သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် M1 Abrams တင့်ကားတွေ မကြာမီ ယူကရိန်းရောက်မည် (ဝန်ကြီး Austin)


ပိုလန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကာကွယ်ရေးလက်နက်ထုတ်ကုန်ပြပွဲမှာတွေ့ရတဲ့ အမေရိကန်တင့်ကား M1 Abrams (စက်တင်ဘာ ၅၊ ၂၀၂၂)
ပိုလန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကာကွယ်ရေးလက်နက်ထုတ်ကုန်ပြပွဲမှာတွေ့ရတဲ့ အမေရိကန်တင့်ကား M1 Abrams (စက်တင်ဘာ ၅၊ ၂၀၂၂)

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကိုပေးမယ်လို့ ကတိပြုထားတဲ့ M1 Abrams အမျိုးအစား တင့်ကားတွေ မကြာခင် ယူကရိန်းကို ရောက်တော့မှာဖြစ်ပြီး ယူကရိန်း တိုက်လေယာဥ်မှုးတွေကို F16 တိုက်လေယာဉ်တွေ သင်တန်းပို့ချပေးနေတဲ့ အစီအစဥ်ကိုလည်း အမေရိကန် စစ်အခြေစိုက်စခန်းတွေမှာ တိုးချဲ့ပို့ချပေးနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောပါတယ်။

ရုရှားရဲ့ ထိုးစစ်ဆင်မှုတွေဟာ စစ်မြေပြင်ကို ကျော်လွန်ပြီး အရပ်သားတွေ ထိခိုက် သေဆုံးမှု အများအပြား ဖြစ်ပေါ်နေစေတယ်လို့လည်း ဝန်ကြီး Lloyd Austin က ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin

“အမေရိကန်ပြည်ထောင်စုက ယူကရိန်းကိုပေးမယ်လို့ ကတိပြုထားပြီးဖြစ်တဲ့ M1 Abrams တင့်ကားတွေ မကြာခင်မှာ ယူကရိန်းကိုရောက်တော့မယ်ဆိုတာကို ကျနော် ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။​ ရုရှားတို့က ဒီစစ်ပွဲကို ပိုကြာအောင် လုပ်နေတဲ့တချိန်ထဲမှာဘဲ သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေဟာလည်း ပိုပြီးတော့ ထင်ရှားလာနေပါတယ်။​ ရုရှားတို့ရဲ့ တိုက်ခိုက်မှုတွေဟာ စစ်မြေပြင်မှာတင်မကတော့ဘဲ ယူကရိန်းပြည်သူတွေ ပြောပြလို့မရနိုင်တဲ့ ခံစားမှုတွေ ဖြစ်ပေါ်နေစေပါတယ်။”

ရုရှားက ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ ဆိပ်ကမ်းနဲ့ ကောက်နှံတွေ သိုလှောင်ထားတဲ့ နေရာတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်လာနေတဲ့အတွက် မဟာမိတ်နိုင်ငံတွေအနေနဲ့လည်း ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးကြဖို့လည်း ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန်ဦးဆောင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်များ တွေ့ဆုံပွဲမှာ ဝန်ကြီး Lloyd Austin က တိုက်တွန်း ပြောကြားခဲ့ပါတယ်။​

ဒီတွေ့ဆုံပွဲမှာ မကြာသေးခင်က ကာကွယ်ရေးဝန်ကြီးအဖြစ် အသစ်ခံအပ်ခံရတဲ့ Rustem Umerov တက်ရောက်လာတာကိုလည်း ဝန်ကြီး Lloyd Austin က ကြိုဆိုလိုက်ပါတယ်။ Rustem Umerov ဟာ ယူကရိန်းကာကွယ်ရေးဝန်ကြီးဟောင်း Oleksii Rezikov နေရာမှာ အခုလ အစောပိုင်းက အစားထိုး ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ကို ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုရှားတို့ရဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူတဦး သေဆုံးသွားတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။​

အမေရိကန် M1 Abrams တင့်ကားတွေ မကြာမီ ယူကရိန်းရောက်မည် (ဝန်ကြီး Austin)
please wait

No media source currently available

0:00 0:02:08 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG