သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လီဆာမာရီပရက္စေလ ၅၄ ႏွစ္မွာ ကြယ္လြန္


ကယ္လီဖိုးနီးယားျပည္နယ္ ေဟာလိဝုဒ္မွာ က်င္းပခဲ့တဲ့ "Mad Max: Fury Road" ႐ုပ္ရွင္ဖြင့္ပြဲမွာေတြ႔ရတဲ့ အဆိုေတာ္ လီဆာမာရီပရက္စေလ (ေမ ၇၊ ၂၀၁၅)

Rock & Roll ဂီတဘုရင္လို႔တင္စားၾကတဲ့ အဆိုေတာ္ႀကီး အဲဗစ္စ္ ပရက္စေလ (Elvis Presley) ရဲ႕ တစ္ဦးတည္းေသာသမီး ေတးေရး ေတးဆို လီဆာမာရီပရက္စေလ (Lisa Marie Presley) ဟာ ၾကာသပေတးေန႔က ရုတ္တရက္ႏွလံုးေဖာက္ၿပီး အသက္ ၅၄ ႏွစ္အရြယ္မွာ ေသဆံုးသြားပါတယ္။

အေရးေပၚဖုန္းေၾကာင့္ အေရးေပၚက်န္းမာေရးအရာရွိေတြ ကယ္ဖီဖိုးနီးယားျပည္နယ္ရွိ သူ႔အိမ္ကို သြားေရာက္ၿပီး အေရးေပၚအသက္ကယ္ဖို႔ႀကိဳးစားၿပီး အနားက West Hills ေဆးရံုကို ေခၚသြားခဲ့ေပမဲ့ အသက္မကယ္ႏိုင္ခဲ့ဘူးလို႔ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕ ရဲဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

မိခင္ႀကီး ပရက္စလာလက္စလီ (Priscilla Lesley) ကလည္း ေခ်ာေမာလွပတဲ့ ခ်စ္သမီးေလး လီဆာပရက္စေလ အခုလို ရုတ္တရက္ခြဲခြာသြားခဲ့ရတဲ့အေပၚ အထူး ဝမ္းနည္းပူေဆြး ရပါတယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ လီဆာမာရီပရက္စေလဟာ စိတ္ခံစားမႈအျပည့္ရွိတဲ႔ ရဲရင့္ခိုင္မာသူလည္းျဖစ္တယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။

လီဆာမာရီပရက္စေလအေနနဲ႔ အဂၤါေန႔ကပဲက်င္းပခဲ့တဲ့ ေရႊကမာၻလံုးဆုေပးပြဲကို မိသားစုနဲ႔အတူ တက္ေရာက္ခဲ့ၿပီး၊ Elvis အမည္ရွိ ရုပ္ရင္ထဲ အေဖႀကီးပရက္စေလအျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ မင္းသား ေအာ္စတင္ဘတ္တလာ (Austin Butler) ဆုရမႈအေပၚ ဂုဏ္ျပဳခ်ီးျမွင့္ေပးခဲ့ပါေသးတယ္။ ဒီပြဲတံုးက လီဆာမာရီပရက္စေလက၊ အေဖပရက္စေလသာရွိခဲ့ရင္ အခုဆို ၈၈ ႏွစ္ရွိေနမွာျဖစ္ၿပီး သူသာရွိေနရင္လည္း ဂုဏ္ယူေနမွာျဖစ္တယ္လု႔ိ ေျပာၾကားခဲ့ပါတယ္။ လီဆာမာရီပရက္စေလ ကြယ္လြန္ခ်ိန္မွာ သားသမီး ၃ ေယာက္က်န္ရစ္ပါတယ္။ သူဟာ ၄ ႀကိမ္အိမ္ေထာင္ျပဳခဲ့တာမွာ အထင္ရွားဆံုးကေတာ့ အဆိုေတာ္ မိုက္ကယ္ဂ်က္ဆင္ (Michael Jackson) နဲ႔ ႐ုပ္ရွင္မင္းသား နီကိုလတ္စ္ေက့ဂ်္ (Nicholas Cage) တို႔ျဖစ္ၾကပါတယ္။

လီဆာမာရီပရက္စေလ ၅၄ ႏွစ္မွာ ကြယ္လြန္
please wait

No media source currently available

0:00 0:00:44 0:00
တိုက္႐ိုက္ လင့္ခ္

======================

[Unicode]

လီဆာမာရီပရက်စလေ ၅၄ နှစ်မှာ ကွယ်လွန်

Rock & Roll ဂီတဘုရင်လို့တင်စားကြတဲ့ အဆိုတော်ကြီး အဲဗစ်စ် ပရက်စလေ (Elvis Presley) ရဲ့ တစ်ဦးတည်းသောသမီး တေးရေး တေးဆို လီဆာမာရီပရက်စလေ (Lisa Marie Presley) ဟာ ကြာသပတေးနေ့က ရုတ်တရက်နှလုံးဖောက်ပြီး အသက် ၅၄ နှစ်အရွယ်မှာ သေဆုံးသွားပါတယ်။

အရေးပေါ်ဖုန်းကြောင့် အရေးပေါ်ကျန်းမာရေးအရာရှိတွေ ကယ်ဖီဖိုးနီးယားပြည်နယ်ရှိ သူ့အိမ်ကို သွားရောက်ပြီး အရေးပေါ်အသက်ကယ်ဖို့ကြိုးစားပြီး အနားက West Hills ဆေးရုံကို ခေါ်သွားခဲ့ပေမဲ့ အသက်မကယ်နိုင်ခဲ့ဘူးလို့ လော့စ်အိန်ဂျယ်လိစ်မြို့ ရဲဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိခင်ကြီး ပရက်စလာလက်စလီ (Priscilla Lesley) ကလည်း ချောမောလှပတဲ့ ချစ်သမီးလေး လီဆာပရက်စလေ အခုလို ရုတ်တရက်ခွဲခွာသွားခဲ့ရတဲ့အပေါ် အထူး ဝမ်းနည်းပူဆွေး ရပါတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ လီဆာမာရီပရက်စလေဟာ စိတ်ခံစားမှုအပြည့်ရှိတဲ့ ရဲရင့်ခိုင်မာသူလည်းဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

လီဆာမာရီပရက်စလေအနေနဲ့ အင်္ဂါနေ့ကပဲကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို မိသားစုနဲ့အတူ တက်ရောက်ခဲ့ပြီး၊ Elvis အမည်ရှိ ရုပ်ရင်ထဲ အဖေကြီးပရက်စလေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား အော်စတင်ဘတ်တလာ (Austin Butler) ဆုရမှုအပေါ် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါသေးတယ်။ ဒီပွဲတုံးက လီဆာမာရီပရက်စလေက၊ အဖေပရက်စလေသာရှိခဲ့ရင် အခုဆို ၈၈ နှစ်ရှိနေမှာဖြစ်ပြီး သူသာရှိနေရင်လည်း ဂုဏ်ယူနေမှာဖြစ်တယ်လု့ိ ပြောကြားခဲ့ပါတယ်။ လီဆာမာရီပရက်စလေ ကွယ်လွန်ချိန်မှာ သားသမီး ၃ ယောက်ကျန်ရစ်ပါတယ်။ သူဟာ ၄ ကြိမ်အိမ်ထောင်ပြုခဲ့တာမှာ အထင်ရှားဆုံးကတော့ အဆိုတော် မိုက်ကယ်ဂျက်ဆင် (Michael Jackson) နဲ့ ရုပ်ရှင်မင်းသား နီကိုလတ်စ်ကေ့ဂျ် (Nicholas Cage) တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG