သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားဝန်ကြီးချုပ် Najib ကို Mahathir တရားစွဲ


မလေးရှားဝန်ကြီးချုပ် Najib Razak
မလေးရှားဝန်ကြီးချုပ် Najib Razak

မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းက လက်ရှိဝန်ကြီးချုပ် Najib Razak ကို အစိုးရရဲ့ ရန်ပုံငွေတွေ သူ့ရဲ့ ပုဂ္ဂလိကပိုင် ဘဏ်စာရင်းထဲကို လွှဲပြောင်း ထည့်သွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုလိုက်ပါတယ်။

Najib ဟာ မရိုးသားတဲ့စိတ်နဲ့ ရည်ရွယ်ချက်ရှိရှိ အဂတိလိုက်စားမှု လုပ်ရပ်ကို နည်းလမ်းအမျိုးမျိုးနဲ့ တက်တက်ကြွကြွ ကျိုးပမ်းခဲ့တယ်၊ တရားဝင် အစိုးရဌာနတွေက ပြုလုပ်တဲ့ စုံစမ်း စစ်ဆေးမှုမျိုးစုံကို ပိတ်ဆို့တားဆီတာတွေ လုပ်ခဲ့သလို၊ ကြံ့ကြာသွားအောင်၊ လမ်းချော်သွားအောင် စသဖြင့် အမျိုးမျိုး ကျိုးပမ်းလုပ်ဆောင် ခဲ့တယ်လို့ ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad က တရားစွဲဆိုတဲ့ စွပ်စွဲချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီတရားစွဲဆိုမှုရဲ့ အရင်းခံကတော့ ကာလကြာရှည်စွာ အစိုးရပိုင် ဖွံ့ဖြိုးရေး ကုမ္ပဏီတခုနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အဂတိလိုက်စားမှု စွတ်စွဲချက် ထွက်ပေါ်ခဲ့ပြီးနောက် ပေါ်ပေါက်လာတာပါ။ တချို့ကလည်း Najib ဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၈၀ ကျော်ကို သူ့ရဲ့ ပုဂ္ဂလိက ငွေစာရင်းနဲ့ သူနဲ့ နီးစပ် ပတ်သက်သူတွေရဲ့ ဘဏ်စာရင်းတွေထဲကို လွှဲပြောင်း ထည့်သွင်းခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။

တချိန်ကတော့ Najib က သူ့အနေနဲ့ အစိုးရပိုင် ငွေတွေနဲ့ ပတ်သက်လို့ ဘာအမှားကျူးလွန်မှုမှ သူ့အနေနဲ့ ကျူးလွန်ခဲ့တာမျိုး မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သလို ဒီငွေတွေဟာ ၂၀၁၃ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် သူ့ကို ဆော်ဒီနိုင်ငံ တော်ဝင်မိသားစုက လက်ဆောင်အဖြစ် ပေးတာဖြစ်ကြောင်း ပြောဆိုခဲ့ဘူးပါတယ်။

XS
SM
MD
LG