သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ပစ်ခတ်မှု သံသယရှိသူဖမ်းဆီး


ကျန်းမာရေး အာမခံ ကုမ္ပဏီ အလုပ်အမှုဆောင်အရာရှိကို နယူးယောက်မြို့မှာ ပစ်သတ်ခဲ့သူအဖြစ် သံသယရှိသူရဲ့ ပုံပန်းသဏ္ဍာန်ကို CCTV မှတ်တမ်းများမှ ရရှိခဲ့ (ဒီဇင်ဘာ ၄၊ ၂၀၂၄)
ကျန်းမာရေး အာမခံ ကုမ္ပဏီ အလုပ်အမှုဆောင်အရာရှိကို နယူးယောက်မြို့မှာ ပစ်သတ်ခဲ့သူအဖြစ် သံသယရှိသူရဲ့ ပုံပန်းသဏ္ဍာန်ကို CCTV မှတ်တမ်းများမှ ရရှိခဲ့ (ဒီဇင်ဘာ ၄၊ ၂၀၂၄)

ကျန်းမာရေး အာမခံ ကုမ္ပဏီ အလုပ်အမှုဆောင် အရာရှိကို နယူးယောက်မြို့မှာ သေနတ်နဲ့ ပစ်ခဲ့မှုမှာ သံသယရှိသူကို ဖမ်းမိပြီ လို့ ရဲက ပြောပါတယ်။ မဟတ်တန်မှာ Brian Thompson ကို ပစ်သတ်ခဲ့တယ်လို့ သံယယရှိသူကို နယူးယောက်မြို့နဲ့ မိုင် ၂၀၀ ကျော်အဝေး ပင်န်ဆယ်ဗေးနီးယား ပြည်နယ် Altoona မြို့မှာ မက်ဒေါ်နယ်ဆိုင်ဝန်ထမ်း က မှတ်မိပြီး ရဲကို အကြောင်းကြားလိုက်ရာက အဲဒီဆိုင်မှာ စားသောက်နေစဥ် မနက် ၉ နာရီ ၁၅ မိနစ်မှာ အခုလို ဖမ်းမိခဲ့တာပါ။

ပစ်သတ်သူလို့ ရဲက သံသယရှိသူရဲ့ အမည်က Luigi Nicholas Mangione ဖြစ်တယ်လို့ ရဲကပြောပါတယ်။ သူဟာ အသက် ၂၆ နှစ်အရွယ် လူငယ်တယောက်ဖြစ်ပြီး သူအသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ သေနတ်ကိုလည်း သူ့ဆီမှာ တွေ့ရှိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီကြီးတွေအပေါ် ဒေါသတကြီးနဲ့ ရေးထားတဲ့ သုံးမျက်နှာစာ ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

ပစ်ခတ်ခဲ့သူ ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ နှာခေါင်းစည်းတွေနဲ့အတူ နယူးယောက်မြို့မှာ တည်းခိုစဥ်က အသုံးပြုခဲ့တဲ့ နယူးဂျာစီပြည်နယ် မှတ်ပုံတင် အတုကိုလည်း ဖမ်းဆီးမိခဲ့ပါတယ်။ သံသယရှိသူ မန်ဂျီအိုနီး ဟာ မေရီလန်းပြည်နယ်မှာ မွေးဖွါးကြီးပြင်းခဲ့ပြီး၊ ဆန်ဖရန်စစ္စကိုမြို့နဲ့လည်း ဆက်စပ်နေတယ်လို့ နယူးယောက် ရဲဌာန စုံထောက်အကြီးအကဲ Joseph Kenny က ပြောပါတယ်။ သူ့ နောက်ဆုံး လိပ်စာက ဟိုင်ဝိုင်ယီပြည်နယ် ဟိုနိုလူလူ ဖြစ်ပါတယ်။ လောလောဆယ် သူ့ကို သေနတ်အမှုနဲ့ ပင်န်ဆယ်‌ဗေးနီးယားမှာ ဖမ်းထားပြီး၊ နယူးယောက်ကို လူသတ်မှုအတွက် လွှဲပြောင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

နယူးယောက်ပစ်ခတ်မှု သံသယရှိသူဖမ်းဆီး
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG