သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ တည်ဆောက်မယ့် ရထားလမ်း စီမံကိန်း မလေးရှား ဖျက်သိမ်း


China Communication Construction ကုမ္ပဏီ လီမိတက်နဲ့ ဆောင်ရွက်ဖို့ စာချုပ်ထားတဲ့ မလေးရှားရဲ့ ဒေါ်လာ ၂၀ ဘီလျံတန် East Coast Rail Link ပုံကြမ်း
China Communication Construction ကုမ္ပဏီ လီမိတက်နဲ့ ဆောင်ရွက်ဖို့ စာချုပ်ထားတဲ့ မလေးရှားရဲ့ ဒေါ်လာ ၂၀ ဘီလျံတန် East Coast Rail Link ပုံကြမ်း

တရုတ် လုပ်ငန်း China Communication Construction ကုမ္ပဏီလီမိတက်နဲ့ ဆောင်ရွက်ဖို့ စာချုပ်ထားတဲ့ မလေးရှားရဲ့ ဒေါ်လာ ၂၀ ဘီလျံတန် East Coast Rail Link ရထားလမ်းတည်ဆောက်ရေး စီမံကိန်းကို ဖျက်သိမ်းမယ့် အကြောင်း မလေးရှား စီးပွားရေးဆိုင်ရာ ဝန်ကြီးက စနေနေ့မှာ ပြောဆိုပါတယ်။ စီမံကိန်း ကုန်ကျစာရိတ်က များလွန်းတာကြောင့် ဖြစ်တယ်လို့ ဝန်ကြီး Mohamed Azmin Ali က ပြောပါတယ်။

ဒါပေမယ့် မလေးရှား အနေနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုမှာဖြစ်ကြောင်းလည်း အာမခံ ပြောဆိုပါတယ်။ ရထားလမ်း တည်ဆောက်ရေး အတွက် ကုန်ကျစာရိတ်က များလွန်းလှပြီး အစိုးရဘက်က ငွေကြေး မတတ်နိုင်လို့ အခုလို ဖျက်သိမ်းဖို့ ဆုံးဖြတ်တာလို့လည်း ဝန်ကြီး Azmin က ပြောပါတယ်။

စီမံကိန်း ဖျက်သိမ်းတဲ့ အတွက် စာချုပ်ထားတဲ့ တရုတ် ကုမ္ပဏီကို ဘယ်လောက် ပေးလျော် မလဲ ဆိုတာကို အစိုးရဘက်က စဉ်းစား ချင့်ချိန်နေကြောင်းလည်း သူက ပြောပါတယ်။ စီမံကိန်း အတွက် တနှစ်အတွက် အတိုးနှုန်းတခုတည်းတင် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမှာ ဖြစ်ပါတယ်။ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကလည်း ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက အစိုးရ အနေနဲ့ ဒီစီမံကိန်း တည်ဆောက်ရေး အတွက် မတတ်နိုင်တာကြောင့် တရုတ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေဘဲ စီမံကိန်းကို ဖျက်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG