သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘရာဇီးတေက်ာ့ျပန္ သမၼတေ႐ြးေကာက္ပြဲ သမၼတေဟာင္း  Lula de Silva အႏိုင္ရ


ဘရာဇီးတေက်ာ့ျပန္ေရြးေကာက္ပြဲမွာ အႏုိင္ရသြားတဲ့ ၇၇ ႏွစ္အရြယ္ သမၼတေဟာင္း Luiz Inacio Lula de Silva

[[Zawgyi/Unicode]]

တနဂၤေႏြေန႔ကက်င္းပခဲ့တဲ့ ဘရားဇီးႏိုင္ငံရဲ႕ တေက်ာ့ျပန္သမၼတေရွးေကာက္ပြဲမွာ သမၼတေဟာင္း Luiz Inacio Lula de Silva က လက္ရွိသမၼတ Jair Bolsonaro ကို အႏိုင္ရရွိသြားပါတယ္။

မဲအေရအတြက္ရဲ႕ ၉၉.၉ ရာခိုင္ႏႈန္းေရတြက္ၿပီးခ်ိန္မွာေတာ့ Da Silva က မဲ ၅၀.၉ ရာခိုင္ႏႈန္းအႏိုင္ရခဲ့တာပါ။ ေ႐ြးေကာက္ပြဲအရာရွိေတြကလည္း Lula အႏိုင္ရသြားတယ္ဆိုတာ အတည္ျပဳပါတယ္။ လယ္ယာစြန္းဝါဒီ သမၼတ Bolsonaro ကေတာ့ သူရႈံးနိမ့္တယ္ဆိုတာကို ဝန္ခံအသိအမွတ္ျပဳတာမ်ိဳးမရွိေသးပါဘူး။ ေ႐ြးခ်ယ္ခံ သမၼတ Da Silva ကေတာ့ သူ႔ကို ေျမျမႇဳပ္ပစ္ဖို႔ ႀကိဳးစားၾကေပမယ့္ သူ ရွင္သန္ႏိုင္ဆဲပဲလို႔ ေျပာပါတယ္။

Da Silva သမၼတလုပ္ခဲ့တဲ့အခ်ိန္ သန္းနဲ႔ခ်ီဘရာဇီးႏိုင္ငံသားေတြကို ဆင္းရဲတြင္းက ဆြဲထုတ္ႏိုင္ခဲ့တယ္လို႔ ယူဆၾကပါတယ္။ လက္ရွိသမၼတ Bolsonaro ကေတာ့ သူ႔ရဲ႕ လက္ယာစြန္းႏိုင္ငံေရးအယူအဆေတြနဲ႔အတူ ကို႐ိုနာဗိုင္းရပ္စ္ကို ေလွာင္ေျပာင္တာ၊ အေမဇုံအၿမဲစိမ္းေတာအုပ္ကို သစ္ေတာ ျပဳန္းတီးေစတာနဲ႔ ေငြေၾကးေဖာင္းပြမႈေတြ ဆိုးဝါးလာတယ္လို႔ ယူဆၾကပါတယ္။

Da Silva ဟာ ဘရာဇီးႏိုင္ငံရဲ႕ လူမႈဖူလုံေရးစနစ္ကို တိုးတက္ေအာင္ေဆာင္႐ြက္မယ္လို႔ ကတိျပဳခဲ့သလို လူနည္းစုလူမ်ိဳးေတြအေရးအတြက္ ဝန္ႀကီးဌာနတခုထားမယ္လို႔ ေျပာထားပါတယ္။ အသက္ ၇၇ ႏွစ္အ႐ြယ္ Da Silva ဟာ ၂၀၀၃ ခုႏွစ္ကေန ၂၀၁၀ အထိ သမၼတတာဝန္ရွိယူခဲ့ၿပီး အဲဒီေနာက္မွာေတာ့ အဂတိလိုက္စားမႈစြဲခ်က္ေတြနဲ႔ ေထာင္ထဲ ၁၈ လၾကာ ေနခဲ့ရပါတယ္။ ဒီေနာက္ တရား႐ုံးခ်ဳပ္အမိန႔္နဲ႔ သူ႔အေပၚစြဲခ်က္ေတြကို ျပန္႐ုပ္ပါတယ္။

Da Silva အႏိုင္ရမႈအေပၚ အေမရိကန္သမၼတ Joe Biden က ဂုဏ္ျပဳသဝဏ္လႊာ ေပးပို႔ၿပီး လာမယ့္လေတြ ႏွစ္ေတြမွာ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈ ဆက္လုပ္သြားဖို႔ ေမွ်ာ္လင့္တယ္လို႔ ေဖာ္ျပပါတယ္။ ျပင္သစ္သမၼတ Emmanual Macron ကလည္း ဂုဏ္ျပဳသဝဏ္လႊာပို႔ၿပီး ႏွစ္ႏိုင္ငံၾကား မိတ္ေဆြဆက္ဆံေရးခိုင္ၿမဲလာဖို႔ ေမွ်ာ္လင့္တဲ့ေၾကာင္း ေရးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဘရာဇီးတကျော့ပြန် သမ္မတရွေးကောက်ပွဲ သမ္မတဟောင်း Lula de Silva အနိုင်ရ

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဘရားဇီးနိုင်ငံရဲ့ တကျော့ပြန်သမ္မတရှေးကောက်ပွဲမှာ သမ္မတဟောင်း Luiz Inacio Lula de Silva က လက်ရှိသမ္မတ Jair Bolsonaro ကို အနိုင်ရရှိသွားပါတယ်။

မဲအရေအတွက်ရဲ့ ၉၉.၉ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ Da Silva က မဲ ၅၀.၉ ရာခိုင်နှုန်းအနိုင်ရခဲ့တာပါ။ ရွေးကောက်ပွဲအရာရှိတွေကလည်း Lula အနိုင်ရသွားတယ်ဆိုတာ အတည်ပြုပါတယ်။ လယ်ယာစွန်းဝါဒီ သမ္မတ Bolsonaro ကတော့ သူရှုံးနိမ့်တယ်ဆိုတာကို ဝန်ခံအသိအမှတ်ပြုတာမျိုးမရှိသေးပါဘူး။ ရွေးချယ်ခံ သမ္မတ Da Silva ကတော့ သူ့ကို မြေမြှုပ်ပစ်ဖို့ ကြိုးစားကြပေမယ့် သူ ရှင်သန်နိုင်ဆဲပဲလို့ ပြောပါတယ်။

Da Silva သမ္မတလုပ်ခဲ့တဲ့အချိန် သန်းနဲ့ချီဘရာဇီးနိုင်ငံသားတွေကို ဆင်းရဲတွင်းက ဆွဲထုတ်နိုင်ခဲ့တယ်လို့ ယူဆကြပါတယ်။ လက်ရှိသမ္မတ Bolsonaro ကတော့ သူ့ရဲ့ လက်ယာစွန်းနိုင်ငံရေးအယူအဆတွေနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ကို လှောင်ပြောင်တာ၊ အမေဇုံအမြဲစိမ်းတောအုပ်ကို သစ်တော ပြုန်းတီးစေတာနဲ့ ငွေကြေးဖောင်းပွမှုတွေ ဆိုးဝါးလာတယ်လို့ ယူဆကြပါတယ်။

Da Silva ဟာ ဘရာဇီးနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်ကို တိုးတက်အောင်ဆောင်ရွက်မယ်လို့ ကတိပြုခဲ့သလို လူနည်းစုလူမျိုးတွေအရေးအတွက် ဝန်ကြီးဌာနတခုထားမယ်လို့ ပြောထားပါတယ်။ အသက် ၇၇ နှစ်အရွယ် Da Silva ဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ သမ္မတတာဝန်ရှိယူခဲ့ပြီး အဲဒီနောက်မှာတော့ အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ထောင်ထဲ ၁၈ လကြာ နေခဲ့ရပါတယ်။ ဒီနောက် တရားရုံးချုပ်အမိန့်နဲ့ သူ့အပေါ်စွဲချက်တွေကို ပြန်ရုပ်ပါတယ်။

Da Silva အနိုင်ရမှုအပေါ် အမေရိကန်သမ္မတ Joe Biden က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပြီး လာမယ့်လတွေ နှစ်တွေမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်သွားဖို့ မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။ ပြင်သစ်သမ္မတ Emmanual Macron ကလည်း ဂုဏ်ပြုသဝဏ်လွှာပို့ပြီး နှစ်နိုင်ငံကြား မိတ်ဆွေဆက်ဆံရေးခိုင်မြဲလာဖို့ မျှော်လင့်တဲ့ကြောင်း ရေးခဲ့ပါတယ်။

XS
SM
MD
LG