ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း အမှတ်စဉ် MH370 ရှာဖွေရေး လုပ်ငန်းတွေကိစ္စ ဆွေးနွေးဖို့ မလေးရှားနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် Zhang Yesui ဟာ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင် သတင်းတွေမှာ ဖော်ပြထားပါတယ်။
သူတို့ ၂ ဦး လက်ဆွဲနှုတ်ဆက်နေတဲ့ပုံကို အစိုးရပိုင် ဆင်ဟွာ ရုပ်သံသတင်းမှာ ဖော်ပြထားပြီး ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Zhang Yesui က ပျောက်ဆုံးနေတဲ့ လေယာဉ်ကို မနားမနေ ကြိုးစားရှာဖွေပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးလေယာဉ်ကိစ္စ မလေးရှားအစိုးရနဲ့ ဆွေးနွေးတိုင်ပင်ဖို့ မစ္စတာ Zhang ကို သမ္မတ ရှီကျင့်ဖျင် က အင်္ဂါနေ့မှာ တာဝန်ပေးအပ်လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ပျောက်ဆုံးနေတဲ့ အဲဒီလေယာဉ် အပိုင်းအစနဲ့တူတဲ့ အရာဝတ္ထု ၃ ခုကို လေယာဉ်နဲ့လိုက်ရှာစဉ် တွေ့ရှိခဲ့တဲ့အကြောင်း သြစတြေးလျ အာဏာပိုင်တွေက ဗုဒ္ဒဟူးနေ့မှာ ပြောပါတယ်။
သြစတြေးလျနိုင်ငံ Perth မြို့ အနောက်တောင်ပိုင်း မိုင် ၁၅၅၀ လောက်ဝေးတဲ့နေရာမှာ အရာဝတ္ထု ၂ ခုကို လိုက်ရှာနေတဲ့ လေယာဉ် ၁၂ စင်းထဲက ၁ စင်းက တွေ့ရှိခဲ့သလို နယူးဇီလန်နိုင်ငံက ရှာဖွေရေး လေတပ်လေယာဉ် P – 3 Orion ကလည်း အပြာရောင် ကြိုးနဲ့တူတဲ့အရာကို တွေ့ရှိခဲ့တယ်ဆိုပေမဲ့ နောက်ပိုင်း ဆက်ရှာတဲ့အခါ ထပ်မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။