သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ပျောက်ဆုံးလေယာဉ် ရှာဖွေရေး ကာလကြာမြင့်နိုင်


ပျောက်ဆုံးနေတာ သီတင်းသုံးပတ် ကျော်လာပြီဖြစ်တဲ့ မလေးရှားလေကြောင်း လိုင်းက လေယာဉ်ကို ရှာဖွေရေးအဖွဲ့တွေက သဲလွန်စ တွေ့ဖို့ ဆက်ပြီး ရှာဖွေနေတဲ့အချိန်မှာပဲ ဒီလုပ်ငန်းစဉ်ဟာ အချိန်ကာလ ရှည်ကြာသွားနိုင်တယ်လို့ သြစတြေးလျ အရာရှိ တယောက်က သတိပေးလိုက်ပါတယ်။

ပူးတွဲ ညှိနှိုင်းဆောင်ရွက်မှု အေဂျင်စီအသစ်ကို ဦးဆောင်နေသူ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Angus Houston က စစ်တပ်လေယာဉ် ၁၀ စင်းနဲ့ အင်္ဂါနေ့က အိန္ဒိယ သမုဒ္ဒရာထဲမှာ အိုင်ယာလန်လောက် အကျယ်အဝန်းရှိတဲ့ ရေပြင် ဧရိယာထဲမှာ ရှာဖွေမှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

လေယာဉ်ကို နောက်ဆုံး တွေ့ရတဲ့နေရာနဲ့ လေယာဉ် ပျောက်ဆုံးသွားပုံရတဲ့ နေရာက သိပ်ကို ဝေးကွာလွန်းတာကြောင့် ရှာဖွေရေး လုပ်ငန်းစဉ်ဟာ ခက်ခဲပါတယ်လို့လည်း သူက ပြောပါတယ်။

ဒီလေယာဉ်ပျောက် ရှာဖွေမှုဟာဆိုရင် သူတွေ့ကြုံခဲ့သမျှထဲမှာ စိန်ခေါ်မှု အများဆုံးဖြစ်ပြီး မတ်လ ၈ ရက်နေ့က ပျောက်ဆုံးခဲ့တဲ့ လူပေါင်း ၂၃၉ ယောက် လိုက်ပါသွားတဲ့ လေယာဉ်နဲ့ ပတ်သက်ပြီး သဲလွန်စ တခုတလေမှ ရှာဖွေရေးအဖွဲ့တွေ မတွေ့သေးဘူးလို့လည်း သူက ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် Najib Razak ကတော့ ဗုဒ္ဓဟူးနေ့မှာ သြစတြေးလျကို သွားရောက်နေပြီ ဖြစ်ပါတယ်။
XS
SM
MD
LG