သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန် လေမုန်တိုင်း စစ်ဘေးဒုက္ခသည်အိမ်တွေ ပျက်စီး


တရုတ်- မြန်မာနယ်စပ် မိုင်ဂျာယန်ဒေသမှာ လေမုန်တိုင်းတိုက်ခတ်လို့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၀၀ နီးပါးရဲ့ ယာယီနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။ ကချင်လက်နက်ကိုင် KIO အဖွဲ့ ထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်မှာ ဖေဖော်ဝါရီလ ၁၆ ရက်က တိုက်ခိုက်တဲ့ လေမုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းထဲက ဒုက္ခသည်တွေ မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ JST ကပြောပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်တွေမှာ လေမုန်တိုင်းဒဏ်ကြောင့် အကူအညီတွေ ထပ်ပြီးလိုအပ်နေတယ်လို့လည်း ပြောပါတယ်။ လေပြင်းကြောင့် ထိခိုက်တဲ့ စစ်ရှောင်စခန်းတွေထဲမှာ ဒုက္ခသည် ၃ ထောင်လောက်ရှိတဲ့ ပါကထောင် ဒုက္ခသည်စခန်း လည်းပါဝင် ပါတယ်။

မိုင်ဂျာယန်ဒေသမှာ စစ်ရှောင်စခန်း ၅ခုထက်မနည်းရှိပြီး ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၁ သောင်းကျော်ရှိပါတယ်။ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီလိုအပ်နေတဲ့ထဲမှာ နေရာထိုင်ခင်းအတွက် အကူအညီပေးနိုင်ဖို့လည်း ပါဝင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မိုင်ဂျာယန် လေမုန်တိုင်း စစ်ဘေးဒုက္ခသည်အိမ်တွေ ပျက်စီး
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG