တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်ဟာ ဇန်နဝါီ ၂၈ ရက်မှာ စတင်တော့မှာ ဖြစ်ပြီး ဒီအားလပ်ရက် ကာလ အတွင်း လူပေါင်း ဘီလီယံနဲ့ ချီပြီး ခရီးသွားလာကြမယ်လို့ ခန့်မှန်းထားပါတယ်။
လူသန်းပေါင်း ၉ ထောင် လောက်ဟာ ရက်ပေါင်း ၄၀ လောက် ခရီးသွားလာကြမယ်လို့ ခန့်မှန်းကြပါတယ်။ ဒီနှစ် မြွေနှစ် ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးပွဲ အတွက် အားလပ်ရက်ဟာ ဇန်နဝါရီ ၂၈ ရက် ကနေ ဖေဖေါ်ဝါရီ ၄ ရက်နေ့ အထိ သတ်မှတ်ထားတာပါ။ တရုတ်အာဏာပိုင်တွေက ၇ ရက်တပတ် ကြာတဲ့ နှစ်သစ်ကူး အားလပ်ရက်ကို ဒီနှစ်မှာ တရက်ပိုပြီး ၈ ရက်သတ်မှတ်ခဲ့ပါတယ်။
အားလပ်ရက်တွေအတွင်း တရုတ်နိုင်ငံသားတွေဟာ တရုတ်နိုင်ငံတွင်းမှာရော နိုင်ငံ ပြင်ပကိုပါ ခရီးသွားလာကြဖို့ ရှိပါတယ်။ တရုတ်နိုင်ငံတွင်းမှာတော့ ရထားနဲ့ ခရီးသွားသူ ၅၁၀ သန်းကျော်နဲ့၊ လေကြောင်း ခရီးသွားလာသူ သန်း ၉၀ ရှိမယ်လို့ အစိုးရက ခန့်မှန်းထားတာပါ။ ပြည်တွင်းမှာတော့ အများစုက ကားနဲ့ ခရီးထွက်ကြဖို့ ရှိပါတယ်။
ပြည်ပကို သွားမယ့် သူတွေထဲက အရှေ့တောင် အာရှကို သွားမယ့် သူတိုးလာနေပြီး ဗီယက်နမ်၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားကို သွားလာသူ ရာခိုင်နှုန်း ၅၀ ကျော် တိုးလာနိုင်တယ်လို့ ကမ္ဘာခရီးသွားလာရေး WTTC က ခန့်မှန်းပါတယ်။ ဟောင်ကောင်ကို သွားမယ့်သူကလည်း ၂ ဆ တိုးလာနေပြီး ဂျပန်ကို သွားမယ့် လေယာဉ်လက်မှတ် ဝယ်သူက ၅၈ ရာခိုင်နှုန်း တိုးလာတာပါ။ တရုတ် နှစ်ကူးမှာ ထုံးစံအတိုင်း ရောင်စုံမီးတွေ၊ အလှပြ ချီတက်တာတွေ၊ ခြင်္သေ့ အက တွေနဲ့ စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။
Forum