သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီကို လက်နက်ရောင်းချရေး ပြင်သစ် ဂျာမနီ သဘောကွဲ


ပြင်သစ်သမ္မတ Emmanuel Macron (ဝဲ) နှင့် ဂျာမန်ဝန်ကြီးချုပ် Angela Merkel (ယာ)။ ၇ စက်တင်ဘာ ၂၀၁၈။
ပြင်သစ်သမ္မတ Emmanuel Macron (ဝဲ) နှင့် ဂျာမန်ဝန်ကြီးချုပ် Angela Merkel (ယာ)။ ၇ စက်တင်ဘာ ၂၀၁၈။

သတင်းထောက် Jamal Khashoggi အသတ်ခံရတဲ့ဖြစ်ရပ်အတွက် ဆော်ဒီ အာရေးဘီးယားအပေါ် ဘယ်လို ဒဏ်ခတ်အရေးယူမှု မျိုးမဆို ချမှတ်မယ်ဆိုရင် “ဥရောပတခုလုံး ပမာဏ” နဲ့ ချမှတ်ရမှာဖြစ်ပြီး ဒီကဏ္ဍ ဟိုကဏ္ဍတွေကိုပဲ ရွေးပြီး အရေးယူလို့မရဘူးလို့ ပြင်သစ်သမ္မတ Emmanuel Macron ကပြောပါတယ်။

ဆော်ဒီ အာရေးဘီးယားကို စစ်လက်နက်ပစ္စည်း ရောင်းချတာအားလုံး ရပ်ထားမယ်လို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က ဒီသီတင်းပတ်အတွင်း ဆုံးဖြတ် ပြောဆိုထား တဲ့အပေါ် ပြင်သစ်သမ္မတက တုန့်ပြန် ပြောဆိုတာပါ။ ဂျာမနီအစိုးရဟာ “လူကြိုက်ဖို့ သက်သက်” လိုက်လုပ်နေတယ်လို့ သမ္မတ Macron က ပြောပြီးတဲ့နောက် ဥရောပ အနီးကပ် မဟာမိတ် နှစ်နိုင်ငံအကြား ရှားရှားပါးပါး အငြင်းပွားတဲ့အခြေအနေ ရောက်နေတာပါ။

ဒါပေမဲ့လည်း တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ စနေနေ့ကလုပ်တဲ့ ဆီးရီးယားအရေး ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ ခေါင်းဆောင် နှစ်ဦးကြား အေးဆေးသက်သာစွာ ပြောဆိုခဲ့ကြပြီး “ဥရောပတခုလုံးအဆင့်” နဲ့ ပထမဆုံး ညှိနှိုင်းတိုင်ပင်တာမလုပ်ဘဲ သူတို့ရဲ့ နောက်ထပ်ရပ်တည်ချက်တွေကို မကြေညာဖို့ သဘောတူလိုက်တယ်လို့ ြ့ပင်သစ်သမ္မတရုံးကပြောပါတယ်။

ဆော်ဒီ အာရေးဘီးယားဟာ အိန္ဒိယပြီးရင် ပြင်သစ်နိုင်ငံကနေ စစ်လက်နက် ဒုတိယ အများဆုံး ဝယ်ယူနေတဲ့နိုင်ငံပါ။ ဆော်ဒီကို လက်နက်ရောင်းတာဟာ “မစ္စတာ Khashoggi နဲ့ ဘာမှမဆိုင်ဘူး၊ အားလုံးကို ရောထွေးမပစ်သင့်ဘူး” လို့ သမ္မတ Macron က ပြောပါတယ်။

“အဲဒီလိုသာဆို ကားတွေရောင်းတာကိုလည်း ရပ်လိုက်သင့်တယ်” လို့ မော်တော်ယာဉ် အများအပြား တင်ပို့တဲ့နိုင်ငံ ဖြစ်တဲ့ ဂျာမနီကိုရည်ရွယ်ပုံရတဲ့စကားမျိုး သမ္မတ Macron က သတင်းထောက်တွေကို ပြောပါတယ်။

ဆော်ဒီကို လက်နက်ရောင်းချရေး ပြင်သစ် ဂျာမနီ သဘောကွဲ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG