သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘုရင္မႀကီးကြယ္လြန္ၿပီးေနာက္ ကိုလိုနီစနစ္ကိုအေရးယူေရး ယခင္ကိုလိုနီနဲ႔ဓနသဟာယႏိုင္ငံတခ်ိဳ႕ ေတာင္းဆို  


ကြယ္လြန္သူ ၿဗိတိန္ဘုရင္မႀကီးအား လာေရာက္ဂါရဝျပဳၾကပံု။ Elizabeth (စက္တင္ဘာ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ၿဗိတိန္ဘုရင္မႀကီး ကြယ္လြန္သြားတဲ့အခ်ိန္မွာ ကိုလိုနီစနစ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ ကြၽန္စနစ္ေတြအေပၚ အေရးယူေဆာင္႐ြက္ဖို႔နဲ႔ ဌာေန တိုင္းရင္းသားေတြ အေပၚ ဖိႏွိပ္ထားခဲ့တာေတြအတြက္ တုံ႔ျပန္ေဆာင္႐ြက္ေပးဖို႔ ေတာင္းဆိုသံေတြ က ယခင္ ကိုလိုနီ ႏိုင္ငံတခ်ိဳ႕နဲ႔ ဓနသဟာယအဖြဲ႕ဝင္ ႏိုင္ငံတခ်ိဳ႕မွာ ထြက္ေပၚလာေနပါတယ္။

Australia ပါလီမန္မွာ အထက္လႊတ္ေတာ္အမတ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုတဲ့အခါ Greens ပါတီ က Lidia Thorpe ဟာ သူမရဲ႕ လက္သီးကိုဆုပ္၊ လက္ကိုေျမႇာက္ထားၿပီး ကန႔္ကြက္ က်မ္းသစၥာက်ိန္ဆိုခဲ့ပါတယ္။

ဘုရင္မႀကီး Elizabeth II ကို ကိုလိုနီဘုရင္မလို႔ ကင္ပြန္းတပ္လိုက္ပါတယ္။ လူသတ္သမားေရွ႕မွာ ဒူးေထာက္လိုက္ရသလိုပါပဲလို႔ သူမက ဆိုပါတယ္။ Canada ကေန Australia New Zeland အထိ ကာေရဘီယန္ တိုင္းျပည္ေတြ အပါအဝင္ ကိုလိုနီျဖစ္ခဲ့ရတဲ့ တိုင္းျပည္ေတြမွာ ကိုလိုနီ ဒဏ္ရာဒဏ္ခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုလာၾကၿပီး ႏိုင္ငံေတာ္အႀကီးအကဲအျဖစ္ထားရွိရတဲ့ ဘုရင္စနစ္ ကို ဖယ္ရွားဖို႔ ေတာင္းဆိုလာၾကပါတယ္။

ကမာၻတဝွမ္းမွာ မတရားမႈေတြ ျဖစ္ေနတာအေပၚ ျပည္သူလူထုက သိျမင္လာမႈ ျမင့္မားလာေနပါတယ္လို႔ ကေနဒါ ႏိုင္ငံ Ottawa တကၠသိုလ္ က ဌာေနတိုင္းရင္းသား Anishinaabe လူမ်ိဳး ပါေမာကၡ Veldon Coburn က ေျပာပါတယ္။ ကိုလိုနီ ကြၽန္ျပဳရာမွာ ဘုရင္စနစ္က ပါဝင္ခဲ့တဲ့အခန္းက႑အတြက္ ေတာင္းပန္ဖို႔ ေတာင္းဆိုသံေတြလည္း မ်ားျပားလာ‌ေနပါတယ္။

ကိုလိုနီစနစ္ ဆန႔္က်င္ေရး စိတ္ဓာတ္ ျမင့္မားေနၿပီး သမိုင္းေၾကာင္းအရ ရက္စက္မႈေတြအေပၚ ပိုမို သတိထားသိျမင္လာေနၾကတဲ့အျပင္ ဌာေနတိုင္းရင္းသားေတြ ရဲ႕ ယဥ္ေက်းမႈနဲ႔ အသိပညာေတြကို ပိုမို အသိအမွတ္ျပဳလာေနခ်ိန္မွာ သားေတာ္ ခ်ားလ္ မင္းသားဟာ တတိယ‌ေျမာက္ ခ်ားလ္ဘုရင္ အျဖစ္ နန္းတက္လာရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------

[[Unicode]]

ဘုရင်မကြီးကွယ်လွန်ပြီးနောက် ကိုလိုနီစနစ်ကိုအရေးယူရေး ယခင်ကိုလိုနီနဲ့ဓနသဟာယနိုင်ငံတချို့ တောင်းဆို

ဗြိတိန်ဘုရင်မကြီး ကွယ်လွန်သွားတဲ့အချိန်မှာ ကိုလိုနီစနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကျွန်စနစ်တွေအပေါ် အရေးယူဆောင်ရွက်ဖို့နဲ့ ဌာနေ တိုင်းရင်းသားတွေ အပေါ် ဖိနှိပ်ထားခဲ့တာတွေအတွက် တုံ့ပြန်ဆောင်ရွက်ပေးဖို့ တောင်းဆိုသံတွေ က ယခင် ကိုလိုနီ နိုင်ငံတချို့နဲ့ ဓနသဟာယအဖွဲ့ဝင် နိုင်ငံတချို့မှာ ထွက်ပေါ်လာနေပါတယ်။

Australia ပါလီမန်မှာ အထက်လွှတ်တော်အမတ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ Greens ပါတီ က Lidia Thorpe ဟာ သူမရဲ့ လက်သီးကိုဆုပ်၊ လက်ကိုမြှောက်ထားပြီး ကန့်ကွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ဘုရင်မကြီး Elizabeth II ကို ကိုလိုနီဘုရင်မလို့ ကင်ပွန်းတပ်လိုက်ပါတယ်။ လူသတ်သမားရှေ့မှာ ဒူးထောက်လိုက်ရသလိုပါပဲလို့ သူမက ဆိုပါတယ်။ Canada ကနေ Australia New Zeland အထိ ကာရေဘီယန် တိုင်းပြည်တွေ အပါအဝင် ကိုလိုနီဖြစ်ခဲ့ရတဲ့ တိုင်းပြည်တွေမှာ ကိုလိုနီ ဒဏ်ရာဒဏ်ချက်တွေကို ထုတ်ဖော်ပြောဆိုလာကြပြီး နိုင်ငံတော်အကြီးအကဲအဖြစ်ထားရှိရတဲ့ ဘုရင်စနစ် ကို ဖယ်ရှားဖို့ တောင်းဆိုလာကြပါတယ်။

ကမ္ဘာတဝှမ်းမှာ မတရားမှုတွေ ဖြစ်နေတာအပေါ် ပြည်သူလူထုက သိမြင်လာမှု မြင့်မားလာနေပါတယ်လို့ ကနေဒါ နိုင်ငံ Ottawa တက္ကသိုလ် က ဌာနေတိုင်းရင်းသား Anishinaabe လူမျိုး ပါမောက္ခ Veldon Coburn က ပြောပါတယ်။ ကိုလိုနီ ကျွန်ပြုရာမှာ ဘုရင်စနစ်က ပါဝင်ခဲ့တဲ့အခန်းကဏ္ဍအတွက် တောင်းပန်ဖို့ တောင်းဆိုသံတွေလည်း များပြားလာ‌နေပါတယ်။

ကိုလိုနီစနစ် ဆန့်ကျင်ရေး စိတ်ဓာတ် မြင့်မားနေပြီး သမိုင်းကြောင်းအရ ရက်စက်မှုတွေအပေါ် ပိုမို သတိထားသိမြင်လာနေကြတဲ့အပြင် ဌာနေတိုင်းရင်းသားတွေ ရဲ့ ယဉ်ကျေးမှုနဲ့ အသိပညာတွေကို ပိုမို အသိအမှတ်ပြုလာနေချိန်မှာ သားတော် ချားလ် မင်းသားဟာ တတိယ‌မြောက် ချားလ်ဘုရင် အဖြစ် နန်းတက်လာရတာ ဖြစ်ပါတယ်။

XS
SM
MD
LG