သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွား လူဝင္မႈထိန္းသိမ္းေရးစခန္းမွ ႐ိုဟင္ဂ်ာမ်ားထြက္ေျပး


မေလးရွားႏိုင္ငံ ပီနန္းၿမိဳ႕ရွိ Sungai Bakap စုံဂိုင္း ဘာ ကတ္ပ္ ယာယီလူဝင္မႈႀကီးၾကပ္ေရးထိန္းသိမ္းေရးစခန္းက ထြက္ေျပးၿပီး ျပန္ဖမ္းမိခဲ့တဲ့ ႐ိိုဟင္ဂ်ာေတြ။ (ဧၿပီ ၂၀၊ ၂၀၂၂)


[[Zawgyi/Unicode]]

မေလးရွားႏိုင္ငံ ပီနန္းၿမိဳ႕ စုံဂိုင္း ဘာ ကတ္ပ္ (Sungai Bakap) ယာယီလူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းစခန္းက ႐ိုဟင္ဂ်ာအက်ဥ္းသား ၅၂၈ ဦးဟာ ဧၿပီလ ၂၀ ရက္ေန႔မနက္က ထြက္ေျပးသြားခဲ့တဲ့အတြက္ မေလး အာဏာ ပုိင္ေတြက လုိက္လံဖမ္းဆီးရာမွာ လူ ၃၀၀ ေလာက္ ျပန္လည္ဖမ္းမိခဲ့ၿပီး ေနာက္ထပ္ ၂၀၀ ေလာက္ကေတာ့ လြတ္ေျမာက္ေနတယ္လို႔ ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ ထားပါတယ္။

မေလးရွားႏိုင္ငံ ပီနန္းၿမိဳ႕ရွိ Sungai Bakap ယာယီလူဝင္မႈႀကီးၾကပ္ေရးထိန္းသိမ္းေရးစခန္းက ႐ိုဟင္ဂ်ာ အက်ဥ္းသား ၅၂၈ ဦး ဧၿပီလ ၂၀ ရက္ေန႔ မနက္ ၄ နာရီခဲြေလာက္က ထြက္ေျပးသြားခဲ့တယ္လို႔ မေလးရွား လူ၀င္မႈႀကီးၾကပ္ေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ လြတ္ေျမာက္သြားသူေတြကုိ မေလးရွား အာဏာပုိင္ ေတြက ရွာေဖြဖမ္းဆီးရာမွာ လူ ၃၀၀ ေလာက္ကုိသာ ျပန္လည္ဖမ္းမိခဲ့ၿပီး လူ ၂၀၀ ေလာက္ကေတာ့ လြတ္ ေျမာက္ေနဆဲျဖစ္တယ္လို႔ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (လြတ္ေျမာက္နယ္ေျမ) မေလးရွား႐ံုး တာ၀န္ခံ ဦးစိုးထက္သိန္းက အခုလိုေျပာျပပါတယ္။

“ပီနန္းနားက immigration လ၀ကစခန္းထဲမွာထားထားတဲ့ ႐ိုဟင္ဂ်ာ ၅၀၀ ေလာက္က စခန္းကုိ ေဖာက္ၿပီး ထြက္ေျပးၾကတယ္။ ျပန္မိတာကေတာ့ မနက္ ၇ နာရီ ၈ နာရီေလာက္မွာ ျပန္မိတယ္။ immigration လ၀က က ျပန္လိုက္လာၿပီး လူ ၃၀၀ ေလာက္ကိုျပန္မိတယ္။ လူ ၂၀၀ ေလာက္ကေတာ့ မမိေသးဘူး။ ပီနန္းဘက္ကုိ ေရာက္လာတယ္ ေျပာၾကတယ္။”

ဧၿပီလ ၂၀ ရက္ေန႔ မနက္ ၆ နာရီ ၅၀ ေလာက္မွာေတာ့ မေလးရွားလဝက ထိန္းသိမ္းေရးစခန္းက ထြက္ေျပး လာသူေတြထဲက အမ်ိဳးသမီး အမ်ိဳးသား ၄ ဦးနဲ႔ ကေလး ၂ ဦးဟာ လမ္းမေပၚမွာ ယဥ္တိုက္မႈျဖစ္ၿပီး ေသဆံုး သြားခဲ့ေႀကာင္း မေလးရွားႏိုင္ငံဘနားမားသတင္းမွာ ေဖာ္ျပပါတယ္။ ေသဆံုးသူေတြကိုေတာ့ Seberang Jaya ေဆး႐ုံကို ပို႔ေဆာင္ထားတယ္လို႔ ေဖာ္ျပပါတယ္။ ဒါေပမယ့္ ယဥ္တိုက္မႈျဖစ္ခဲ့တဲ့ ေသဆံုးဒဏ္ရာရသူေတြရဲ့ အေျခအေနေတြကိုေတာ့ မသိရေသးေၾကာင္း ဦးစိုးထက္သိန္းက ေျပာပါတယ္။

“ယဥ္တိုက္မႈျဖစ္တာကေတာ့ အလက္စကားနဲ႔ ပီနန္းဟိုင္းေ၀းလမ္းမႀကီးေပၚမွာျဖစ္တာပါ။ immigration လ၀က က လိုက္လာတဲ့အခါက်ေတာ့ သူတို႔ကေတာ့ ထြက္ေျပးရင္းနဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး ယဥ္တုိက္မႈ ျဖစ္ပါတယ္။ လူ ၆ ေယာက္ေလာက္ ယဥ္တိုက္မႈ ျဖစ္တယ္။ ေသဆံုးဒဏ္ရာရတာေတာ့ အတိအက် မသိရေသးဘူး ေျပာတယ္။ အလက္စကားျပည္နယ္ ဟိုင္းေ၀းလမ္းက Sungai Bakap မွာျဖစ္တာပါ။”

ထြက္ေျပးသြားသူေတြထဲက လူဦးေရ ၃၆၀ ေက်ာ္ကုိ မေလးရွားစံေတာ္ခ်ိန္ မနက္ ၁၀ နာရီေက်ာ္မွာ ျပန္လည္ဖမ္းမိထားၿပီး ထြက္ေျပးသြားတဲ့အက်ဥ္းသားေတြနဲ႔ပတ္သက္လို႔ ေတြ႔တယ္ဆိုရင ္လ၀ကနဲ႔ ရဲတပ္ဖဲ႔ြကို သတင္းေပးၾကဖို႔ မေလးရွားလူ၀င္မႈ ႀကီးၾကပ္ေရးဌာနက ႏိွဳးေဆာ္ေနပါတယ္။

#MalaysiaImmigration #Migrants #Rohingya #VOABurmese #ျမန္မာ႐ိုဟင္ဂ်ာ #မေလးရွားလဝက #ဗီြအိုေအ

=============
[[Unicode]]

မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းမှ ရိုဟင်ဂျာများထွက်ပြေး

မလေးရှားနိုင်ငံ ပီနန်းမြို့ စုံဂိုင်း ဘာ ကတ်ပ် (Sungai Bakap) ယာယီလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းစခန်းက ရိုဟင်ဂျာအကျဉ်းသား ၅၂၈ ဦးဟာ ဧပြီလ ၂၀ ရက်နေ့မနက်က ထွက်ပြေးသွားခဲ့တဲ့အတွက် မလေး အာဏာ ပိုင်တွေက လိုက်လံဖမ်းဆီးရာမှာ လူ ၃၀၀ လောက် ပြန်လည်ဖမ်းမိခဲ့ပြီး နောက်ထပ် ၂၀၀ လောက်ကတော့ လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်းမြို့ရှိ Sungai Bakap ယာယီလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက ရိုဟင်ဂျာ အကျဉ်းသား ၅၂၈ ဦး ဧပြီလ ၂၀ ရက်နေ့ မနက် ၄ နာရီခွဲလောက်က ထွက်ပြေးသွားခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ လွတ်မြောက်သွားသူတွေကို မလေးရှား အာဏာပိုင် တွေက ရှာဖွေဖမ်းဆီးရာမှာ လူ ၃၀၀ လောက်ကိုသာ ပြန်လည်ဖမ်းမိခဲ့ပြီး လူ ၂၀၀ လောက်ကတော့ လွတ် မြောက်နေဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားရုံး တာဝန်ခံ ဦးစိုးထက်သိန်းက အခုလိုပြောပြပါတယ်။

“ပီနန်းနားက immigration လဝကစခန်းထဲမှာထားထားတဲ့ ရိုဟင်ဂျာ ၅၀၀ လောက်က စခန်းကို ဖောက်ပြီး ထွက်ပြေးကြတယ်။ ပြန်မိတာကတော့ မနက် ၇ နာရီ ၈ နာရီလောက်မှာ ပြန်မိတယ်။ immigration လဝက က ပြန်လိုက်လာပြီး လူ ၃၀၀ လောက်ကိုပြန်မိတယ်။ လူ ၂၀၀ လောက်ကတော့ မမိသေးဘူး။ ပီနန်းဘက်ကို ရောက်လာတယ် ပြောကြတယ်။”

ဧပြီလ ၂၀ ရက်နေ့ မနက် ၆ နာရီ ၅၀ လောက်မှာတော့ မလေးရှားလဝက ထိန်းသိမ်းရေးစခန်းက ထွက်ပြေး လာသူတွေထဲက အမျိုးသမီး အမျိုးသား ၄ ဦးနဲ့ ကလေး ၂ ဦးဟာ လမ်းမပေါ်မှာ ယဉ်တိုက်မှုဖြစ်ပြီး သေဆုံး သွားခဲ့ကြောင်း မလေးရှားနိုင်ငံဘနားမားသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူတွေကိုတော့ Seberang Jaya ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် ယဉ်တိုက်မှုဖြစ်ခဲ့တဲ့ သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေတွေကိုတော့ မသိရသေးကြောင်း ဦးစိုးထက်သိန်းက ပြောပါတယ်။

“ယဉ်တိုက်မှုဖြစ်တာကတော့ အလက်စကားနဲ့ ပီနန်းဟိုင်းဝေးလမ်းမကြီးပေါ်မှာဖြစ်တာပါ။ immigration လဝက က လိုက်လာတဲ့အခါကျတော့ သူတို့ကတော့ ထွက်ပြေးရင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ယဉ်တိုက်မှု ဖြစ်ပါတယ်။ လူ ၆ ယောက်လောက် ယဉ်တိုက်မှု ဖြစ်တယ်။ သေဆုံးဒဏ်ရာရတာတော့ အတိအကျ မသိရသေးဘူး ပြောတယ်။ အလက်စကားပြည်နယ် ဟိုင်းဝေးလမ်းက Sungai Bakap မှာဖြစ်တာပါ။”

ထွက်ပြေးသွားသူတွေထဲက လူဦးရေ ၃၆၀ ကျော်ကို မလေးရှားစံတော်ချိန် မနက် ၁၀ နာရီကျော်မှာ ပြန်လည်ဖမ်းမိထားပြီး ထွက်ပြေးသွားတဲ့အကျဉ်းသားတွေနဲ့ပတ်သက်လို့ တွေ့တယ်ဆိုရင ်လဝကနဲ့ ရဲတပ်ဖဲ့ွကို သတင်းပေးကြဖို့ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနက နှိုးဆော်နေပါတယ်။

#MalaysiaImmigration #Migrants #Rohingya #VOABurmese #မြန်မာရိုဟင်ဂျာ #မလေးရှားလဝက #ဗွီအိုအေ

=============

XS
SM
MD
LG