[[Zawgyi/Unicode]]
႐ိုဟင္ဂ်ာအေရးနဲ႔ စစ္တပ္ အာဏာသိ္မ္းမႈေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ အက်ပ္ အတည္းေတြကို တံု႔ျပန္တဲ့အေနနဲ႔ လာမယ့္ ၃ ႏွစ္အတြင္း ေဒၚလာ သန္း ၂၈၈.၃ ေက်ာ္ ကူညီေပးမယ့္ အစီအစဥ္ အပါအ၀င္ မဟာဗ်ဴဟာ ေနာက္ဆက္တြဲ ေၾကညာခ်က္တရပ္ကို ကေနဒါအစိုးရက ထုတ္ျပန္လိုက္ပါတယ္။
မေန႔က က်ေရာက္တဲ့ ကမာၻ႔ဒုကၡသည္မ်ားေန႔မွာ ကေနဒါ ႏိုင္ငံျခားေရး၀န္ႀကီး Mélanie Joly နဲ႔ ႏိုင္ငံတကာ ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ ၀န္ႀကီး Harjit S. Sajjan တို႔က ဒီအစီအစဥ္သစ္ကို ေၾကညာခဲ့တာပါ။ ႐ိုဟင္ဂ်ာ ဒုကၡသည္အေရးနဲ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး၊ လံုျခံဳေရး၊ စီးပြားေရး နဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ အက်ပ္အတည္းေတြနဲ႔ ပတ္သက္လို႔ အမ်ားဆံုး ထိခိုက္ခံစား ရသူေတြကို အဓိက ကူညီ ေပးသြားဖို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။ ျမန္မာ့ အက်ပ္အတည္းေတြကို ကူညီ ေျဖရွင္းရာမွာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႔ အာဆီယံ၊ ကုလသမဂၢ နဲ႔ တျခား ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ေတြနဲ႔ အတူ လက္တြဲ ေဆာင္ရြက္သြားမွာျဖစ္သလို ေအာင္ေအာင္ျမင္ျမင္ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ကိုလည္း ကေနဒါ အထူးသံတမန္တဦး ခန္႔အပ္သြားမယ့္ အေၾကာင္း ကေနဒါ ႏိုင္ငံျခားေရး၀န္ႀကီး Mélanie Joly က မေန႔က ေၾကညာပါတယ္။
အခု အစီအစဥ္သစ္ ကေနတဆင့္ ဖံြၿဖိဳးေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးဆိုင္ရာ စီမံခ်က္သစ္ ၁၆ ခု အတြက္ ရန္ပံုေငြေတြ ရရွိထားၿပီး ျဖစ္တယ္လို႔လည္း ၀န္ႀကီးေတြက ေျပာပါတယ္။ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ခိုလံုေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ေတြ အပါအ၀င္ ျမန္မာႏိုင္ငံတြင္းက ဒုကၡသည္ေတြနဲ႔ တျခား ထိခိုက္ခံစားရ သူေတြရဲ႕ လတ္တေလာ အေရးေပၚ အက်ပ္အတည္းေတြကို တံု႔ျပန္ရာမွာ ကာလတိုအတြက္သာမက ကာလလတ္နဲ႔ ကာလရွည္ လိုအပ္ခ်က္ေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ပါ အခု အစီအစဥ္က ပံ့ပိုးကူညီႏိုင္မွာ ျဖစ္တယ္လို႔ ကေနဒါအစိုးရ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
မေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္အျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္း လူသားခ်င္းစာနာမႈ အကူအညီေတြ အတြက္ ေဒၚလာ ၁၅.၃ သန္း နဲ႔ ျမန္မာႏိုင္ငံထဲက ႐ိုဟင္ဂ်ာ အပါအ၀င္ အထိခိုက္ ခံစားရဆံုးျပည္သူေတြ အတြက္ အေရးေပၚ လိုအပ္ခ်က္ေတြ ကူညီေပးေနၾကတဲ့ အေတြ႕အၾကံဳရွိထားတဲ့ လူသားခ်င္းစာနာမႈ ကူညီေပးေရး အဖြဲ႔ေတြကို ေဒၚလာ ၁၀.၃ သန္း ကူညီပံ့ပိုးေပးသြားမယ့္အေၾကင္းလည္း ကေနဒါ အစိုးရက ထုတ္ျပန္ထားပါတယ္။
===========
[[Unicode]]
မြန်မာ့အကျပ်အတည်းကူညီမယ့် ဗျူဟာသစ် ကနေဒါ ထုတ်ပြန်
ရိုဟင်ဂျာအရေးနဲ့ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကျပ် အတည်းတွေကို တုံ့ပြန်တဲ့အနေနဲ့ လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၂၈၈.၃ ကျော် ကူညီပေးမယ့် အစီအစဉ် အပါအဝင် မဟာဗျူဟာ နောက်ဆက်တွဲ ကြေညာချက်တရပ်ကို ကနေဒါအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
မနေ့က ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly နဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး Harjit S. Sajjan တို့က ဒီအစီအစဉ်သစ်ကို ကြေညာခဲ့တာပါ။ ရိုဟင်ဂျာ ဒုက္ခသည်အရေးနဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး နဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အများဆုံး ထိခိုက်ခံစား ရသူတွေကို အဓိက ကူညီ ပေးသွားဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာ့ အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ၊ ကုလသမဂ္ဂ နဲ့ တခြား နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အတူ လက်တွဲ ဆောင်ရွက်သွားမှာဖြစ်သလို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း ကနေဒါ အထူးသံတမန်တဦး ခန့်အပ်သွားမယ့် အကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Mélanie Joly က မနေ့က ကြေညာပါတယ်။
အခု အစီအစဉ်သစ် ကနေတဆင့် ဖွံဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စီမံချက်သစ် ၁၆ ခု အတွက် ရန်ပုံငွေတွေ ရရှိထားပြီး ဖြစ်တယ်လို့လည်း ဝန်ကြီးတွေက ပြောပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေ အပါအဝင် မြန်မာနိုင်ငံတွင်းက ဒုက္ခသည်တွေနဲ့ တခြား ထိခိုက်ခံစားရ သူတွေရဲ့ လတ်တလော အရေးပေါ် အကျပ်အတည်းတွေကို တုံ့ပြန်ရာမှာ ကာလတိုအတွက်သာမက ကာလလတ်နဲ့ ကာလရှည် လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့အတွက်ပါ အခု အစီအစဉ်က ပံ့ပိုးကူညီနိုင်မှာ ဖြစ်တယ်လို့ ကနေဒါအစိုးရ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီတွေ အတွက် ဒေါ်လာ ၁၅.၃ သန်း နဲ့ မြန်မာနိုင်ငံထဲက ရိုဟင်ဂျာ အပါအဝင် အထိခိုက် ခံစားရဆုံးပြည်သူတွေ အတွက် အရေးပေါ် လိုအပ်ချက်တွေ ကူညီပေးနေကြတဲ့ အတွေ့အကြုံရှိထားတဲ့ လူသားချင်းစာနာမှု ကူညီပေးရေး အဖွဲ့တွေကို ဒေါ်လာ ၁၀.၃ သန်း ကူညီပံ့ပိုးပေးသွားမယ့်အကြေင်းလည်း ကနေဒါ အစိုးရက ထုတ်ပြန်ထားပါတယ်။
===========