သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချယ်ဆီးက မန်စီးတီးကို ၃ဂိုး ၁ဂိုးနဲ့နိုင်


အင်္ဂလန်ပရီမီယာလိဂ်ပြိုင်ပွဲမှာ ချယ်ဆီးနဲ့ မန်စီးတီတို့ အကြိတ်အနယ်
အင်္ဂလန်ပရီမီယာလိဂ်ပြိုင်ပွဲမှာ ချယ်ဆီးနဲ့ မန်စီးတီတို့ အကြိတ်အနယ်

အင်္ဂလန်ပရီမီယာလိဂ်အမှတ်ပေးဘောလုံးပွဲမှာတော့ မန်ချက်စတာစီးတီးနဲ့ ဇယား ထိပ်က ချယ်ဆီးတို့ မန်စီးတီးရဲ့ Etihad ကွင်းမှာ ကစားခဲ့ကြတာမှာ ချယ်ဆီးအသင်း ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

ချယ်ဆီး နောက်တန်းလူ Gary Cahill ပထမပိုင်း ၄၅ မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းလို့ မန်းစီးတီးရှေ့က ဦးဆောင်ခဲ့ပေမယ့် ၊ မိနစ် ၆၀ မှာ ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက မန်စီးတီးနောက်တန်းလူ Otamandi နဲ့ ယှဉ်လုပြီးချေပဂိုး ပြန် သွင်းပေးခဲ့လို့ ၁ ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ချယ်ဆီးအတွက် ဒုတိယဂိုးကို ဘရာဇီး အလယ်တန်းလူ ဝီလီယံက မန်စီးတီးနောက်တန်းကို ကျော်ဖြတ်ပြီးသွင်းခဲ့တာဖြစ်ပြီး ၊ ဂိုးသွင်းအပြီးမှာတော့ ပြီးခဲ့တဲ့ တနင်္လာနေ့က လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့ သူ့ရဲ့ ဘရာဇီးနိုင်ငံက Chapecoense အသင်းအတွက် ဝမ်းနည်းကြောင်း ဝတ်ဆင် ထားတဲ့ လက်ပတ်ကို ကိုင်မြောက်ပြီး အောင်ပွဲခံသွားခဲ့ပါတယ်။

ချယ်ဆီးအတွက် တတိယဂိုးကိုတော့ ဘယ်လ်ဂျီယမ် တိုက်စစ်မှူး Eden Hazard က တန်ပြန်တိုက်စစ်ကနေ တဆင့် မန်စီးတီးနောက်တန်းတွေကို ကျော်ဖြတ်ပြီး သွင်းခဲ့ တာပါ။

ပွဲပြီးခါနီးမှာ မန်စီးတီးကအဂွေးရိုးက ချယ်ဆီးနောက်တန်းလူ လူးဝစ်္စကို ချတဲ့အတွက် ဒိုင်ကတိုက်ရိုက် အနီကတ်ပြခဲ့သလို၊ ၂ ဘက် အသင်းသားတွေ ရုတ်ရုတ်သဲသဲနဲ့ တွန်းလား ထိုးလားဖြစ်ကြတာကြောင့် ဘရာဇီးကွင်းလယ်လူ ဖာနန်ဒင်ညိုလည်း အနီကတ်ပြ ခံခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ မန်စီးတီးက ၂ ယောက်ထုတ် ခံရပြီး ၉ ယောက်နဲ့ ကစားခဲ့ရပါတယ်။ ချယ်ဆီးအသင်းဟာ ဒီပွဲနိုင် လိုက်တဲ့အတွက် ၁၄ ပွဲကစားပြီးတဲ့ အချိန်မှာ ၃၄ မှတ်နဲ့ ဇယားထိပ်ကိုရောက်နေပြီး၊ ဒုတိယနေရာက လီဗာပူးလ်ထက် ၁ ပွဲပိုကစားပြီး ၄ မှတ် အသာရထားပါတယ်။ လီဗာပူးလ်ကတော့ မနက်ဖြန်မှာ ဘုန်းမောက်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG