သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးလေယာဉ်က ဖြစ်ဖွယ်ရှိတဲ့ အပိုင်းအစတွေ တရုတ်တွေ့ရှိ


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစတွေ တောင်တရုတ် ပင်လယ်ပြင်ထဲမှာ မျောနေတာမျိုး ဖြစ်နိုင်တဲ့ ကောင်းကင်ဓာတ်ပုံတွေကို တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံတွေကို မလေးရှားက ဘိုးရင်း ၇၇၇ ပျောက်ဆုံးသွားတဲ့ နောက်တနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့က ရိုက်ယူခဲ့တာဖြစ်ကြောင်း တရုတ်အစိုးရရဲ့ ကြေညာချက်ကို ကိုးကားပြီး အစိုးရသတင်းဌာနက ဖော်ပြပါတယ်။ ဒီပုံတွေကို ဗုဒ္ဓဟူးနေ့ရောက်မှ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပုံတွေထဲမှာ ပင်လယ်ပြင်ထဲ မျောနေတဲ့ ကြီးမားတဲ့ အရာဝတ္တု ၃ ခု ပါဝင်ပြီး မလေးရှားနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ ရေပိုင်နက်ကြားမှာ တွေ့ရှိရတာဖြစ်ပါတယ်။ ဒီပုံတွေကို ပျောက်ဆုံး ဂျက်လေယာဉ် ပျံသန်းတဲ့ မူလလမ်းကြောင်းပေါ်မှာ တွေ့ရတာဖြစ်ပါတယ်။

ဒီဂြိုဟ်တုဓာတ်ပုံတွေထဲမှာ တွေ့ရတဲ့ပစ္စည်းတွေဟာ ဘာတွေလဲဆိုတာ မသိရသေးသလို၊ စုံစမ်းစစ်ဆေးမှုတွေလည်း အခုထိ မလုပ်နိုင်သေးတဲ့အတွက် အတိအကျပြောဖို့ ခက်နေပါတယ်။

မလေးရှားလေကြောင်း ခရီးစဉ်အမှတ် ၃၇၀ ဟာ စနေနေ့ အစောပိုင်းကတည်းက ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို အသွား လမ်းမှာ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၂၃၉ ဦး လိုက်ပါသွားတာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကတော့ လေယာဉ်ပျောက်အတွက် ရှာဖွေမယ့် ဧရိယာအကျယ်အဝန်းကို မလေးရှားအစိုးရက ထပ်ပြီး ချဲ့လိုက်ပါတယ်။ ရေပြင် စတုရန်းမိုင် ၃ သောင်းခွဲ အကျယ်အဝန်းမှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက လေယာဉ်တွေ၊ သင်္ဘောတွေ ပါဝင်ပြီး လိုက်လံ ရှာဖွေနေကြတာဖြစ်ကြောင်း မလေးရှား ခရီးသွားဌာနဝန်ကြီးက
ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG