သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဝါဒီ ဖြစ်ဟန်ရှိတဲ့ ဓားသမား လန်ဒန်ရဲ ပစ်သတ်


ဓားဖြင့်တိုက်ခိုက်မှုဖြစ်ခဲ့သည့် နေရာအား စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ။ (ဖေော်ဝါရီ ၂၊ ၂၀၂၀)
ဓားဖြင့်တိုက်ခိုက်မှုဖြစ်ခဲ့သည့် နေရာအား စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ။ (ဖေော်ဝါရီ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္ဂနွေနေ့က လူ ၂ ဦးကို ဓားနဲ့ထိုးခဲ့တဲ့ အမျိုးသားတဦးကို ရဲက ပစ်ခတ်တာကြောင့် သေဆုံးသွားပါတယ်။ ဒီတိုက်ခိုက်မှုဟာဆိုရင် အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်နဲ့ ဆက်စပ်နိုင်တယ်လို့လည်း အာဏာပိုင်တို့က ပြောဆိုထားပါတယ်။

ဓားထိုးခံရသူ အမျိုးသားတဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ကုသမှု ပေးနေရကြောင်း၊ နောက် ဓားထိုးခံရတဲ့ အမျိုးသမီးတဦးကတော့ ဒဏ်ရာသိပ်မပြင်းထန်ကြောင်း၊ ဓားထိုးသူကို ရဲက ပစ်ခတ်ခဲ့ပြီးနောက်မှာ တခြား အမျိုးသမီးတဦး မှန်စထိခဲ့ကြောင်း လန်ဒန်ရဲတပ်ဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ လန်ဒန်မြို့တော်ဝန် Sadiq Khan က ကြေညာချက်မှာ အတည်ပြု ပြောဆိုထားပါတယ်။

အကြမ်းဖက်ဝါဒီတွေက စည်းလုံးမှုပြိုကွဲအောင်၊ လူနေမှုစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာဖြစ်ပြီး လန်ဒန်မှာတော့ ဒီအကြမ်းဖက်သမားတွေရဲ့ ကြိုးပမ်းမှုတွေ ဘယ်တော့မှ မအောင်မြင်စေရဘူး ဆိုပြီးလည်း လန်ဒန်မြို့တော်ဝန် Sadiq Khan က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း Usman Khan ဆိုသူက လန်ဒန်တံတားပေါ်မှာ လူ ၅ ဦးကို ဓားနဲ့ထိုးခဲ့တာပါ။ နောက်ပိုင်းမှာတော့ ရဲကပစ်ခတ်လို့ သေဆုံးခဲ့ရပါတယ်။

ဓားထိုးခံရသူတွေထဲက ၂ ဦးကတော့ ရတဲ့ဒဏ်ရာတွေနဲ့ နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ အဲဒီ ဓားထိုးတိုက်ခိုက်မှုကိုလည်း အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်အဖြစ် ကြေညာခဲ့ပါတယ်။

----------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG