အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း မက္ဒလင္း ေအာဘရိုက္ ကြယ္လြန္
{{Zawgyi/Unicode}}
အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း မက္ဒလင္း ေအာဘရုိက္ (Madeleine Albright) ဟာ မတ္လ ၂၃ ရက္ ဗုဒၶဟူးေန႕ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားပါတယ္။ သူကြယ္လြန္ခ်ိန္မွာ အသက္ ၈၄ ႏွစ္ရွိၿပီျဖစ္ပါတယ္။
မက္ဒလင္း ေအာဘရုိက္ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ပထမဆုံး အမ်ိဳးသမီးႏုိင္ငံျခား ေရး၀န္ႀကီးျဖစ္ခဲ့ၿပီး၊ အဲဒီအခ်ိန္ကတာ၀န္အျမင့္ဆုံးထမ္းေဆာင္ရတဲ့ အေမရိကန္အမ်ိဳး သမီးတဦးျဖစ္ခဲ့ပါတယ္။ သူဟာ သမၼတ ကလင္တန္ လက္ထက္ ၁၉၉၆ ခုႏွစ္ ကေန ၂၀၀၁ ခုႏွစ္ အထိ ႏုိင္ငံျခားေရး၀န္ႀကီး တာ၀န္ကုိထမ္းေဆာင္ခဲ့ပါတယ္။
သူဟာ ခ်က္ကုိဆလုိဗက္ကီးယားႏုိင္ငံမွာ ေမြးဖြားခဲ့ၿပီး သူ့ရဲ့ဖခင္ဟာလည္း သံတမန္တဦးျဖစ္ခဲ့ပါတယ္။ ၁၉၄၈ ခုႏွစ္မွ ာမိသားစုနဲ့အတူ အေမရိကန္ျပည္ေထာင္စုကုိ ဒုကၡသည္အျဖစ္ ေျပာင္းေရႊ႕ေနထုိင္ခဲ့ပါတယ္။
မက္ဒလင္း ေအာဘရုိက္ဟာ ျမန္မာ့ဒီမုိကေရစီအေရးကုိ အားေပးေထာက္ခံခဲ့သူတဦး လည္းျဖစ္ပါတယ္။ သူ ၂၀၁၃ ခုႏွစ္ ျမန္မာႏုိင္ငံကုိ ဒုတိယအႀကိမ္လာေရာက္ခဲ့ၿပီး၊ ရန္ကုန္တကၠသုိလ္ စိန္ရတုအခမ္းအနားကုိလည္း တက္ေရာက္ခဲ့ပါတယ္ ။ အဲဒီအခမ္းအနားမွာVOA နဲ႔ သီးသန့္ ေတြ့ဆုံေမးျမန္းခဲ့စဥ္ျမန္မာႏုိင္ငံနဲ့ပတ္သက္တဲ့သူ့ရဲေမွ်ာ္လင့္ခ်က္ကုိ အခုလုိေျပာဆုိခဲ့ပါတယ္။
“သူတုိ့ဟာ လမ္းေၾကာင္းမွန္ေပၚေရာက္ေနၾကပါၿပီ။ ဒါဟာေနာက္ေၾကာင္းျပန္လွည္ဖုိ့ မျဖစ္ႏုိင္ေတာ့ပါဘူး။ သူတုိ့ဟာအေတြ့အႀကဳံေတြကေန သင္ခန္းစာေတြယူၿပီး၊ လုပ္ေဆာင္ႏုိင္ၾကလိမ့္မယ္လုိ့” သူေမွ်ာ္လင့္တဲ့အေၾကာင္းေျပာဆုိခဲ့ပါတယ္။
အဲဒီအေခါက္ေရာက္ခဲ့စဥ္က ျမန္မာ့ဒီမုိကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ နဲ့ NLD အပါအ၀င္၊ ႏုိင္ငံေရးပါတီေတြ၊ ေခါင္းေဆာင္ေတြနဲ့ေတြ့ဆုံခဲ့ပါတယ္။
၁၉၉၅ ခုႏွစ္က သူ အေမရိကန္ဆုိင္ရာ ကုလသမဂၢသံအမတ္ႀကီး အျဖစ္တာ၀န္ထမ္းေဆာင္ခဲ႔စဥ္က ျမန္မာႏုိင္ငံကုိ ပထမဆုံးအႀကိမ္ လာေရာက္ခဲ့ပါတယ္။
မယ္ဒလင္းေအာဘရုိက္ ဟာ ေအာင္ျမင္တဲ့ အဆင့္ျမင့္ သံတမန္တဦးျဖစ္ခဲ့သလုိ ႏုိင္ငံတကာဆက္ဆံေရး ဘာသာရပ္နဲ့ PHD ပါရဂူဘဲြ့ ရခဲ့သူ ပါေမာကၡတဦးလည္းျဖစ္ပါတယ္။ ဒါ့အျပင္စာအုပ္စာတမ္းမ်ားေရးသား ထုတ္ေ၀ခဲ့တဲ့ ေအာင္ျမင္တဲ့ စာေရးဆရာတဦးလည္းျဖစ္တဲ့အျပင္ ေအာင္ျမင္တဲ့လုပ္ငန္းရွင္တဦးလည္း ျဖစ္ခဲ့ပါတယ္။
သူဟာသတင္းစာဆရာ ဂ်ိဳးဇက္ ေအာဘရုိက္ နဲ႔ လက္ထပ္ခဲ့ၿပီး သမီး ၃ ဦးထြန္းကားခဲ့ပါတယ္။ သူကြယ္လြန္ခ်ိန္မွာ သားသမီးေျမးျမစ္မ်ားစြာက်န္ခဲ့ပါတယ္ ။
............................................................
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် ကွယ်လွန်
{{Zawgyi/Unicode}}
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်း အောဘရိုက် (Madeleine Albright) ဟာ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ သူကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်ပါတယ်။
မက်ဒလင်း အောဘရိုက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးနိုင်ငံခြား ရေးဝန်ကြီးဖြစ်ခဲ့ပြီး၊ အဲဒီအချိန်ကတာဝန်အမြင့်ဆုံးထမ်းဆောင်ရတဲ့ အမေရိကန်အမျိုး သမီးတဦးဖြစ်ခဲ့ပါတယ်။ သူဟာ သမ္မတ ကလင်တန် လက်ထက် ၁၉၉၆ ခုနှစ် ကနေ ၂၀၀၁ ခုနှစ် အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ဖခင်ဟာလည်း သံတမန်တဦးဖြစ်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှ ာမိသားစုနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။
မက်ဒလင်း အောဘရိုက်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံခဲ့သူတဦး လည်းဖြစ်ပါတယ်။ သူ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ် ။ အဲဒီအခမ်းအနားမှာVOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခဲ့စဉ်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သူ့ရဲမျှော်လင့်ချက်ကို အခုလိုပြောဆိုခဲ့ပါတယ်။
“သူတို့ဟာ လမ်းကြောင်းမှန်ပေါ်ရောက်နေကြပါပြီ။ ဒါဟာနောက်ကြောင်းပြန်လှည်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူတို့ဟာအတွေ့အကြုံတွေကနေ သင်ခန်းစာတွေယူပြီး၊ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့” သူမျှော်လင့်တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။
အဲဒီအခေါက်ရောက်ခဲ့စဉ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အပါအဝင်၊ နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။
၁၉၉၅ ခုနှစ်က သူ အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပါတယ်။
မယ်ဒလင်းအောဘရိုက် ဟာ အောင်မြင်တဲ့ အဆင့်မြင့် သံတမန်တဦးဖြစ်ခဲ့သလို နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နဲ့ PHD ပါရဂူဘွဲ့ ရခဲ့သူ ပါမောက္ခတဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင်စာအုပ်စာတမ်းများရေးသား ထုတ်ဝေခဲ့တဲ့ အောင်မြင်တဲ့ စာရေးဆရာတဦးလည်းဖြစ်တဲ့အပြင် အောင်မြင်တဲ့လုပ်ငန်းရှင်တဦးလည်း ဖြစ်ခဲ့ပါတယ်။
သူဟာသတင်းစာဆရာ ဂျိုးဇက် အောဘရိုက် နဲ့ လက်ထပ်ခဲ့ပြီး သမီး ၃ ဦးထွန်းကားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ သားသမီးမြေးမြစ်များစွာကျန်ခဲ့ပါတယ် ။