သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဝန္ႀကီးခ်ဳပ္သစ္ခန႔္ဖို႔ ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss ကို ကြန္ဆာေဗးတစ္ပါတီ ေခါင္းေဆာင္သစ္အျဖစ္ေ႐ြးခ်ယ္


ၿဗိတိန္ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ေရြးခ်ယ္ခံရသူ ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss

[[Zawgyi/Unicode]]

ၿဗိတိန္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ခန႔္အပ္ႏိုင္ဖို႔ လက္ရွိႏိုင္ငံျခားေရးဝန္ႀကီး Liz Truss ကို ကြန္ဆာေဗးတစ္ပါတီေခါင္းေဆာင္သစ္အျဖစ္ ေ႐ြးခ်ယ္လိုက္ပါၿပီ။

ကြန္ဆာေဗးတစ္ပါတီဝင္ အေယာက္ ၁၈၀,၀၀၀ က မဲခြဲေ႐ြးခ်ယ္ၿပီးေနာက္ ဒီေန႔ စက္တင္ဘာလ ၅ ရက္ေန႔ တနလၤာေန႔မွာ Liz Truss ကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရာထူးခန႔္အပ္ႏိုင္ဖို႔ ကြန္ဆာေဗးတစ္ပါတီေခါင္းေဆာင္သစ္အျဖစ္ ေ႐ြးခ်ယ္လိုက္ေၾကာင္း ေၾကညာလိုက္ပါတယ္။

သူသာအႏိုင္ရခဲ့ရင္ ကာကြယ္ေရးအသံုးစရိတ္တိုးျမႇင့္ၿပီး အခြန္ေကာက္ခံမႈေတြ ေလွ်ာ့ခ်မယ္လို႔ Liz Truss က မဲဆြယ္စည္းရံုးစဥ္အတြင္း ေျပာခဲ့ပါတယ္။

ၿပိဳင္ဘက္ျဖစ္တဲ့ ၿဗိတိန္ဘ႑ာေရးဝန္ႀကီးေဟာင္း Rishi Sunak ကေတာ့ ႐ႈံးနိမ့္ခဲ့ပါတယ္။ Sunak အတြက္ မဲ ၆,၃၉၉ မဲ ရခဲ့ၿပီးTruss အတြက္ မဲ ၈,၁၃၂၆ မဲ ရခဲ့တာပါ။ မနက္ျဖန္ အဂၤါေန႔က်ရင္ Liz Truss ကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္အျဖစ္ ဘုရင္မႀကီး Elizabeth က တရားဝင္ ခန႔္အပ္ ခ်ီးေျမႇာက္ေပးမွာ ျဖစ္ပါတယ္။

===============

[[Unicode]]

ဗြိတိန်ဝန်ကြီးချုပ်သစ်ခန့်ဖို့ နိုင်ငံခြားရေးဝန်ကြီး Liz Truss ကို ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်

ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်နိုင်ဖို့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး Liz Truss ကို ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပါပြီ။

ကွန်ဆာဗေးတစ်ပါတီဝင် အယောက် ၁၈၀,၀၀၀ က မဲခွဲရွေးချယ်ပြီးနောက် ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့ တနင်္လာနေ့မှာ Liz Truss ကို ဗြိတိန်ဝန်ကြီးချုပ်ရာထူးခန့်အပ်နိုင်ဖို့ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

သူသာအနိုင်ရခဲ့ရင် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ပြီး အခွန်ကောက်ခံမှုတွေ လျှော့ချမယ်လို့ Liz Truss က မဲဆွယ်စည်းရုံးစဉ်အတွင်း ပြောခဲ့ပါတယ်။

ပြိုင်ဘက်ဖြစ်တဲ့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Rishi Sunak ကတော့ ရှုံးနိမ့်ခဲ့ပါတယ်။ Sunak အတွက် မဲ ၆,၃၉၉ မဲ ရခဲ့ပြီးTruss အတွက် မဲ ၈,၁၃၂၆ မဲ ရခဲ့တာပါ။ မနက်ဖြန် အင်္ဂါနေ့ကျရင် Liz Truss ကို ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ဘုရင်မကြီး Elizabeth က တရားဝင် ခန့်အပ် ချီးမြှောက်ပေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG