ့ဘဝက တကယ့္ငရဲပါ လို႔႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံကို ျပန္ခြင့္ရခဲ့ရင္ေရာ သူတို႔ေမွ်ာ္လင့္ထားသေလာက္ ေရရာတဲ့အနာဂတ္ လုံၿခဳံစိတ္ခ်မႈေပးစြမ္းႏိုင္တဲ့ အာမခံခ်က္ေတြရႏိုင္ပါ့မလားလို႔ ေမးခြန္းထုတ္ေနၾကပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားေဒသက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးမွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဗြီအိုေအျမန္မာပိုင္းက မဆုမြန္ ေမးျမန္းစုစည္းတင္ျပထားပါတယ္။

ကမာၻ႔အႀကီးဆုံး ဒုကၡသည္စခန္းလို႔ တင္စားေခၚေဝၚခဲ့ၾကတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားေဒသထဲက သိန္းခ်ီတဲ့႐ိုဟင္ဂ်ာေတြ ခိုလႈံေနထိုင္ရာ ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းအသီးသီးက ဒုကၡသည္ေတြဟာ ၂၀၁၉ ခုႏွစ္ေနာက္ပိုင္း လူတသိန္းေလာက္ဆႏၵျပပြဲႀကီးေနာက္ပိုင္း ဘဂၤလားအစိုးရက-လူစုလူေဝးခြင့္ပိတ္ပင္ခဲ့ၿပီးတဲ့ေနာက္ ကိုဗစ္ကာလအတြင္း ပထမဆုံးအႀကိမ္ ေသာင္းခ်ီစုေဝးၿပီး လူစုလူေဝးနဲ႔ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ ကမာၻ႔ဒုကၡသည္မ်ားေန႔အထိမ္းအမွတ္အႀကိဳေန႔ ဇြန္လ ၁၉ ရက္နဲ႔ ဇြန္လ ၂၀ ရက္ေတြမွာ ဒုကၡသည္စခန္းတိုင္းမွာ လူေသာင္းခ်ီစုေဝးၿပီး ႏွစ္ရက္ဆက္တိုက္ဆႏၵျပခဲ့ၾကတာပါ။

( ေအာ္ဟစ္ေႂကြးေၾကာ္သံမ်ား-)

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ရခိုင္မွာျဖစ္ခဲ့တဲ့ လူမ်ိဳးေရး၊ ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္ ပဋိပကၡေတြရဲ႕ ေနာက္ပိုင္း စစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္ေဘးက စိုးရိမ္ရလို႔ ေဒသခံ ရခိုင္ျပည္သူေတြေရာ မြတ္စလင္ေတြပါ ေဘးလြတ္ရာကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရၿပီး အဲဒီထဲက ႐ိုဟင္ဂ်ာမြတ္စလင္ ၇ သိန္းေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားၾကတာပါ။ အခုဆိုရင္ေတာ့ ဒုကၡသည္ဦးေရက ၁၀ သိန္းအထိ တိုးလာၿပီး အဲဒီ ဘဂၤလားေဒ့ရွ္ စခန္းေတြထဲမွာ ေနထိုင္ခိုလႈံခဲ့ၾကရတာ ငါးႏွစ္ေက်ာ္ရွိလာၿပီ ျဖစ္ေပမယ့္လို႔ သူတို႔ေနရပ္ရင္းျပန္ဖို႔က မေရမရာ အနာဂတ္ကလည္း မေသမခ်ာ ျဖစ္ေနဆဲပါ။

ဒီလိုသိန္းခ်ီတဲ့ ဒုကၡသည္ေတြရဲ႕ အနာဂတ္ အထူးသျဖင့္ လူမမည္ကေလးငယ္ေလးေတြနဲ႔ လူငယ္ေလးေတြရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ေနၿပီး ဘာမွ ေရရာမႈမရွိ ေမွးမွိန္ေနဆဲမို႔ အိမ္ျပန္ခ်င္ၿပီလို႔ ေျပာလာသူကေတာ့ ကုတုပေလာင္ ဒုကၡသည္စခန္း အမွတ္ (၅)မွာ ခိုလႈံေနထိုင္သူ ဦးေမာင္ေမာင္ျဖစ္ပါတယ္။

“က်ေနာ္တို႔ ဒုကၡသည္စခန္းထဲမွာ ဒုကၡသည္ဘဝနဲ႔ ဘယ္လိုမွကို ဆက္ၿပီးမေနခ်င္လို႔ပါ။ က်ေနာ္တို႔ ျမန္မာႏိုင္ငံကိုပဲ ျပန္ခ်င္တာပါ။ က်ေနာ္တို႔ရဲ႕ မူရင္းႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံကိုပဲ ျပန္ခ်င္တယ္။ ဆက္ၿပီးေတာ့ မေနခ်င္ဘူး။ ဘာျဖစ္လို႔မေနခ်င္ဘူးလဲဆိုရင္ လုံးဝကို မေနခ်င္ဘူး။ လူေတြက ဒီမွာ တဘဝလုံးေနမယ္ဆိုရင္ ဘဝက ဘာမွကို ထူးျခားမွာလည္း မဟုတ္ပါဘူး။”

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြထဲမွာ ဆက္မေနခ်င္ေတာ့ဘူး။ အျမန္ဆုံးအိမ္ျပန္ပို႔ေပးပါ အိမ္ျပန္ခ်င္ၿပီဆိုတဲ့“ LETS’ GO HOME” လူထုလႈပ္ရွားမႈရဲ႕ ႐ိုဟင္ဂ်ာဒုကၡသည္ေတြစုေဝး ေတာင္းဆိုခ်က္ေတြထဲက တခ်ိဳ႕ကိုလည္း လႈပ္ရွားမႈမွာ ကိုယ္တိုင္ပါဝင္ခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေမာင္ေမာင္က ဗြီအိုေအျမန္မာပိုင္းကို အခုလို ေျပာျပပါတယ္။

“ေနာက္ ျမန္မာအစိုးရဘက္က အဓိက က်ေနာ္တို႔ေတာင္းဆိုထားတဲ့ ေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာဖို႔လိုအပ္တယ္။ အဓိက ဒုကၡသည္မ်ားရဲ႕ေတာင္းဆိုခ်က္ကေတာ့ က်ေနာ္တို႔၏ ႐ိုဟင္ဂ်ာဒုကၡသည္မ်ားရဲ႕ ေမြးရာပါ ႏိုင္ငံသားျဖစ္ခြင့္ေပးရမည္။ ေနာက္ က်ေနာ္တို႔အတြက္ လုံၿခဳံေရးအာမခံခ်က္ ေပးရမယ္။ ေနာက္တခုက ႏိုင္ငံသားဥပေဒ ၁၉၈၂ ဥပေဒကို ဖ်က္သိမ္းေပးရမည္။ ေနာက္ ရခိုင္ျပည္နယ္ထဲရွိတဲ့ IDP ဒုကၡသည္စခန္းေတြကို ဖ်က္သိမ္းေပးၿပီးေတာ့ မူလေနရာေတြမွာ ျပန္ေနရာခ်ေပးရပါမယ္။ ေနာက္ ရခိုင္ျပည္နယ္ထဲမွာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားနဲ႔ မီဒီယာမ်ားကို အကန႔္အသတ္ဝင္ခြင့္ေပးရမည္။ ေနာက္ ၾကားစခန္းဆိုၿပီး ေဆာက္ထားတယ္။ အဲ့ဒီ့ၾကားစခန္းမွာ က်ေနာ္တို႔မေနဘူး က်ေနာ္တို႔ေနခဲ့ၾကတဲ့ ေက်း႐ြာေတြကိုပဲ သြားေနၾကမယ္။ က်ေနာ္တို႔ပိုင္ဆိုင္ခဲ့တာေတြကို ျပန္ပိုင္ခြင့္ေပးရပါမယ္။ ေနာက္ဆုံးအေနနဲ႔ အခုျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ ျပည္သူလူထုကို ညႇင္းပမ္းႏွိပ္စက္တယ္၊ ဖမ္းဆီးတယ္၊ မတရားစြပ္စြဲမႈေတြနဲ႔ ဖမ္းဆီးေထာင္က်တယ္။ အဲ့သလိုမ်ိဳးလုပ္ေနတာေတြကို သူတို႔ အျမန္ဆုံးရပ္တန႔္ေပးရပါမယ္။”

ေန႔စဥ္ဘဝ ေနထိုင္သြားလာလႈပ္ရွားမႈေတြ တင္းက်ပ္ပိတ္ပင္ကန႔္သတ္ခံထားရတဲ့ ဒီဒုကၡသည္စခန္းေတြထဲ ေနရတာက တကယ့္ငရဲပါ အိမ္ပဲျပန္ခ်င္ပါတယ္လို႔ဆိုခဲ့ၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ လက္ရွိစစ္အာဏာသိမ္းခံထားရဆဲ သူတို႔ေနရပ္ရင္းျမန္မာႏိုင္ငံကို ျပန္ခြင့္ရရင္ေရာ သူတို႔ေမွ်ာ္လင့္ထားသေလာက္ ေရရာတဲ့အနာဂတ္ လုံၿခဳံစိတ္ခ်မႈ ေပးစြမ္းႏိုင္တဲ့ အာမခံခ်က္ေတြရႏိုင္ပါ့မလား။ ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္ (၇) မွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္ရဲ႕သုံးသပ္ခ်က္ကေတာ့-

“က်ေနာ္တို႔အခုျမန္မာႏိုင္ငံရဲ႕အေနအထားကိုၾကည့္မယ္ဆိုလို႔ရွိရင္ အခုဒီအခ်ိန္ ဒီအခါမွာ သူတို႔က ဘယ္သူ႔ကိုမွ မလြတ္ဘူး။ ဒီစစ္ေကာင္စီဘက္က ဒီတျပည္လုံးမွာ မီးရွႈိ႕မႈေတြ၊ သတ္ျဖတ္မႈေတြ၊ အဲ့လိုေတြ ေတြ႕ေနရတယ္။ အဲ့လိုေတြကို က်ေနာ္တို႔လည္း မလိုလားပါဘူး။ ကိုယ့္ျမန္မာႏိုင္ငံသားအခ်င္းခ်င္းပါပဲ။ ႐ိုဟင္ဂ်ာေတြကိုလည္း လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ လုပ္ၿပီးၿပီ။ အခုလည္း ျမန္မာတႏိုင္ငံလုံးမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ သူတို႔လုပ္ေနတယ္။ ၿပီးေတာ့ တိုင္းရင္းသားအားလုံးလည္းပါတယ္။ ျမန္မာတႏိုင္ငံလုံးက မိဘျပည္သူေတြကို နည္းမ်ိဳးစုံနဲ႔ အမ်ိဳးမ်ိဳး ညႇင္းပမ္းႏွိပ္စက္ၿပီးေတာ့ စစ္ေၾကာေရးေတြမွာဆိုလည္း သတ္ျဖတ္တာ၊ မီးရွႈိ႕တာ လုပ္ေနတာ။ ဒါေတြကို ကမာၻ႔အသိုင္းအဝိုင္းအေနနဲ႔လည္း တာဝန္ယူမႈ၊ တာဝန္ခံမႈ လိုပါတယ္။ အခုဆို ယူကရိန္းကို အာ႐ုံစိုက္ေနတယ္။ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို သိပ္ၿပီးေတာ့ အေလးမထားတဲ့ပုံစံမ်ိဳး က်ေနာ္တို႔ျမင္တယ္။ ဒါေၾကာင့္ ကမာၻၾကီးအေနနဲ႔ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕အေျခအေန ႐ိုဟင္ဂ်ာေတြအပါအဝင္ တိုင္းရင္းသားအားလုံး ျမန္မာႏိုင္ငံတြင္းက ျပည္သူလူထုအားလုံးကို အေလးထားဖို႔၊ ကမာၻႀကီးအေနနဲ႔ ရတဲ့နည္းလမ္းနဲ႔ကူညီေဆာင္႐ြက္ေပးဖို႔ က်ေနာ္တို႔က လိုလားပါတယ္။”

တကယ္ေတာ့ ျမန္မာျပည္ကေျပးလာတဲ့သိန္းခ်ီ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဘဂၤလားေဒ့ရွ္က လက္ခံေပးထားၿပီး ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအလႉရွင္ေတြ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ လူသားခ်င္းစာနာမႈဆိုင္ရာ ကူညီေထာက္ပံ့လႉဒါန္းမႈေတြနဲ႔ ရပ္တည္ေနထိုင္ေနၾကရတာပါ။ ေရရွည္သူတို႔အတြက္ အခက္အခဲစိန္ေခၚမႈမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနရတဲ့အထဲ ႐ိုဟင္ဂ်ာေတြ မိသားစုလိုက္ စုၿပဳံေနထိုင္ရာ ဒုကၡသည္စခန္းေတြထဲက သူတို႔ခိုလႈံတဲ့ေနရာေတြက- အခုခ်ိန္အထိ ယာယီ႐ြက္ဖ်င္တဲေလးေတြ၊ ေနာက္ ကုလက ေဆာက္လုပ္ေပးထားတဲ့ အုတ္ခံအေပၚယံ တဲအိမ္ေလးေတြမွာ ကေလးငယ္ေလးေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ သက္ႀကီး႐ြယ္အို အဘိုးအဘြားေတြနဲ႔ နာမက်န္းျဖစ္သူေတြဟာ စုၿပဳံႁပြတ္သိပ္ ေနၾကရတာပါ။ ေလဝင္ေလထြက္ မေကာင္းတဲ့အျပင္ တကိုယ္ေရ က်န္းမာေရးအတြက္ေရာ၊ မိုးေလျပင္းတဲ့ ရာသီဥတုဒဏ္ ခံႏိုင္ဖို႔ပါ ႀကံ့ခိုင္တဲ့အိမ္ေတြ မဟုတ္ဘူးလို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာျပပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာဇာတိ မိဘဘိုးဘြားစဥ္ဆက္ လယ္ယာလုပ္ငန္းကို လုပ္ကိုင္ခဲ့ၿပီး မူလတန္းျပ ေက်ာင္းဆရာတေယာက္ ျဖစ္တဲ့ လုခါလီဒုကၡသည္စခန္းအမွတ္(၉)မွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံေခၚ ဦးေက်ာ္ျမင့္က ဘဂၤလားမွာ သူတို႔ေန႔စဥ္ေနထိုင္ရပ္တည္ေနရတဲ့ ဒုကၡသည္ဘဝရဲ႕စိန္ေခၚမႈေတြကိုေျပာျပပါတယ္။

“လူမ်ိဳးတုန္းသတ္ျဖတ္ခံရၿပီး က်ေနာ္တို႔ကို ဘဂၤလားေဒ့ရွ္ဘက္ ေမာင္းထုတ္ခံရတာ အခုဆိုရင္ (၅)ႏွစ္ေက်ာ္သြားပါၿပီ။ ဒီဒုကၡသည္စခန္းေတြထဲမွာ ဒုကၡမ်ိဳးစုံနဲ႔ အခက္အခဲမ်ိဳးစုံနဲ႔ ခိုလႈံေနထိုင္ေနၾကရတာပါ။ ဒီမွာ သဘာဝေဘးအႏၲရာယ္ကလည္း အမ်ိဳးမ်ိဳးပါပဲ။ ေနာက္ က်ေနာ္တို႔ရဲ႕ မ်ိဳးဆက္သစ္လူငယ္ေတြ Generationေတြရဲ႕ ပညာေရး၊ က်န္းမာေရး အစစအရာရာေပါ့ က်ေနာ္တို႔ဆုံးရွႈံးခံေနရပါတယ္။ က်ေနာ္တို႔ဘဝေတြရဲ႕ တိုးတက္မႈဆိုတာကလည္း ဘာမွမရွိဘူး ေတာ္ေတာ္ေလးကို ဆိုးဆိုးဝါးဝါး က်ေနာ္တို႔က ခံစားရပါတယ္။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ကဒုကၡသည္ဘဝမွာ ဆက္လက္ၿပီးေတာ့ ဘယ္လိုမွကို မေနခ်င္ေတာ့ဘူး။ က်ေနာ္တို႔ရဲ႕ေနရပ္ရင္း ျမန္မာႏိုင္ငံကိုပဲ အျမန္ဆုံးျပန္ခ်င္ပါတယ္ခင္ဗ်ာ။ ဒါေပမဲ့လည္း က်ေနာ္တို႔ျပန္တဲ့အခ်ိန္မွာလည္း က်ေနာ္တို႔အတြက္ ေဘးကင္းလုံၿခဳံမႈရွိဖို႔ဆိုတာကလည္း အင္မတန္မွကို အေရးႀကီးျပန္ပါတယ္။ က်ေနာ္တို႔ေတြ ဂုဏ္သိကၡာရွိရွိနဲ႔ ေဘးကင္းလုံၿခဳံစြာျပန္ႏိုင္ေရးအတြက္ကိုလည္း က်ေနာ္တို႔ရဲ႕ အဓိက ေတာင္းဆိုခ်က္ေတြထဲမွာလည္း ပါဝင္ထားပါတယ္။ က်ေနာ္တို႔ရဲ႕ ျမန္မာျပည္သူျပည္သား ညီအကိုေမာင္ႏွမမ်ားကိုလည္း ေတာင္းဆိုခ်င္တာကေတာ့ တို႔ျမန္မာျပည္ကို တို႔ခ်စ္တယ္။ တို႔ျမန္မာျပည္ကိုလည္း ကာကြယ္ေပးလိုစိတ္ တို႔ေတြမွာ အၿမဲတမ္းရွိတယ္။ တို႔ျမန္မာျပည္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း အၿမဲတမ္းလိုလားတယ္။ အဲ့တာေၾကာင့္ က်ေနာ္တို႔က က်ေနာ္တို႔ရဲ႕ျမန္မာႏိုင္ငံကို ျပန္ခ်င္တယ္။ အခုလက္ရွိ ျမန္မာျပည္သူျပည္သားေတြ ခံစားေနၾကရတာကိုလည္း က်ေနာ္တို႔ေတြ အင္မတန္မွကို စိတ္မေကာင္းပါဘူး။ သူတို႔ေတြနဲ႔ က်ေနာ္တို႔ေတြက အတူတကြရပ္တည္ေၾကာင္းကိုလည္း တင္ျပခ်င္ပါတယ္ခင္ဗ်။”

ဒီ သိန္းခ်ီတဲ့ ဒုကၡသည္ေတြ ေနရပ္ရင္းျပန္လာႏိုင္ေရး ကုလသမဂၢ၊ ဘဂၤလားေဒ့ရွ္ အစိုးရတို႔နဲ႔ သေဘာတူညီမႈေတြ လက္မွတ္ေရးထိုးထားသလို ပူးေပါင္းလက္တြဲ လုပ္ေဆာင္ေနတယ္လို႔ အုပ္ခ်ဳပ္တဲ့အစိုးရအဆက္ဆက္ ျမန္မာအာဏာပိုင္ေတြဘက္ သတင္းထုတ္ျပန္ထားတာပါ ဒါေပမဲ့ ျပန္လည္လက္ခံေရးအစီအစဥ္ေတြကေတာ့ ေႏွာင့္ေႏွးေနဆဲျဖစ္ပါတယ္။

ဒီအေပၚ ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္(၇)မွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ႐ိုဟဘစ္ (RO HABIB) ကလည္း -

“က်ေနာ္တို႔႐ိုဟင္ဂ်ာေတြ အခု ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာေနရတာ (၅)ႏွစ္ရွိပါၿပီ က်ေနာ္တို႔ ျမန္မာႏိုင္ငံအစိုးရေတြက ခဏ ခဏ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ေဆြးေႏြးတယ္ က်ေနာ္တို႔ ဒုကၡသည္မ်ားကိုလည္း ခဏခဏေဆြးေႏြးတယ္။ သူတို႔အစည္းအေဝးေတြ လုပ္တယ္ အေျဖေတြလည္း ရွာေနတယ္။ ဘာမွာလည္း ျဖစ္မလာဘူး။ ဒါေၾကာင့္ က်ေနာ္တို႔႐ိုဟင္ဂ်ာလူမ်ိဳးေတြက ဒုကၡေတြ အမ်ိဳးမ်ိဳးေရာက္ေနတယ္။ က်ေနာ္တို႔ အိမ္ပဲျပန္ခ်င္တယ္ အိမ္ကိုပဲျပန္ခ်င္တယ္ GO HOME Campaign မွာ က်ေနာ္တို႔ အဓိက ေတာင္းဆိုခ်က္ကေတာ့ က်ေနာ္တို႔ကို လက္ခံတဲ့အခါ တာဝန္ယူမႈ တာဝန္ခံမႈရွိရမယ္ ေမြးရာပါႏိုင္ငံသားအခြင့္အေရးေပးရပါမယ္ ေနာက္ ႏိုင္ငံတကာနဲ႔ ဘဂၤလားအစိုးရနဲ႔ ပညာရွိတဲ့ ပညာတတ္႐ိုဟင္ဂ်ာေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးရပါမယ္ေပါ့။”

႐ိုဟင္ဂ်ာေတြရဲ႕ GO HOME လႈပ္ရွားမႈဟာ ၿပီးခဲ့တဲ့သီတင္းပတ္ ဇြန္လ ၁၄ရက္က ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိေတြ အြန္လိုင္းေဆြးေႏြးမႈလုပ္ၿပီး ႐ိုဟင္ဂ်ာတို႔အိမ္ျပန္ေရး-လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ စိစစ္ေဆာင္႐ြက္မႈ၊ ျပန္လည္ေနရာခ်ထားေရးနဲ႔ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္ေရးအတြက္ ယုံၾကည္မႈတည္ေဆာက္ေရး လုပ္ငန္းေတြနဲ႔ပတ္သက္လို႔ ေဆြးေႏြးခဲ့ၾကၿပီးတဲ့ေနာက္ ျဖစ္ေပၚလာခဲ့တာပါ။

ဗြီအိုေအျမန္မာပိုင္းက ဆက္သြယ္ေမးျမန္းခဲ့သမွ် ႐ိုဟင္ဂ်ာဒုကၡသည္ေတြကေတာ့ ဘယ္ႏိုင္ငံ ဘယ္ေဒသကိုမွ ခရီးမဆက္လိုဘဲ မိမိတို႔ ဘိုးဘြားစဥ္ဆက္ ေနထိုင္ရွင္သန္ခဲ့တဲ့ ရခိုင္ျပည္နယ္ ေနရပ္ရင္းကို ျပန္လိုၾကတာပါ။ ဒီလို ႐ိုဟင္ဂ်ာေတြက အိမ္ျပန္ခ်င္တယ္-သူတို႔အတြက္ လူ႔အခြင့္အေရးနဲ႔အညီ အာမခံခ်က္ေတြ တာဝန္ယူမႈ တာဝန္ခံမႈေတြရွိရမယ္ဆိုတဲ့ ေတာင္းဆိုခ်က္ေတြနဲ႔ စုေဝးေတာင္းဆိုဆႏၵျပေနေပမဲ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ ရွိတယ္ဆိုတဲ့ စြဲခ်က္ကို ျငင္းပယ္ၿပီး လက္ရွိ ICJ တရား႐ုံးမွာ ဆက္လက္တရားရင္ဆိုင္ေနဆဲ ျဖစ္ပါတယ္။
#Let'sGoHome #႐ိုဟင္ဂ်ာစုေဝးဆႏၵျပ #ကမၻာ့ဒုကၡသည္မ်ားေန႔ #ေကာ့ဇ္ဘဇား #ဆုမြန္ #ဗီြအိုေအ
===========

ေနရပ္ျပန္လိုတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအနာဂတ္ မေရရာေသး
please wait

No media source currently available

0:00 0:10:34 0:00

[[Unicode]]

နေရပ်ပြန်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအနာဂတ် မရေရာသေး

“ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ ဆက်မနေချင်တော့ဘူး။ ကျနော် ကျမတို့ကို အမြန်ဆုံးအိမ်ပြန်ပို့ပေးပါ၊ အတူအိမ်ပြန်ကြပါစို့” လို့ “ LETS’ GO HOME” လူထုလှုပ်ရှားမှုကနေ သိန်းချီတဲ့ရိုဟင်ဂျာတွေ ကမ္ဘာ့ဒုက္ခသည်များနေ့ ကျရောက်တဲ့ ပြီးခဲ့တဲ့သီတင်းပတ်ထဲ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ စိန်ခေါ်မှုအခက်ခဲမျိုးစုံနဲ့ ပိတ်ပင်ကန့်သတ်ခံထားရတဲ့ ဒီဒုက္ခသည်စခန်းတွေထဲနေရတဲ့ဘဝက တကယ့်ငရဲပါ လို့ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ မြန်မာနိုင်ငံကို ပြန်ခွင့်ရခဲ့ရင်ရော သူတို့မျှော်လင့်ထားသလောက် ရေရာတဲ့အနာဂတ် လုံခြုံစိတ်ချမှုပေးစွမ်းနိုင်တဲ့ အာမခံချက်တွေရနိုင်ပါ့မလားလို့ မေးခွန်းထုတ်နေကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် မေးမြန်းစုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသထဲက သိန်းချီတဲ့ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအသီးသီးက ဒုက္ခသည်တွေဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း လူတသိန်းလောက်ဆန္ဒပြပွဲကြီးနောက်ပိုင်း ဘင်္ဂလားအစိုးရက-လူစုလူဝေးခွင့်ပိတ်ပင်ခဲ့ပြီးတဲ့နောက် ကိုဗစ်ကာလအတွင်း ပထမဆုံးအကြိမ် သောင်းချီစုဝေးပြီး လူစုလူဝေးနဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ဒုက္ခသည်များနေ့အထိမ်းအမှတ်အကြိုနေ့ ဇွန်လ ၁၉ ရက်နဲ့ ဇွန်လ ၂၀ ရက်တွေမှာ ဒုက္ခသည်စခန်းတိုင်းမှာ လူသောင်းချီစုဝေးပြီး နှစ်ရက်ဆက်တိုက်ဆန္ဒပြခဲ့ကြတာပါ။

( အော်ဟစ်ကြွေးကြော်သံများ-)

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရခိုင်မှာဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေရဲ့ နောက်ပိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတာပါ။ အခုဆိုရင်တော့ ဒုက္ခသည်ဦးရေက ၁၀ သိန်းအထိ တိုးလာပြီး အဲဒီ ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲမှာ နေထိုင်ခိုလှုံခဲ့ကြရတာ ငါးနှစ်ကျော်ရှိလာပြီ ဖြစ်ပေမယ့်လို့ သူတို့နေရပ်ရင်းပြန်ဖို့က မရေမရာ အနာဂတ်ကလည်း မသေမချာ ဖြစ်နေဆဲပါ။

ဒီလိုသိန်းချီတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ် အထူးသဖြင့် လူမမည်ကလေးငယ်လေးတွေနဲ့ လူငယ်လေးတွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ပျောက်နေပြီး ဘာမှ ရေရာမှုမရှိ မှေးမှိန်နေဆဲမို့ အိမ်ပြန်ချင်ပြီလို့ ပြောလာသူကတော့ ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် (၅)မှာ ခိုလှုံနေထိုင်သူ ဦးမောင်မောင်ဖြစ်ပါတယ်။

“ကျနော်တို့ ဒုက္ခသည်စခန်းထဲမှာ ဒုက္ခသည်ဘဝနဲ့ ဘယ်လိုမှကို ဆက်ပြီးမနေချင်လို့ပါ။ ကျနော်တို့ မြန်မာနိုင်ငံကိုပဲ ပြန်ချင်တာပါ။ ကျနော်တို့ရဲ့ မူရင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုပဲ ပြန်ချင်တယ်။ ဆက်ပြီးတော့ မနေချင်ဘူး။ ဘာဖြစ်လို့မနေချင်ဘူးလဲဆိုရင် လုံးဝကို မနေချင်ဘူး။ လူတွေက ဒီမှာ တဘဝလုံးနေမယ်ဆိုရင် ဘဝက ဘာမှကို ထူးခြားမှာလည်း မဟုတ်ပါဘူး။”

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာ ဆက်မနေချင်တော့ဘူး။ အမြန်ဆုံးအိမ်ပြန်ပို့ပေးပါ အိမ်ပြန်ချင်ပြီဆိုတဲ့“ LETS’ GO HOME” လူထုလှုပ်ရှားမှုရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေစုဝေး တောင်းဆိုချက်တွေထဲက တချို့ကိုလည်း လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“နောက် မြန်မာအစိုးရဘက်က အဓိက ကျနော်တို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့လိုအပ်တယ်။ အဓိက ဒုက္ခသည်များရဲ့တောင်းဆိုချက်ကတော့ ကျနော်တို့၏ ရိုဟင်ဂျာဒုက္ခသည်များရဲ့ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ပေးရမည်။ နောက် ကျနော်တို့အတွက် လုံခြုံရေးအာမခံချက် ပေးရမယ်။ နောက်တခုက နိုင်ငံသားဥပဒေ ၁၉၈၂ ဥပဒေကို ဖျက်သိမ်းပေးရမည်။ နောက် ရခိုင်ပြည်နယ်ထဲရှိတဲ့ IDP ဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းပေးပြီးတော့ မူလနေရာတွေမှာ ပြန်နေရာချပေးရပါမယ်။ နောက် ရခိုင်ပြည်နယ်ထဲမှာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ မီဒီယာများကို အကန့်အသတ်ဝင်ခွင့်ပေးရမည်။ နောက် ကြားစခန်းဆိုပြီး ဆောက်ထားတယ်။ အဲ့ဒီ့ကြားစခန်းမှာ ကျနော်တို့မနေဘူး ကျနော်တို့နေခဲ့ကြတဲ့ ကျေးရွာတွေကိုပဲ သွားနေကြမယ်။ ကျနော်တို့ပိုင်ဆိုင်ခဲ့တာတွေကို ပြန်ပိုင်ခွင့်ပေးရပါမယ်။ နောက်ဆုံးအနေနဲ့ အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်တယ်၊ ဖမ်းဆီးတယ်၊ မတရားစွပ်စွဲမှုတွေနဲ့ ဖမ်းဆီးထောင်ကျတယ်။ အဲ့သလိုမျိုးလုပ်နေတာတွေကို သူတို့ အမြန်ဆုံးရပ်တန့်ပေးရပါမယ်။”

နေ့စဉ်ဘဝ နေထိုင်သွားလာလှုပ်ရှားမှုတွေ တင်းကျပ်ပိတ်ပင်ကန့်သတ်ခံထားရတဲ့ ဒီဒုက္ခသည်စခန်းတွေထဲ နေရတာက တကယ့်ငရဲပါ အိမ်ပဲပြန်ချင်ပါတယ်လို့ဆိုခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လက်ရှိစစ်အာဏာသိမ်းခံထားရဆဲ သူတို့နေရပ်ရင်းမြန်မာနိုင်ငံကို ပြန်ခွင့်ရရင်ရော သူတို့မျှော်လင့်ထားသလောက် ရေရာတဲ့အနာဂတ် လုံခြုံစိတ်ချမှု ပေးစွမ်းနိုင်တဲ့ အာမခံချက်တွေရနိုင်ပါ့မလား။ ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်ရဲ့သုံးသပ်ချက်ကတော့-

“ကျနော်တို့အခုမြန်မာနိုင်ငံရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင် အခုဒီအချိန် ဒီအခါမှာ သူတို့က ဘယ်သူ့ကိုမှ မလွတ်ဘူး။ ဒီစစ်ကောင်စီဘက်က ဒီတပြည်လုံးမှာ မီးရှှို့မှုတွေ၊ သတ်ဖြတ်မှုတွေ၊ အဲ့လိုတွေ တွေ့နေရတယ်။ အဲ့လိုတွေကို ကျနော်တို့လည်း မလိုလားပါဘူး။ ကိုယ့်မြန်မာနိုင်ငံသားအချင်းချင်းပါပဲ။ ရိုဟင်ဂျာတွေကိုလည်း လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ပြီးပြီ။ အခုလည်း မြန်မာတနိုင်ငံလုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ သူတို့လုပ်နေတယ်။ ပြီးတော့ တိုင်းရင်းသားအားလုံးလည်းပါတယ်။ မြန်မာတနိုင်ငံလုံးက မိဘပြည်သူတွေကို နည်းမျိုးစုံနဲ့ အမျိုးမျိုး ညှင်းပမ်းနှိပ်စက်ပြီးတော့ စစ်ကြောရေးတွေမှာဆိုလည်း သတ်ဖြတ်တာ၊ မီးရှှို့တာ လုပ်နေတာ။ ဒါတွေကို ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့လည်း တာဝန်ယူမှု၊ တာဝန်ခံမှု လိုပါတယ်။ အခုဆို ယူကရိန်းကို အာရုံစိုက်နေတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သိပ်ပြီးတော့ အလေးမထားတဲ့ပုံစံမျိုး ကျနော်တို့မြင်တယ်။ ဒါကြောင့် ကမ္ဘာကြီးအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့အခြေအနေ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားအားလုံး မြန်မာနိုင်ငံတွင်းက ပြည်သူလူထုအားလုံးကို အလေးထားဖို့၊ ကမ္ဘာကြီးအနေနဲ့ ရတဲ့နည်းလမ်းနဲ့ကူညီဆောင်ရွက်ပေးဖို့ ကျနော်တို့က လိုလားပါတယ်။”

တကယ်တော့ မြန်မာပြည်ကပြေးလာတဲ့သိန်းချီရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံပေးထားပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအလှူရှင်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့လှူဒါန်းမှုတွေနဲ့ ရပ်တည်နေထိုင်နေကြရတာပါ။ ရေရှည်သူတို့အတွက် အခက်အခဲစိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အထဲ ရိုဟင်ဂျာတွေ မိသားစုလိုက် စုပြုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေထဲက သူတို့ခိုလှုံတဲ့နေရာတွေက- အခုချိန်အထိ ယာယီရွက်ဖျင်တဲလေးတွေ၊ နောက် ကုလက ဆောက်လုပ်ပေးထားတဲ့ အုတ်ခံအပေါ်ယံ တဲအိမ်လေးတွေမှာ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ နာမကျန်းဖြစ်သူတွေဟာ စုပြုံပြွတ်သိပ် နေကြရတာပါ။ လေဝင်လေထွက် မကောင်းတဲ့အပြင် တကိုယ်ရေ ကျန်းမာရေးအတွက်ရော၊ မိုးလေပြင်းတဲ့ ရာသီဥတုဒဏ် ခံနိုင်ဖို့ပါ ကြံ့ခိုင်တဲ့အိမ်တွေ မဟုတ်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြပါတယ်။

ရခိုင်ပြည်နယ် မောင်တောဇာတိ မိဘဘိုးဘွားစဉ်ဆက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး မူလတန်းပြ ကျောင်းဆရာတယောက် ဖြစ်တဲ့ လုခါလီဒုက္ခသည်စခန်းအမှတ်(၉)မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံခေါ် ဦးကျော်မြင့်က ဘင်္ဂလားမှာ သူတို့နေ့စဉ်နေထိုင်ရပ်တည်နေရတဲ့ ဒုက္ခသည်ဘဝရဲ့စိန်ခေါ်မှုတွေကိုပြောပြပါတယ်။

“လူမျိုးတုန်းသတ်ဖြတ်ခံရပြီး ကျနော်တို့ကို ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခံရတာ အခုဆိုရင် (၅)နှစ်ကျော်သွားပါပြီ။ ဒီဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခမျိုးစုံနဲ့ အခက်အခဲမျိုးစုံနဲ့ ခိုလှုံနေထိုင်နေကြရတာပါ။ ဒီမှာ သဘာဝဘေးအန္တရာယ်ကလည်း အမျိုးမျိုးပါပဲ။ နောက် ကျနော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ Generationတွေရဲ့ ပညာရေး၊ ကျန်းမာရေး အစစအရာရာပေါ့ ကျနော်တို့ဆုံးရှှုံးခံနေရပါတယ်။ ကျနော်တို့ဘဝတွေရဲ့ တိုးတက်မှုဆိုတာကလည်း ဘာမှမရှိဘူး တော်တော်လေးကို ဆိုးဆိုးဝါးဝါး ကျနော်တို့က ခံစားရပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကဒုက္ခသည်ဘဝမှာ ဆက်လက်ပြီးတော့ ဘယ်လိုမှကို မနေချင်တော့ဘူး။ ကျနော်တို့ရဲ့နေရပ်ရင်း မြန်မာနိုင်ငံကိုပဲ အမြန်ဆုံးပြန်ချင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့လည်း ကျနော်တို့ပြန်တဲ့အချိန်မှာလည်း ကျနော်တို့အတွက် ဘေးကင်းလုံခြုံမှုရှိဖို့ဆိုတာကလည်း အင်မတန်မှကို အရေးကြီးပြန်ပါတယ်။ ကျနော်တို့တွေ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးအတွက်ကိုလည်း ကျနော်တို့ရဲ့ အဓိက တောင်းဆိုချက်တွေထဲမှာလည်း ပါဝင်ထားပါတယ်။ ကျနော်တို့ရဲ့ မြန်မာပြည်သူပြည်သား ညီအကိုမောင်နှမများကိုလည်း တောင်းဆိုချင်တာကတော့ တို့မြန်မာပြည်ကို တို့ချစ်တယ်။ တို့မြန်မာပြည်ကိုလည်း ကာကွယ်ပေးလိုစိတ် တို့တွေမှာ အမြဲတမ်းရှိတယ်။ တို့မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အမြဲတမ်းလိုလားတယ်။ အဲ့တာကြောင့် ကျနော်တို့က ကျနော်တို့ရဲ့မြန်မာနိုင်ငံကို ပြန်ချင်တယ်။ အခုလက်ရှိ မြန်မာပြည်သူပြည်သားတွေ ခံစားနေကြရတာကိုလည်း ကျနော်တို့တွေ အင်မတန်မှကို စိတ်မကောင်းပါဘူး။ သူတို့တွေနဲ့ ကျနော်တို့တွေက အတူတကွရပ်တည်ကြောင်းကိုလည်း တင်ပြချင်ပါတယ်ခင်ဗျ။”

ဒီ သိန်းချီတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ သဘောတူညီမှုတွေ လက်မှတ်ရေးထိုးထားသလို ပူးပေါင်းလက်တွဲ လုပ်ဆောင်နေတယ်လို့ အုပ်ချုပ်တဲ့အစိုးရအဆက်ဆက် မြန်မာအာဏာပိုင်တွေဘက် သတင်းထုတ်ပြန်ထားတာပါ ဒါပေမဲ့ ပြန်လည်လက်ခံရေးအစီအစဉ်တွေကတော့ နှောင့်နှေးနေဆဲဖြစ်ပါတယ်။

ဒီအပေါ် ကုတုပလောင်ဒုက္ခသည်စခန်း အမှတ်(၇)မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ရိုဟဘစ် (RO HABIB) ကလည်း -

“ကျနော်တို့ရိုဟင်ဂျာတွေ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေရတာ (၅)နှစ်ရှိပါပြီ ကျနော်တို့ မြန်မာနိုင်ငံအစိုးရတွေက ခဏ ခဏ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးတယ် ကျနော်တို့ ဒုက္ခသည်များကိုလည်း ခဏခဏဆွေးနွေးတယ်။ သူတို့အစည်းအဝေးတွေ လုပ်တယ် အဖြေတွေလည်း ရှာနေတယ်။ ဘာမှာလည်း ဖြစ်မလာဘူး။ ဒါကြောင့် ကျနော်တို့ရိုဟင်ဂျာလူမျိုးတွေက ဒုက္ခတွေ အမျိုးမျိုးရောက်နေတယ်။ ကျနော်တို့ အိမ်ပဲပြန်ချင်တယ် အိမ်ကိုပဲပြန်ချင်တယ် GO HOME Campaign မှာ ကျနော်တို့ အဓိက တောင်းဆိုချက်ကတော့ ကျနော်တို့ကို လက်ခံတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ် မွေးရာပါနိုင်ငံသားအခွင့်အရေးပေးရပါမယ် နောက် နိုင်ငံတကာနဲ့ ဘင်္ဂလားအစိုးရနဲ့ ပညာရှိတဲ့ ပညာတတ်ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရပါမယ်ပေါ့။”

ရိုဟင်ဂျာတွေရဲ့ GO HOME လှုပ်ရှားမှုဟာ ပြီးခဲ့တဲ့သီတင်းပတ် ဇွန်လ ၁၄ရက်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ အွန်လိုင်းဆွေးနွေးမှုလုပ်ပြီး ရိုဟင်ဂျာတို့အိမ်ပြန်ရေး-လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်မှု၊ ပြန်လည်နေရာချထားရေးနဲ့ မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဖြစ်ပေါ်လာခဲ့တာပါ။

ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့သမျှ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ ဘယ်နိုင်ငံ ဘယ်ဒေသကိုမှ ခရီးမဆက်လိုဘဲ မိမိတို့ ဘိုးဘွားစဉ်ဆက် နေထိုင်ရှင်သန်ခဲ့တဲ့ ရခိုင်ပြည်နယ် နေရပ်ရင်းကို ပြန်လိုကြတာပါ။ ဒီလို ရိုဟင်ဂျာတွေက အိမ်ပြန်ချင်တယ်-သူတို့အတွက် လူ့အခွင့်အရေးနဲ့အညီ အာမခံချက်တွေ တာဝန်ယူမှု တာဝန်ခံမှုတွေရှိရမယ်ဆိုတဲ့ တောင်းဆိုချက်တွေနဲ့ စုဝေးတောင်းဆိုဆန္ဒပြနေပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ်ဆိုတဲ့ စွဲချက်ကို ငြင်းပယ်ပြီး လက်ရှိ ICJ တရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။
#Let'sGoHome #ရိုဟင်ဂျာစုဝေးဆန္ဒပြ #ကမ္ဘာ့ဒုက္ခသည်များနေ့ #ကော့ဇ်ဘဇား #ဆုမွန် #ဗွီအိုအေ
===========

XS
SM
MD
LG