သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွတ်လပ်ရေးနေ့ အားလပ်ရက် ခရီးထွက်သူများပြား


ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဘော်စတွန်လိုဂန်နိုင်ငံတကာလေဆိပ်က Terminal A မှာ ခရီးသွားများ ပြည့်နှက်နေသည်ကိုတွေ့ရစဉ် (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အမေရိကန်ပြည်ထောင်စု ဘော်စတွန်လိုဂန်နိုင်ငံတကာလေဆိပ်က Terminal A မှာ ခရီးသွားများ ပြည့်နှက်နေသည်ကိုတွေ့ရစဉ် (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက် သီတင်းပတ်ကုန်မှာ ခရီးထွက်သူတွေ ဒီနှစ်မှာ စံချိန်တင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ တနင်္ဂနွေနေ့ အမေရိကန် လေဆိပ်တွေမှာ ခရီးသွား ၃ သန်းကျော်မယ်လို့လည်း သယ်ယူပို့ဆောင်ရေး လုံခြုံရေးဌာနက ခန့်မှန်းထားတာပါ။ ဒါဟာဆိုရင် ဇွန်လ ၂၃ ရက်နေ့က ခရီးသွား ၃ သန်းအောက် ရှိနိုင်တဲ့ ခန့်မှန်းချက်ထက် ပိုများပါတယ်။

"ဒီသီတင်းပတ်ကုန်မှာ ခရီးသွားတွေ များလွန်းတာကြောင့် လေဆိပ်မှာ အလုပ်ရှုပ်မယ်ဆိုတာ ကြားထားတဲ့အတွက် တနာရီလောက် ပိုစောပြီး အချိန်ယူထားပါတယ်။" လို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က ခရီးသွားတယောက်က ပြောသွားပါတယ်။

ကုန်လမ်းသွားလာရေးမှာ အချက်အလက်တွေ စုဆောင်းဖော်ပြနေတဲ့ AAA ကလည်း ဒီနှစ်နွေရာသီမှာ အားလပ်ရက် ခရီးသွားတွေ ၅ ရာခိုင်နှုန်း ပိုများမယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန်လ ၂၇ ရက်နေ့ကစ ၉ ရက်အတွင်း အိမ်ကနေ အနည်းဆုံး ကီလိုမီတာ ၈၀ လောက်ဝေးတဲ့နေရာကို ခရီးသွားမယ့်သူ ၇၁ သန်းလောက် ရှိမယ်လို့လည်း AAA က ခန့်မှန်းထားပြီး အများစုဟာ ကားမောင်းပြီး သွားကြလိမ့်မယ်လို့လည်း ပြောပါတယ်။

Forum

XS
SM
MD
LG