သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားမွာ တရားမဝင္ေနသူေတြ ဒဏ္ေၾကးသက္သာေနရပ္ျပန္ အစီအစဥ္


မေလးရွားတြင္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္မွ တရားမဝင္ အလုပ္သမားမ်ား။ (ေမ ၁၁၊ ၂၀၁၅)

(Zawgyi / Unicode)

မေလးရွားႏုိင္ငံမွာ ဒီဇင္ဘာလဆန္းကစၿပီး တရားမဝင္ ႏုိင္ငံျခားသားေတြကို လိုက္လံဖမ္းဆီးတဲ့ စစ္ဆင္ေရး လုပ္ခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံသား အမ်ားအျပား အဖမ္းခံခဲ့ရပါတယ္။ B4G (Back For Good) လို႔ေခၚတဲ့ ေနရပ္ရင္းကို ဒဏ္ေၾကးသက္သက္သာသာနဲ႔ ျပန္ႏိုင္တဲ့ အစီအစဥ္အတြက္ ေနာက္ဆံုး သတ္မွတ္ရက္ ဒီဇင္ဘာ ၃၁ ရက္ မေရာက္ခင္ ျမန္မာအေတာ္မ်ားမ်ားဟာ ေနရပ္ျပန္ဖို႔အတြက္ လုပ္ေနၾကတယ္လုိ႔ ဆုိပါတယ္။ အျပည့္အစံုကို ဗီြအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏုိင္ငံမွာ ႏွစ္ကုန္ပုိင္းမွာ အဖမ္းဆီးေတြ ပုိၿပီးစိတ္လာတဲ့အတြက္ ျမန္မာေတြဟာ လူ၀င္မႈႀကီးၾကပ္ေရးဌာနေတြမွာ ဒဏ္ေၾကးေပးသြင္းၿပီး ေနရပ္ျပန္ၾကသူေတြ မ်ားလာပါတယ္။ ထိန္းသိမ္းေရးစခန္းေတြမွာ ေရာက္ေနတဲ့ ျမန္မာေတြကို မေလးရွားႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ုံး ကိုယ္စားျပဳၿပီး အကူအညီေပးေနတဲ့ ကုိသီဟေမာင္ေမာင္ကေတာ့ ဒီရက္ပုိင္းေတြမွာ အဖမ္းအဆီးေတြ မ်ားလာေၾကာင္း ေျပာပါတယ္။

“အဖမ္းအဆီးက ႏွစ္ကုန္ပုိင္းလည္း ျဖစ္ေနတယ္။ ေနာက္ၿပီး B4G အစီအစဥ္နဲ႔ ျပန္ဖို႔လည္း ဖြင့္ထားေတာ့ လူအေတာ္မ်ားမ်ား မျပန္ဘဲေနမွာ စုိးရိမ္တာလည္း တပုိင္း၊ စီမံခ်က္က ႏွစ္ကုန္ပုိင္းအတြင္း လုပ္ေနတာပဲ၊ ႏွစ္ကုန္ပုိင္းေတာ့ ပုိၿပီး ဖမ္းဖို႔မ်ားတယ္၊ အခုလည္း ဖမ္းေနေသးတာပဲ။”

မေလးရွားအစုိးရက ဒဏ္ေၾကးသက္သာစြာနဲ႔ ေနရပ္ျပန္ႏိုင္ဖို႔အတြက္ ျပည္နယ္ ၁၃ ခုမွာ စင္တာေတြ ဖြင့္ထားၿပီး ဒဏ္ေၾကးေပးေဆာင္ရတဲ့ ေကာင္တာေတြလည္း အမ်ားအျပား ဖြင့္ထားတာပါ။ ဒီႏွစ္ကုန္ပုိင္း အဖမ္းအဆီးေၾကာင့္ ျပည္နယ္တိုင္းမွာ ဒဏ္ေၾကးေပးတဲ့ ေနရာမွာေတာင္ ျပန္ၾကမယ့္လူေတြ မ်ားျပားၿပီး ျပည့္ႏွက္ေနတယ္လို႔လည္း ေျပာျပပါတယ္။

“သူကေတာ့ တံုကင္နံပါတ္နဲ႔ ေပးေနတာပဲ။ တံုကင္နံပါတ္ရဖို႔ သူတုိ႔ အေစာႀကီးသြားတယ္။ ဆိုပါစို႔ တံုကင္လုပ္တဲ့ ပိုထရာဂ်ာရား လ၀ကဆိုရင္ လူအေယာက္ ၄၀၀ စာပဲ ေပးထားတာေလ။ သူတို႔၀န္ထမ္း အေရအတြက္နဲ႔ ကိုက္ၿပီး လူ ၄၀၀ စာပဲေပးတယ္။ ဒါပေမယ့္ တကယ့္တကယ္ လာၿပီး တုိးတဲ့လူက ေထာင္ေက်ာ္တဲ့အခါက်ေတာ့ ၄၀၀ ေလာက္နဲ႔ျပတ္ၿပီး က်န္တဲ့ ၆၀၀ ေလာက္က က်န္ခဲ့တာေပါ့။ အခု ေတာ္ေတာ္မ်ားမ်ား ျပန္ၾကပါတယ္။ က်ေနာ္တို႔ သံ႐ုံးမွာလည္း စီအိုင္ (မည္သူမည္၀ါျဖစ္ေၾကာင္း သက္ေသခံအေထာက္အထား) လာေလွ်ာက္တဲ့သူေတြ ရွိတယ္။ သူတို႔ရည္မွန္းခ်က္ မျပည့္ေသးတဲ့ သူေတြကလဲြရင္ ေတာ္ေတာ္မ်ားမ်ား ျပန္ၾကပါတယ္။”

မေလးရွား အဖမ္းအဆီးေတြေၾကာင့္ ေနရပ္ျပန္ၾကသူေတြထဲက ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာ ျပန္တဲ့ ေရႊ႕ေျပာင္းအလုပ္သမား တဦးကေတာ့ အခုလိုေျပာျပပါတယ္။

“အဖမ္းအဆိီးေတြမ်ားတယ္။ ကုိယ့္ႏုိင္ငံေလာက္ မလြတ္လပ္ဘူးေလ။ ဒီေတာ့ လြတ္လပ္တဲ့ ကုိယ့္ႏုိင္ငံမွာပဲ ျပန္လုပ္စားေတာ့မယ္။ ေရာက္တာေတာ့ ၂ ႏွစ္ရွိၿပီ။ ရဲဖမ္းတာေတာ့ မႀကံဳဖူးပါဘူး။ ဒါေပမယ့္ ကိုယ့္ဘာသာ လံုၿခံဳမႈမရွိတာေတြ အမ်ားႀကီး ႀကံဳခဲ့ရတာေပါ့။ လာတုန္းကေတာ့ ထုိင္း-မေလးနယ္စပ္က ေအာက္လမ္းကလာတာပါ။”

ဒဏ္ေၾကးသက္သာစြာနဲ႔ ေနရပ္ျပန္ႏိုင္ေရးအတြက္ B4G (Back For Good)အစီအစဥ္က ဒီဇင္ဘာလကုန္မွာ ၿပီးေတာ့မွာမို႔ မေလးရွားႏုိင္ငံမွာ အဖမ္းအဆီး ပိုမိုစိတ္လာၿပီး တႏွစ္အတြင္း ႏိုင္ငံျခားသား ၅ ေသာင္းနီးပါးကို ဖမ္းဆီးရမိခ့ဲ့တယ္လို႔ ဒီဇင္ဘာလထဲမွာပဲ မေလးရွား လူ၀င္မႈႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

---------------------------------

(Unicode)

မလေးရှားမှာ တရားမဝင်နေသူတွေ ဒဏ်ကြေးသက်သာနေရပ်ပြန် အစီအစဉ်

မလေးရှားနိုင်ငံမှာ ဒီဇင်ဘာလဆန်းကစပြီး တရားမဝင် နိုင်ငံခြားသားတွေကို လိုက်လံဖမ်းဆီးတဲ့ စစ်ဆင်ရေး လုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား အများအပြား အဖမ်းခံခဲ့ရပါတယ်။ B4G (Back For Good) လို့ခေါ်တဲ့ နေရပ်ရင်းကို ဒဏ်ကြေးသက်သက်သာသာနဲ့ ပြန်နိုင်တဲ့ အစီအစဉ်အတွက် နောက်ဆုံး သတ်မှတ်ရက် ဒီဇင်ဘာ ၃၁ ရက် မရောက်ခင် မြန်မာအတော်များများဟာ နေရပ်ပြန်ဖို့အတွက် လုပ်နေကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ နှစ်ကုန်ပိုင်းမှာ အဖမ်းဆီးတွေ ပိုပြီးစိတ်လာတဲ့အတွက် မြန်မာတွေဟာ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ ဒဏ်ကြေးပေးသွင်းပြီး နေရပ်ပြန်ကြသူတွေ များလာပါတယ်။ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာတွေကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကိုယ်စားပြုပြီး အကူအညီပေးနေတဲ့ ကိုသီဟမောင်မောင်ကတော့ ဒီရက်ပိုင်းတွေမှာ အဖမ်းအဆီးတွေ များလာကြောင်း ပြောပါတယ်။

“အဖမ်းအဆီးက နှစ်ကုန်ပိုင်းလည်း ဖြစ်နေတယ်။ နောက်ပြီး B4G အစီအစဉ်နဲ့ ပြန်ဖို့လည်း ဖွင့်ထားတော့ လူအတော်များများ မပြန်ဘဲနေမှာ စိုးရိမ်တာလည်း တပိုင်း၊ စီမံချက်က နှစ်ကုန်ပိုင်းအတွင်း လုပ်နေတာပဲ၊ နှစ်ကုန်ပိုင်းတော့ ပိုပြီး ဖမ်းဖို့များတယ်၊ အခုလည်း ဖမ်းနေသေးတာပဲ။”

မလေးရှားအစိုးရက ဒဏ်ကြေးသက်သာစွာနဲ့ နေရပ်ပြန်နိုင်ဖို့အတွက် ပြည်နယ် ၁၃ ခုမှာ စင်တာတွေ ဖွင့်ထားပြီး ဒဏ်ကြေးပေးဆောင်ရတဲ့ ကောင်တာတွေလည်း အများအပြား ဖွင့်ထားတာပါ။ ဒီနှစ်ကုန်ပိုင်း အဖမ်းအဆီးကြောင့် ပြည်နယ်တိုင်းမှာ ဒဏ်ကြေးပေးတဲ့ နေရာမှာတောင် ပြန်ကြမယ့်လူတွေ များပြားပြီး ပြည့်နှက်နေတယ်လို့လည်း ပြောပြပါတယ်။

“သူကတော့ တုံကင်နံပါတ်နဲ့ ပေးနေတာပဲ။ တုံကင်နံပါတ်ရဖို့ သူတို့ အစောကြီးသွားတယ်။ ဆိုပါစို့ တုံကင်လုပ်တဲ့ ပိုထရာဂျာရား လဝကဆိုရင်လူအယောက် ၄၀၀ စာပဲ ပေးထားတာလေ။ သူတို့ဝန်ထမ်း အရေအတွက်နဲ့ ကိုက်ပြီး လူ ၄၀၀ စာပဲပေးတယ်။ ဒါပမေယ့် တကယ့်တကယ် လာပြီး တိုးတဲ့လူက ထောင်ကျော်တဲ့အခါကျတော့ ၄၀၀ လောက်နဲ့ပြတ်ပြီး ကျန်တဲ့ ၆၀၀ လောက်က ကျန်ခဲ့တာပေါ့။ အခု တော်တော်များများ ပြန်ကြပါတယ်။ ကျနော်တို့ သံရုံးမှာလည်း စီအိုင် (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား) လာလျှောက်တဲ့သူတွေ ရှိတယ်။ သူတို့ရည်မှန်းချက် မပြည့်သေးတဲ့ သူတွေကလွဲရင် တော်တော်များများ ပြန်ကြပါတယ်။”

မလေးရှား အဖမ်းအဆီးတွေကြောင့် နေရပ်ပြန်ကြသူတွေထဲက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြန်တဲ့ ရွှေ့ပြောင်းအလုပ်သမား တဦးကတော့ အခုလိုပြောပြပါတယ်။

“အဖမ်းအဆီးတွေများတယ်။ ကိုယ့်နိုင်ငံလောက် မလွတ်လပ်ဘူးလေ။ ဒီတော့ လွတ်လပ်တဲ့ ကိုယ့်နိုင်ငံမှာပဲ ပြန်လုပ်စားတော့မယ်။ ရောက်တာတော့၂ နှစ်ရှိပြီ။ ရဲဖမ်းတာတော့ မကြုံဖူးပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ လုံခြုံမှုမရှိတာတွေ အများကြီး ကြုံခဲ့ရတာပေါ့။ လာတုန်းကတော့ ထိုင်း-မလေးနယ်စပ်က အောက်လမ်းကလာတာပါ။”

ဒဏ်ကြေးသက်သာစွာနဲ့ နေရပ်ပြန်နိုင်ရေးအတွက် B4G (Back For Good)အစီအစဉ်က ဒီဇင်ဘာလကုန်မှာ ပြီးတော့မှာမို့ မလေးရှားနိုင်ငံမှာ အဖမ်းအဆီး ပိုမိုစိတ်လာပြီး တနှစ်အတွင်း နိုင်ငံခြားသား ၅ သောင်းနီးပါးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီဇင်ဘာလထဲမှာပဲ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG