သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရလုပ်ငန်းတချို့ ရပ်ထားရတဲ့အတွက် အမေရိကန်လွှတ်တော်ကို ဆန္ဒပြ


Генерал
Генерал
အမေရိကန်အစိုးရရဲ့လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတာကြောင့် အစိုးရဌာနအများအပြားပိတ်ထားရပြီး အလုပ်ခွင်ကို မလာကြဖို့ တားမြစ်ခံထားရတာကြောင့် သိန်းနဲ့ချီတဲ့ အစိုးရအမှုထမ်းတွေ အလုပ်မဆင်းရဘဲ အိမ်မှာပဲ နေနေကြရပါတယ်။

အဲဒီအတွက် ဆန္ဒထုတ်ဖော်ပြသမှုတွေ ဖြစ်ပေါ်လာနေပြီး ဥပဒေပြုလွှတ်တော်အမတ်တွေကို ပစ်တင်ဝေဖန်နေကြသလို ထွက်ပေါက်ပိတ်နေတဲ့ အစိုးရအသုံးစရိတ်ဆိုင်ရာ အငြင်းပွားနေမှုကို အဆုံးသပ်ကြဖို့ တောင်းဆိုနေကြပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်တဲ့ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် မသတ်မှတ်ရသေးတာကြောင့် အမျိုးသားဥယာဉ်တွေ ပိတ်ထားရသလို အစားအသောက်ကြောင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ကွယ်ရေး စစ်ဆေးသူတွေဟာလည်း အလုပ်မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြပါတယ်။ အစိုးရအနေနဲ့လည်း နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မထုတ်ပြန်နိုင်ဘဲ ဖြစ်နေရပါတယ်။

ဒီပြဿနာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးမြို့ငယ်တွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာရာမှာ ဝါရှင်တန်ဒီစီ မြို့တော်ကြီးအပါအဝင်ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့လူတွေဟာ အမျိုးသားရင်ပြင်နဲ့ သမိုင်းဝင်အဆောက်အုံတွေတဝိုက်က အတားဆီးထားတာတွေကို ဖျက်ဆီးပစ်ကြပါတယ်။

အိမ်ဖြူတော် အနီးတဝိုက်က သမ္မတအိုဘားမားရဲ့ အမှတ်အသားအပါအဝင် အတားအဆီးတွေကိုလည်း ဖြုတ်ယူသွားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့တုံးက အစိုးရ အသုံးစရိတ်နဲ့ပတ်သက်ပြီး သဘောတူညီမှု မရနိုင်ဖြစ်နေတဲ့ ပါလီမန်လွှတ်တော်ကို သွားရောက်ပြီး အော်ဟစ် ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။
XS
SM
MD
LG