သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအောင်နိုင်မှု ထောင်ကျခံ Anwar Ibrahim ဝမ်းမြောက်


Anwar Ibrahim
Anwar Ibrahim

မလေးရှားနိုင်ငံမှာ Mahathir Mohamad ဦးဆောင်တဲ့ ၄ ပါတီညွန့်ပေါင်းမဟာမိတ်တွေ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့အပေါ် ထောင်ချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် Anwar Ibrahim ကအင်မတန် ဝမ်းသာနေတယ်လို့ သူ့ရဲ့ People's Justice Party ကပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် စတင်လှုပ်ရှားခဲ့တာ အနှစ် ၂၀ နီးပါးအကြာမှာ အတိုက်အခံတွေ အနိုင်ရခဲ့တဲ့အပေါ် Mr. Anwar အတိုင်းမသိ ဝမ်းသာနေတယ်လို့ သူ့ကို ဆေးရုံမှာသွားရောက်တွေ့ဆုံခဲ့တဲ့ People's Justice Party ပါတီရဲ့ ထိပ်တန်းနိုင်ငံရေးသမားတယောက်ဖြစ်တဲ့ Saifuddin Nasution ကသတင်းထောက်တွေကို သောကြာနေ့က ပြောကြားခဲ့တာပါ။

Mr. Anwar ဟာ ခွဲစိတ်ကုသမှုတခု လတ်တလောမှာပဲ ခံယူထားတဲ့အတွက် ဆေးရုံတက်နေရတာဖြစ်ပါတယ်။ Mr. Anwar ကို မလေးဘုရင်က အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လိုလားတယ်လို့ Mr. Mahathir ကလည်း ပြောကြားခဲ့ပါတယ်။ သူရက်ပိုင်းအတွင်းလွတ်လာနိုင်တယ်လို့ ဇနီးဖြစ်သူ Wan Azizah Wan Ismail ကလည်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။

Mr. Anwar ရဲ့ဇနီး Wan Azizah ကို အစိုးရသစ်မှာ ဒုဝန်ကြီးချုပ်ရာထူးပေးဖို့ လျာထားပါတယ်။ Mr. Anwar ဟာ လိင်တူဆက်ဆံမှုနဲ့ ၂၀၁၅ ခုနှစ်တုန်းက ထောင်ချခံခဲ့ရတာပါ။ အဲဒီတုန်းက အစိုးရက အတိုက်အခံတွေနှိမ်နှင်းဖို့ အတွက် နိုင်ငံရေးအရ တမင်အကွက်ဆင်ထောင်ချတာဖြစ်တယ်လို့ Mr. Anwar ကပြောကြားခဲ့ပါတယ်။

Mahathir ဝန်ကြီးချုပ်ဖြစ်နေတဲ့ ၁၉၉၈ ခုနှစ်တုန်းကလည်း အဲဒီက ဒုဝန်ကြီးချုပ် Mr. Anwar ပထမတကြိမ် ထောင်ချခံခဲ့ရပြီး ၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်။ အခုတကြိမ် ဝန်ကြီးချုပ်ပြန်ဖြစ်လာတဲ့ Mr. Mahathir က လာမယ့်နှစ်ပိုင်းတွေအတွင်း Mr. Anwar ကိုအာဏာလွှဲပေးမယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG