သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ငွက္ဖ်ားတိုက္ဖ်က္ေရး ျမန္မာလူငယ္ဆရာ၀န္အခ်ိဳ႕ရဲ႕ ႀကိဳးပမ္းမႈ


ဝါရွင္တန္ဒီစီၿမိဳ႕ အပူပိုင္းေဒသ ေဆးပညာႏွီးေႏွာဖလွယ္ပဲြ တက္ေရာက္လာတဲ့ ျမန္မာလူငယ္ဆရာ၀န္အခ်ိဳ႕။

(Zawgyi / Unicode)

ကမာၻတဝွမ္းမွာ ငွက္ဖ်ားေရာဂါေၾကာင့္ အေသအေပ်ာက္မ်ားမႈေတြ ေလ်ာ့က်လာတယ္လို႔ ဆိုေပမယ့္လည္း ကမာၻ႔ႏုိင္ငံ ၉၀ ေက်ာ္က သန္းနဲ႔ခ်ီတဲ့ လူဦးေရေတြဟာ ငွက္ဖ်ားေရာဂါ ကူးစက္ခံရမယ့္ အႏၲရာယ္ေတြ ရင္ဆိုင္ေနရတုန္းပဲ ျဖစ္ပါတယ္။ ဒီအထဲမွာ ျမန္မာႏိုင္ငံလည္း ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရးကို အမ်ိဳးသားက်န္းမာေရး စီမံကိန္းတရပ္အေနနဲ႔ ျမန္မာႏိုင္ငံမွာ ေဆာင္ရြက္ေနၾကပါတယ္။ သကၠရာဇ္ ၂၀၃၀ မွာ ျမန္မာႏိုင္ငံကို ငွက္ဖ်ားေရာဂါ ပေပ်ာက္ကင္းစင္တဲ့ ႏိုင္ငံတခုျဖစ္လာဖို႔ လူငယ္ဆရာဝန္တခ်ိဳ႕ ဘယ္လိုပူးေပါင္း ႀကိဳးပမ္းေဆာင္ရြက္ေနၾကပါသလဲ။ အျပည့္အစုံကို မျမသဇင္ေအာင္က ေျပာျပေပးပါမယ္။

ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ၂၀၁၀ အစီရင္ခံစာနဲ႔ ၂၀၁၇ အစီရင္ခံစာအရဆိုရင္ ျမန္မာႏိုင္ငံမွာ ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈႏႈန္းေရာ အေသအေပ်ာက္ႏႈန္းပါ ၂၀ ရာခိုင္ႏႈန္းဝန္းက်င္အထိ က်ဆင္းသြားတယ္လို႔ ေဖာ္ျပပါတယ္။ ရည္မွန္းခ်က္အရ ျမန္မာႏိုင္ငံဟာ ၂၀၃၀ ခုနွစ္မွာ ငွက္ဖ်ားေရာဂါ ပေပ်ာက္ကင္းစင္တဲ့ ႏိုင္ငံတခုျဖစ္ဖို႔ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚမွာ ေရာက္ေနၿပီျဖစ္ၿပီး အခုလို ႀကိဳးပမ္းခ်က္ေတြ အေပၚမွာ တျခားႏိုင္ငံေတြအေနနဲ႔ စံနမူနာယူသင့္တယ္လို႔ ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေရး ဦးေဆာင္လႈပ္ရွားသူေတြက ေျပာပါတယ္။ ဒီလို ႀကိဳးပမ္းေနၾကတဲ့အထဲ လူငယ္ဆရာ၀န္တခ်ိဳ႕လည္း ပူးေပါင္းေဆာင္ရြက္ေနၾကတာပါ။

အေမရိကန္ႏုိင္ငံ ၀ါရွင္တန္ဒီစီၿမိဳ႕ေတာ္မွာ ႏို၀င္ဘာလအတြင္းက က်င္းပခဲ့တဲ့ အပူပိုင္းေဒသ ေဆးပညာဆိုင္ရာ ႏွီးေႏွာဖလွယ္ပြဲကို တက္ေရာက္ခဲ့တဲ့ ၿဗိတိန္ႏိုင္ငံ အေျခစိုက္ Welcome Trust ပါရဂူေက်ာင္းသား ေဒါက္တာ ေအာင္ျပည့္ၿဖိဳးက ျမန္မာႏုိင္ငံ ငွက္ဖ်ားေရာဂါတိုက္ဖ်က္ေရးနဲ႔ ေနာက္ဆက္တြဲ ျဖစ္ေပၚလာႏုိင္တဲ့ ျပႆနာေတြနဲ႔ ပတ္သက္ၿပီး သုေတသနလုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔ သူ႔အေနနဲ႔ ဘယ္လိုႀကိဳးပမ္းခဲ့ရသလဲဆိုတာ အခုလို ရွင္းျပပါတယ္။

“က်ေနာ္က ၂၁၀၈ က ဒီ Welcome Trust Fellowship ကို ေလွ်ာက္တယ္ေပါ့ေနာ္။ ေလွ်ာက္ေတာ့ တကမၻာလံုးမွာ ၃၀၀ ေက်ာ္ေလာက္ ေလွ်ာက္တယ္ေပါ့ေနာ္။ အဲဒီထဲက ၃ ေယာက္ေရြးတာပါ။ ၿပီးေတာ့ ၃ နွစ္စာ သုေတသနေတြလုပ္ဖို႔ ေထာက္ပံ့ေပးပါတယ္။”

အခုလက္ရွိ ျမန္မာႏိုင္ငံ ငွက္ဖ်ားတိုက္ဖ်က္ေရးနဲ႔ ပတ္သက္ၿပီး ဘာေတြလုပ္ေဆာင္္ေနသလဲ ဆိုတာကိုလည္း သူက ဆက္ရွင္းျပပါတယ္။

“က်ေနာ္ အခုလုပ္ေနတဲ့ သုေတသနက malaria elimination ငွက္ဖ်ားကို အျမစ္ျဖတ္တဲ့ ေနရာေတြမွာ ငွက္ဖ်ားလံုး၀မရွိေတာ့ဘူးဆိုရင္ ဒီလူေတြရဲ႕ ကိုယ္ခံအားေပါ့ေနာ္။ ငွက္ဖ်ားနဲ႔ပတ္သက္တဲ့ ကိုယ္ခံအားသည္ က်သြားႏိုင္တယ္။ က်သြားလို႔ရွိရင္ တကယ္လို႔ ငွက္ဖ်ားျပန္လာလို႔ရွိရင္ ပိုဆိုးမလား။ နဂိုထက္ပိုဆိုးမလား။ လူေတြသည္ ငွက္ဖ်ားကို အရင္ထက္ပိုၿပီး ခံရႏိုင္သလား။ အဲလိုမ်ိဳး ျဖစ္ႏိုင္သလားေပါ့ေနာ္။ လူေတြရဲ႕ ငွက္ဖ်ား ကိုယ္ခံအား ဘယ္ေလာက္ က်သြားသလဲ။ အဲဒီက်သြားတာက ျပႆနာရွိသလားဆိုတဲ့ သုေတသနအတြက္ က်ေနာ္ လုပ္ေနတာေပါ့။ ငွက္ဖ်ားသုေတသန အေရးႀကီးတာက အေရွ႕ေတာင္အာရွမွာ ေဆးမတိုးတဲ့ ငွက္ဖ်ားက အရမ္းပ်ံ႕ႏွံ႔ေနတယ္ေပါ့ေနာ္။ ဒီေဆးမတိုးတဲ့ ငွက္ဖ်ားသည္ ထိုင္း-ျမန္မာနယ္စပ္ကေန တကမၻာလံုးျပန္႔သြားမွာ အားလံုးက အရမ္းစိုးရိမ္တယ္။ ဒါေၾကာင့္ ဒီေဆးမတိုးတဲ့ ငွက္ဖ်ား အျမစ္ျပတ္ေအာင္ ဘယ္လိုလုပ္မလဲ။ ငွက္ဖ်ားအျမစ္ျပတ္ေရးမွာ ေနာက္ဆက္တြဲ ဘာေတြျဖစ္လာႏုိင္သလဲဆိုတာ အကုန္၀ိုင္းၿပီး သုေတသန လုပ္ေနၾကတာပါ။”

အခုလို သုေတသနလုပ္ငန္းေတြ လုပ္ေဆာင္ရာမွာ သုေတသန ပညာရွင္ တေယာက္အေနနဲ႔ ဘယ္လိုအခက္အခဲေတြရွိၿပီး ဌာနဆိုင္ရာပိုင္း ဘယ္လို ခ်ိတ္ဆက္ ေဆာင္ရြက္ရတယ္ ဆုိတာကိုလည္း သူက အခုလိုေျပာပါတယ္။

“လုပ္ငန္းသေဘာသဘာ၀အရ သုေတသနလုပ္မယ္ဆို ခြင့္ျပဳခ်က္ကို ၂ ေနရာက ယူရပါတယ္။ တခုက အမ်ိဳးသား ငွက္ဖ်ားထိန္းခ်ဳပ္ေရး ပ႐ုိဂရမ္က ခြင့္ျပဳခ်က္ယူ၊ ၿပီးရင္ ေဆးပညာဆုိင္ရာ က်င့္၀တ္ေကာ္မတီမွာတင္ၿပီး ခြင့္ျပဳခ်က္ယူ၊ ၂ ေနရာက ယူရတယ္ေပါ့ေနာ္။ ေလာေလာဆယ္ အေျခအေနက ေျပာရမယ္ဆိုရင္ တံခါးဖြင့္ထားၿပီေပါ့ေနာ္။ အေျပာင္းအလဲေတြလည္း လုပ္ေနတယ္။ တခ်ိဳ႕ေနရာေတြမွာ ဘာျပႆနာရွိသလဲဆိုေတာ့ ဒီ government ပိုင္းက လူႀကီးေတြက သူတို႔မွာ စိုးရိမ္စိတ္တခ်ိဳ႕ရွိတယ္။ ဘယ္လိုမ်ိဳးလဲဆိုေတာ့ ဒီ ႏိုင္ငံတကာအဖြဲ႔ေတြနဲ႔ ေပါင္းလုပ္တဲ့အခါ ငါတို႔ဆီက data ေတြ ယူသြားမလား၊ ငါတို႔ဆီကလူေတြကို guinea pig လိုမ်ား စမ္းမလား၊ သူတို႔ဆီီမွာ concern ေလးေတြေတာ့ ရွိတယ္။ ဒါကလည္း အခ်ိန္ယူရမွာေပါ့။ mutual trust အျပန္အလွန္ ယံုၾကည္မႈ တည္ေဆာက္ၿပီးေတာ့မွ ဒါေတြက ေျဖရွင္းလို႔ရမယ့္ အေနအထားမွာ ရွိတယ္။”

ျမန္မာႏုိင္ငံမွာ ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈႏႈန္း ေလ်ာ့က်သြားၿပီ ဆိုေပမယ့္ ေရရွည္မွာ အျမစ္ျပတ္ေအာင္ ေဆာင္ရြက္ဖို႔ လိုအပ္ေနေသးသလို ငွက္ဖ်ားက်န္ရွိေနေသးတဲ့ ေဒသေတြက ေ၀းလံတဲ့ ေဒသေတြျဖစ္ၿပီး စစ္ေရးပဋိပကၡေတြရွိတဲ့ ေနရာေဒသေတြ ျဖစ္ေနတဲ့အေပၚ ေဒါက္တာ ေအာင္ျပည့္ၿဖိဳးက-

“ျမန္မာႏိုင္ငံတြင္း ငွက္ဖ်ားက ေနရာေတာ္ေတာ္မ်ားမ်ားမွာေတာ့ ေပ်ာက္သြားၿပီေပါ့ေနာ္။ ဘယ္လိုေနရာေတြ က်န္သလဲဆိုေတာ့ အစြန္အဖ်ား ေဒသေတြေပါ့။ ၂၀၁၉ မွာ ျမန္မာႏိုင္ငံမွာ ငွက္ဖ်ားလူနာ ၃ ေသာင္းေက်ာ္ ၄ ေသာင္းေလာက္ရွိတယ္။ အဲဒါရဲ႕ ၇၀ ရာခိုင္ႏႈန္းေလာက္က ခ်င္းျပည္နယ္ ပလက္၀နဲ႔ ကရင္ျပည္နယ္ ဖာပြန္ေပါ့ေနာ္။ အဲဒီမွာ စုၿပံဳေနတာေပါ့။ တကယ့္ အစြန္အဖ်ား တကယ္ကို လိုအပ္တဲ့လူေတြမွာ ျဖစ္ေနတာ။ ႏွစ္ေနရာလံုးက သြားဖို႔လာဖို႔ ခက္ခဲတယ္။ ေနာက္ ပလက္၀မွာဆိုလည္း တိုက္ပြဲေတြျဖစ္ေနေတာ့ အဲဒီေနရာေတြမွာ ငွက္ဖ်ားပ႐ုိဂရမ္ေတြအတြက္ သြားဖို႔လာဖို႔ အခက္အခဲေတြ ရွိတာေပါ့။ အခု အမ်ိဳးသား ငွက္ဖ်ားတိုက္ဖ်က္ေရးေရာ၊ က်ေနာ္တုိ႔ေရာ ေခါင္းခဲေနတာက ဒီ ပလက္၀က ငွက္ဖ်ားျပႆနာကို ဘယ္လိုေျဖရွင္းမလဲ။ ဖာပြန္ကို ဘယ္လိုကိုင္တြယ္မလဲ။ ဒီႏွစ္ေနရာသည္ က်ေနာ္တုိ႔အတြက္ အႀကီးဆံုး malaria burdon ေပါ့။ က်ေနာ္တုိ႔ ကိုယ္ခ်င္းစာပါတယ္။ အစြမ္းကုန္လည္း ႀကိဳးစားေနပါတယ္။ ဒီလို ေဆးမတိုးတဲ့ငွက္ဖ်ား ျမန္မာႏုိင္ငံထဲ ေရာက္မလာေအာင္၊ တကယ္လို႔ ေရာက္လာခဲ့ရင္ ဘယ္လို အေကာင္းဆံုး ေျဖရွင္းမလဲ။ က်ေနာ္တုိ႔ အေျဖရွာေနပါတယ္။” လုိ႔ ေျပာပါတယ္။

အခုလို ျမန္မာႏိုင္ငံမွာ ငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရးကို ငွက္ဖ်ားေရာဂါဘက္ဆိုင္ရာ ဝန္ထမ္းေတြ၊ အေျခခံက်န္းမာေရးဝန္ထမ္းေတြ၊ ျပည္သူေတြနဲ႔ ဌာနဆိုင္ရာေတြအျပင္ လူငယ္ဆရာ၀န္ေတြနဲ႔ ေစတနာ့၀န္ထမ္းေတြ တတပ္တအား ပါ၀င္ေဆာင္ရြက္ေနၾကတဲ့အေပၚ တျခားႏိုင္ငံေတြ အေနနဲ႔ အတုယူသင့္ေၾကာင္းကိုလည္း ငွက္ဖ်ားတိုက္ဖ်က္ေရးမွာ ျမန္မာဟာ ကမၻာအတြက္ စံနမူနာျပဳရမယ့္ ႏုိင္ငံတႏုိင္ငံျဖစ္ေၾကာင္း ၂၀၁၉ ဇူလိုင္လအတြင္းက ထုတ္ေ၀တဲ့ The New York Times သတင္းစာမွာလည္း ေဖာ္ျပထားပါတယ္။

-----------------------------------

(Unicode)

ငှက်ဖျားတိုက်ဖျက်ရေး မြန်မာလူငယ်ဆရာဝန်အချို့ရဲ့ ကြိုးပမ်းမှု

ကမ္ဘာတဝှမ်းမှာ ငှက်ဖျားရောဂါကြောင့် အသေအပျောက်များမှုတွေ လျော့ကျလာတယ်လို့ ဆိုပေမယ့်လည်း ကမ္ဘာ့နိုင်ငံ ၉၀ ကျော်က သန်းနဲ့ချီတဲ့ လူဦးရေတွေဟာ ငှက်ဖျားရောဂါ ကူးစက်ခံရမယ့် အန္တရာယ်တွေ ရင်ဆိုင်နေရတုန်းပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို အမျိုးသားကျန်းမာရေး စီမံကိန်းတရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေကြပါတယ်။ သက္ကရာဇ် ၂၀၃၀ မှာ မြန်မာနိုင်ငံကို ငှက်ဖျားရောဂါ ပပျောက်ကင်းစင်တဲ့ နိုင်ငံတခုဖြစ်လာဖို့ လူငယ်ဆရာဝန်တချို့ ဘယ်လိုပူးပေါင်း ကြိုးပမ်းဆောင်ရွက်နေကြပါသလဲ။ အပြည့်အစုံကို မမြသဇင်အောင်က ပြောပြပေးပါမယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၂၀၁၀ အစီရင်ခံစာနဲ့ ၂၀၁၇ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းရော အသေအပျောက်နှုန်းပါ ၂၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားတယ်လို့ ဖော်ပြပါတယ်။ ရည်မှန်းချက်အရ မြန်မာနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ ငှက်ဖျားရောဂါ ပပျောက်ကင်းစင်တဲ့ နိုင်ငံတခုဖြစ်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပြီဖြစ်ပြီး အခုလို ကြိုးပမ်းချက်တွေ အပေါ်မှာ တခြားနိုင်ငံတွေအနေနဲ့ စံနမူနာယူသင့်တယ်လို့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလို ကြိုးပမ်းနေကြတဲ့အထဲ လူငယ်ဆရာဝန်တချို့လည်း ပူးပေါင်းဆောင်ရွက်နေကြတာပါ။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ အပူပိုင်းဒေသ ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Welcome Trust ပါရဂူကျောင်းသား ဒေါက်တာ အောင်ပြည့်ဖြိုးက မြန်မာနိုင်ငံ ငှက်ဖျားရောဂါတိုက်ဖျက်ရေးနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ သူ့အနေနဲ့ ဘယ်လိုကြိုးပမ်းခဲ့ရသလဲဆိုတာ အခုလို ရှင်းပြပါတယ်။

“ကျနော်က ၂၁၀၈ က ဒီ Welcome Trust Fellowship ကို လျှောက်တယ်ပေါ့နော်။ လျှောက်တော့ တကမ္ဘာလုံးမှာ ၃၀၀ ကျော်လောက် လျှောက်တယ်ပေါ့နော်။ အဲဒီထဲက ၃ ယောက်ရွေးတာပါ။ ပြီးတော့ ၃ နှစ်စာ သုတေသနတွေလုပ်ဖို့ ထောက်ပံ့ပေးပါတယ်။”

အခုလက်ရှိ မြန်မာနိုင်ငံ ငှက်ဖျားတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာကိုလည်း သူက ဆက်ရှင်းပြပါတယ်။

“ကျနော် အခုလုပ်နေတဲ့ သုတေသနက malaria elimination ငှက်ဖျားကို အမြစ်ဖြတ်တဲ့ နေရာတွေမှာ ငှက်ဖျားလုံးဝမရှိတော့ဘူးဆိုရင် ဒီလူတွေရဲ့ ကိုယ်ခံအားပေါ့နော်။ ငှက်ဖျားနဲ့ပတ်သက်တဲ့ ကိုယ်ခံအားသည် ကျသွားနိုင်တယ်။ ကျသွားလို့ရှိရင် တကယ်လို့ ငှက်ဖျားပြန်လာလို့ရှိရင် ပိုဆိုးမလား။ နဂိုထက်ပိုဆိုးမလား။ လူတွေသည် ငှက်ဖျားကို အရင်ထက်ပိုပြီး ခံရနိုင်သလား။ အဲလိုမျိုး ဖြစ်နိုင်သလားပေါ့နော်။ လူတွေရဲ့ ငှက်ဖျား ကိုယ်ခံအား ဘယ်လောက် ကျသွားသလဲ။ အဲဒီကျသွားတာက ပြဿနာရှိသလားဆိုတဲ့ သုတေသနအတွက် ကျနော် လုပ်နေတာပေါ့။ ငှက်ဖျားသုတေသန အရေးကြီးတာက အရှေ့တောင်အာရှမှာ ဆေးမတိုးတဲ့ ငှက်ဖျားက အရမ်းပျံ့နှံ့နေတယ်ပေါ့နော်။ ဒီဆေးမတိုးတဲ့ ငှက်ဖျားသည် ထိုင်း-မြန်မာနယ်စပ်ကနေ တကမ္ဘာလုံးပြန့်သွားမှာ အားလုံးက အရမ်းစိုးရိမ်တယ်။ ဒါကြောင့် ဒီဆေးမတိုးတဲ့ ငှက်ဖျား အမြစ်ပြတ်အောင် ဘယ်လိုလုပ်မလဲ။ ငှက်ဖျားအမြစ်ပြတ်ရေးမှာ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အကုန်ဝိုင်းပြီး သုတေသန လုပ်နေကြတာပါ။”

အခုလို သုတေသနလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ သုတေသန ပညာရှင် တယောက်အနေနဲ့ ဘယ်လိုအခက်အခဲတွေရှိပြီး ဌာနဆိုင်ရာပိုင်း ဘယ်လို ချိတ်ဆက် ဆောင်ရွက်ရတယ် ဆိုတာကိုလည်း သူက အခုလိုပြောပါတယ်။

“လုပ်ငန်းသဘောသဘာဝအရ သုတေသနလုပ်မယ်ဆို ခွင့်ပြုချက်ကို ၂ နေရာက ယူရပါတယ်။ တခုက အမျိုးသား ငှက်ဖျားထိန်းချုပ်ရေး ပရိုဂရမ်က ခွင့်ပြုချက်ယူ၊ ပြီးရင် ဆေးပညာဆိုင်ရာ ကျင့်ဝတ်ကော်မတီမှာတင်ပြီး ခွင့်ပြုချက်ယူ၊ ၂ နေရာက ယူရတယ်ပေါ့နော်။ လောလောဆယ် အခြေအနေက ပြောရမယ်ဆိုရင် တံခါးဖွင့်ထားပြီပေါ့နော်။ အပြောင်းအလဲတွေလည်း လုပ်နေတယ်။ တချို့နေရာတွေမှာ ဘာပြဿနာရှိသလဲဆိုတော့ ဒီ government ပိုင်းက လူကြီးတွေက သူတို့မှာ စိုးရိမ်စိတ်တချို့ရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဒီ နိုင်ငံတကာအဖွဲ့တွေနဲ့ ပေါင်းလုပ်တဲ့အခါ ငါတို့ဆီက data တွေ ယူသွားမလား၊ ငါတို့ဆီကလူတွေကို guinea pig လိုများ စမ်းမလား၊ သူတို့ဆီမှာ concern လေးတွေတော့ ရှိတယ်။ ဒါကလည်း အချိန်ယူရမှာပေါ့။ mutual trust အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီးတော့မှ ဒါတွေက ဖြေရှင်းလို့ရမယ့် အနေအထားမှာ ရှိတယ်။”

မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျသွားပြီ ဆိုပေမယ့် ရေရှည်မှာ အမြစ်ပြတ်အောင် ဆောင်ရွက်ဖို့ လိုအပ်နေသေးသလို ငှက်ဖျားကျန်ရှိနေသေးတဲ့ ဒေသတွေက ဝေးလံတဲ့ ဒေသတွေဖြစ်ပြီး စစ်ရေးပဋိပက္ခတွေရှိတဲ့ နေရာဒေသတွေ ဖြစ်နေတဲ့အပေါ် ဒေါက်တာ အောင်ပြည့်ဖြိုးက-

“မြန်မာနိုင်ငံတွင်း ငှက်ဖျားက နေရာတော်တော်များများမှာတော့ ပျောက်သွားပြီပေါ့နော်။ ဘယ်လိုနေရာတွေ ကျန်သလဲဆိုတော့ အစွန်အဖျား ဒေသတွေပေါ့။ ၂၀၁၉ မှာ မြန်မာနိုင်ငံမှာ ငှက်ဖျားလူနာ ၃ သောင်းကျော် ၄ သောင်းလောက်ရှိတယ်။ အဲဒါရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ချင်းပြည်နယ် ပလက်ဝနဲ့ ကရင်ပြည်နယ် ဖာပွန်ပေါ့နော်။ အဲဒီမှာ စုပြုံနေတာပေါ့။ တကယ့် အစွန်အဖျား တကယ်ကို လိုအပ်တဲ့လူတွေမှာ ဖြစ်နေတာ။ နှစ်နေရာလုံးက သွားဖို့လာဖို့ ခက်ခဲတယ်။ နောက် ပလက်ဝမှာဆိုလည်း တိုက်ပွဲတွေဖြစ်နေတော့ အဲဒီနေရာတွေမှာ ငှက်ဖျားပရိုဂရမ်တွေအတွက် သွားဖို့လာဖို့ အခက်အခဲတွေ ရှိတာပေါ့။ အခု အမျိုးသား ငှက်ဖျားတိုက်ဖျက်ရေးရော၊ ကျနော်တို့ရော ခေါင်းခဲနေတာက ဒီ ပလက်ဝက ငှက်ဖျားပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ ဖာပွန်ကို ဘယ်လိုကိုင်တွယ်မလဲ။ ဒီနှစ်နေရာသည် ကျနော်တို့အတွက် အကြီးဆုံး malaria burdon ပေါ့။ ကျနော်တို့ ကိုယ်ချင်းစာပါတယ်။ အစွမ်းကုန်လည်း ကြိုးစားနေပါတယ်။ ဒီလို ဆေးမတိုးတဲ့ငှက်ဖျား မြန်မာနိုင်ငံထဲ ရောက်မလာအောင်၊ တကယ်လို့ ရောက်လာခဲ့ရင် ဘယ်လို အကောင်းဆုံး ဖြေရှင်းမလဲ။ ကျနော်တို့ အဖြေရှာနေပါတယ်။” လို့ ပြောပါတယ်။

အခုလို မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို ငှက်ဖျားရောဂါဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ အခြေခံကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေအပြင် လူငယ်ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်းတွေ တတပ်တအား ပါဝင်ဆောင်ရွက်နေကြတဲ့အပေါ် တခြားနိုင်ငံတွေ အနေနဲ့ အတုယူသင့်ကြောင်းကိုလည်း ငှက်ဖျားတိုက်ဖျက်ရေးမှာ မြန်မာဟာ ကမ္ဘာအတွက် စံနမူနာပြုရမယ့် နိုင်ငံတနိုင်ငံဖြစ်ကြောင်း ၂၀၁၉ ဇူလိုင်လအတွင်းက ထုတ်ဝေတဲ့The New York Times သတင်းစာမှာလည်း ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG