ဘရာဇီးသမၼတသစ္အျဖစ္ Lula က်မ္းသစၥာက်ိန္ဆို
{{Zawgyi/Unicode}}
ဘရာဇီးႏိုင္ငံ Brasilia ၿမိဳ႕ေတာ္မွာ ေရြးေကာက္ပြဲ အႏိုင္ရရွိတဲ့ Luiz Inacio Lula Da Silva က တနဂၤေႏြေန႔က သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုလိုက္ပါတယ္။ မဲ မသမာမႈ စြပ္စဲြခ်က္နဲ႔ ေရြးေကာက္ပြဲ ျပန္လည္ က်င္းပေပးဖို႔ ေရြးေကာက္ပဲြမွာ ရႈံးနိမ့္ခဲ့တဲ့ သမၼတေဟာင္း Jair Bolsonaro က ေတာင္းဆိုခဲ့ေပမဲ့လည္း Lula က သူအတြက္ တတိယအႀကိမ္ေျမာက္ သမၼတ အျဖစ္ က်မ္းသစၥာ က်ိန္ဆိုလိုက္တာျဖစ္ပါတယ္။
လက္ဝဲဝါဒီ Lula ဟာ လက္ယ်ာစြန္း သမၼတ Bolsonaro ကို ၂ ရာခိုင္ႏႈန္းနီးပါး မဲအသာနဲ႔ ပြတ္ခါသီခါ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ သမၼတေဟာင္းကေတာ့ ဘရာဇီးႏိုင္ငံက အီလက္ထေရာနစ္စနစ္နဲ႔ မဲေပးတဲ့အေပၚ လနဲ႔ခ်ီၿပီး သံသယသေဘာထားေတြ ေျပာဆိုခဲ့ဖူးသလို၊ သူ႔ကို ေထာက္ခံသူေတြကလည္း ေရြးေကာက္ပြဲ အရႈံးရလဒ္ကို လက္မခံလိုၾကပါဘူး။
သမၼတေဟာင္းကို ေထာက္ခံသူေတြဟာ Lula ေရြးေကာက္ပြဲ အႏိုင္ရခဲ့တဲ့အေပၚမွာ ေမးခြန္းထုတ္ခဲ့ၾကသလို၊ သမၼတ အျဖစ္ တရား၀င္ တာ၀န္မယူႏိုင္ေအာင္ စစ္ဖက္ လက္နက္ကိုင္တပ္ဖြဲ႔ေတြက တားဆီးေပးဖို႔ အတြက္ စစ္တန္းလ်ားေတြ ေရွ႕မွာ ေတာင္းဆိုခဲ့ၾကတာေတြလည္း ရွိခဲ့ပါတယ္။
ဘရာဇီးသမ္မတသစ်အဖြစ် Lula ကျမ်းသစ္စာကျိန်ဆို
{{Zawgyi/Unicode}}
ဘရာဇီးနိုင်ငံ Brasilia မြို့တော်မှာ ရွေးကောက်ပွဲ အနိုင်ရရှိတဲ့ Luiz Inacio Lula Da Silva က တနင်္ဂနွေနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။ မဲ မသမာမှု စွပ်စွဲချက်နဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ သမ္မတဟောင်း Jair Bolsonaro က တောင်းဆိုခဲ့ပေမဲ့လည်း Lula က သူအတွက် တတိယအကြိမ်မြောက် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာဖြစ်ပါတယ်။
လက်ဝဲဝါဒီ Lula ဟာ လက်ယျာစွန်း သမ္မတ Bolsonaro ကို ၂ ရာခိုင်နှုန်းနီးပါး မဲအသာနဲ့ ပွတ်ခါသီခါ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သမ္မတဟောင်းကတော့ ဘရာဇီးနိုင်ငံက အီလက်ထရောနစ်စနစ်နဲ့ မဲပေးတဲ့အပေါ် လနဲ့ချီပြီး သံသယသဘောထားတွေ ပြောဆိုခဲ့ဖူးသလို၊ သူ့ကို ထောက်ခံသူတွေကလည်း ရွေးကောက်ပွဲ အရှုံးရလဒ်ကို လက်မခံလိုကြပါဘူး။
သမ္မတဟောင်းကို ထောက်ခံသူတွေဟာ Lula ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့အပေါ်မှာ မေးခွန်းထုတ်ခဲ့ကြသလို၊ သမ္မတ အဖြစ် တရားဝင် တာဝန်မယူနိုင်အောင် စစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေက တားဆီးပေးဖို့ အတွက် စစ်တန်းလျားတွေ ရှေ့မှာ တောင်းဆိုခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။