သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Paul Manafort ရုရှားနဲ့ ပတ်သက်မှု အထောက်အထားသစ် ပေါ်ထွက်


၂၀၁၆ ကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ Manafort
၂၀၁၆ ကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ Manafort

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ်လယ်ပိုင်းလောက်တုန်းက သမ္မတလောင်း Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဦးဆောင်ခဲ့သူ Paul Manafort ဟာ စည်းရုံးရဲ့အဖွဲ့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ရုရှားထောက်လှမ်းရေးတွေနဲ့ နီးစပ်သူတဦးထံ ပေးအပ်ခဲ့ကြောင်း မနေ့တုန်းက တရားရုံးမှာ တင်ပြတဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း Trump ရဲ့ စည်းရုံးရေးအဖွဲ့ဟာ ရုရှားနဲ့ ပူးပေါင်းမှုတွေ ရှိကောင်းရှိနိုင်ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထပ်မံထွက်ပေါ်လာနေပေမဲ့ အခုအချိန်အထိ အစိုးရရှေ့နေတွေဘက်က ပူးပေါင်းကြံစည်မှုတွေနဲ့ အရေးယူတာမျိုးတော့ မရှိသေးပါဘူး။

အချက်အလက်တွေ ပေးခဲ့တာနဲ့ ပတ်သက်လို့ စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌဟောင်းဟာ လိမ်လည် ထွက်ဆိုခဲ့ကြောင်းလည်း အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ စုံစမ်းရေးအဖွဲ့က အစိုးရရှေ့နေတွေက ပြောပါတယ်။ Manafort ကတော့ သူနဲ့ စီးပွားဖက်တဦးလည်းဖြစ်၊ ရုရှားထောက်လှမ်းရေးတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားတဲ့ ယူကရိန်းနိုင်ငံဖွား Konstantin Kilimnik နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားတာပါ။

ရွေးကောက်ပွဲကာလက ဝရုန်းသုန်းကား အခြေအနေတွေကြောင့် အသေးစိတ်တွေကို မမှတ်မိကြောင်းလည်း ပြောဆိုထားပါတယ်။ အထူးစုံစမ်းရေးမှူး Mueller နဲ့ အဖွဲ့ကတော့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ကြားဝင်စွက်ဖက်မှုတွေကို စုံစမ်းစစ်ဆေးနေတာပါ။

Manafort အပေါ် စွပ်စွဲချက် အသစ်တွေအရ၊ သူပေးခဲ့တဲ့ အချက်အလက်တွေကြောင့် ရုရှားရဲ့ ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ဆိုတဲ့ ယူဆချက်တွေလည်း ပိုမိုအားကောင်းလာခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းကတော့ ရုရှားဟာ Trump ကို ရွေးကောက်ပွဲမှာ အနိုင်ရစေချင်တဲ့ သဘောထားမျိုး သိသိသာသာ တွေ့ခဲ့ရပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို နှောက်ယှက်ခဲ့တယ်လို့လည်း ယုံကြည်ထားကြပါတယ်။

Paul Manafort ရုရှားနဲ့ ပတ်သက်မှု အထောက်အထားသစ် ပေါ်ထွက်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG