သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား အတိုက်အခံသတင်းစာ လိုင်စင်သိမ်း

မလေးရှား အတိုက်အခံခေါင်းဆောင် အန်န်ဝါ အီဘရာဟင်မ်။ စက်တင်ဘာ ၇၊ ၂၀၀၈
မလေးရှား အတိုက်အခံခေါင်းဆောင် အန်န်ဝါ အီဘရာဟင်မ်။ စက်တင်ဘာ ၇၊ ၂၀၀၈

မလေးရှားနိုင်င်ငံမှာ အတိုက်အခံပါတီရဲ့ သတင်းစာတိုက်တခုကို အစိုးရက ပိတ်လိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် Anwar Ibrahim ဦးဆောင်တဲ့ပါတီကနေထုတ်ဝေတဲ့ Suara Keadilan သတင်းစာထုတ်ဝေခွင့် လိုင်စင်ကို သက်တမ်းတိုးမပေးတော့ဘူးလို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

အစိုးရဌာနတခုမှာ ဘဏ္ဍာရေးပြဿနာ အကြီးအကျယ် ပေါ်နေတယ်ဆိုပြီး သတင်းစာထဲမှာ မကြာခင်က ရေးသားဖော်ပြမှုဟာ မမှန်ကန်ဘူးလို့ ပြည်ထဲရေးဌာနက ဆိုပါတယ်။ မလေးရှားမှာ သတင်းစာထုတ်ဝေခွင့် အသံလွှင့်ခွင့် လိုင်စင်တွေကို အစိုးရဆီမှာ လျှောက်ရပြီး တနှစ်တခါ သတ်တမ်းတိုးရပါတယ်။ Suara Keadilan သတင်းစာ ထုတ်ဝေခွင့်လိုင်စင် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Najib Razak ရဲ့ အစိုးရဟာ အတိုက်အခံတွေကိုဖိနှိပ်တဲ့အနေနဲ့ သတင်းမီဒီယာ တွေအပေါ် ဆင်ဆာဖြတ်မှု ပိုလုပ်လာတယ်လို့ အတိုက်အခံခေါင်းဆောင်တွေက စွပ်စွဲနေပါ တယ်။

မလေးရှားက အဓိက သတင်းမီဒီယာ လုပ်ငန်းတွေကို လုပ်ကိုင်နေကြသူ တော်တော်များများ ဟာ လက်ရှိ အာဏာရပါတီနဲ့ အင်မတန် နီးစပ်သူတွေဖြစ်ကြပါတယ်။

This item is part of
XS
SM
MD
LG