သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

LGBT အလှမယ်ပြိုင်ပွဲ ဗီယက်နမ်မယ် ပထမဆုဆွတ်ခူး


LGBT ဗီယက်နမ် အလှမယ် Nguyen Huong Giang (AFP)

လိင်ပြောင်းထားသူတွေရဲ့ ကမ္ဘာမှာ အကြီးဆုံးနဲ့ လူကြိုက်အများဆုံး အလှမယ်ပြိုင်ပွဲတခုကို မတ်လ ၉ ရက်နေ့ သောကြာနေ့က ထိုင်းနိုင်ငံ ပတ္တယားမြို့မှာကျင်းပခဲ့တော့ Vietname နိုင်ငံက Nguyen Houng Giang က Miss International Queen နိုင်ငံတကာ ဘုရင်မဆုကို ရရှိသွားပါတယ်။

အသက် ၂၇ နှစ်အရွယ် Ms Nguyen က ပထမနေရာရပြီး Australia နဲ့ Thai နိုင်ငံတို့က အလှမယ်တွေက ဒုတိယနဲ့ တတိယ အသီးသီးရှိကြပါတယ်။ ပြိုးပျက်လက် လှပတဲ့ ဝတ်စုံတွေနဲ့ အဲဒီပြိုင်ပွဲကို လိင်ပြောင်းထားသူတွေရဲ့ ကပွဲတွေပြုလုပ်တဲ့ Miss Tiffany ပြဇာတ်ရုံမှာ ကျင်းပခဲ့တာပါ။

အဲဒီလို အလှမယ်သရဖူ ဆွတ်ခူးနိုင်ဖို့ စင်မြင့်ပေါ် ယှဉ်ပြိုင်နေကြချိန်မှာ တဘက်ကလည်း LGBT လိင်တူချစ်သူတွေနဲ့ လိင်ပြောင်းထားသူတွေကို ခွဲခြား ဆက်ဆံတာတွေ မလုပ်ကြဖို့လည်း တောင်းဆိုသွားပါတယ်။

ထိုင်းနိုင်ငံရဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်တဲ့ ပတ္တယားမြို့မှာ ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာတာ ဒီနှစ်က ၂၃ ကြိမ်မြောက်ဖြစ်ပြီး ကမ္ဘာတလွှားက လိင်ပြုပြင်ထားသူတွေ ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။ ဒီပြိုင်ပွဲဟာ အခုလို လိင်ပြုပြင်ထားသူတွေရဲ့ အရည်အချင်းကို ထုတ်ဖော် ပြသနိုင်ဖို့ အခွင့်အရေး ဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။

LGBT အလှမယ်ပြိုင်ပွဲ ဗီယက်နမ်မယ် ပထမဆုဆွတ်ခူး
please wait

No media source currently available

0:00 0:00:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG