သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဇာနည်နေ့ အခမ်းအနားတချို့ တိုင်းရင်းသားတွေ ပါဝင်မှုလျော့


Myanmar Martyrs’ Day (Photo- Global New light of Myanmar)
Myanmar Martyrs’ Day (Photo- Global New light of Myanmar)

လွတ်လပ်ရေး ကြိုးပမ်းရင်း ကျဆုံးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင် တွေကို ဂုဏ်ပြုတဲ့ အာဇာနည် နေ့ အခမ်းအနားတွေကို မနေ့တုန်းက နိုင်ငံအနှံ့ ကျင်းပခဲ့ကြပေမဲ့ ပြည်နယ်တချို့မှာတော့ တိုင်းရင်းသားတွေ ပူးပေါင်း ပါဝင်မှုတွေ လျော့ပါးလာတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် တိုင်းရင်း သား နယ် မြေတွေမှာ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်တွေ ဆောက်လုပ်ဖို့ အာဏာပိုင်တွေရဲ့ အစီအစဉ် တွေကြောင့် အရင်လို ပါဝင်လိုစိတ် လျော့လာနေတာလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်း ထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ်မြို့တော်လွိုင်ကော်မြို့မှာကျင်းပတဲ့အဇာနည်နေ့မှာ ယခင် ပူးပေါင်း လုပ်ဆောင်နေတဲ့ ဒေသခံ တိုင်းရင်းသားတွေပါဝင် တက်ရောက်မှု မရှိခဲ့ဘူးလို့ ကယားပြည်နယ် LAIN နည်းပညာအထောက်ကူပြုအဖွဲ့ဝင် ခွန်အသန်း ကပြောပါတယ်။

ဒီနှစ်က စာပေနဲ့ယဉ်ကျေးမှုကော်မီတိတွေအားလုံးမတက်ဘူး။ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေမတက်ဘူး။ ဒီမှာ အခြေစိုက်တဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့ (၆) ဖွဲ့လောက်ရှိတယ်။ အဲတာမတက်ဘူး။ နှစ်စဉ် ဦးဆောင် ဦးရွက် ပြုပြီးမှ တက်နေကျကျောင်းသားတွေ မတက်ဘူး။ ဌာနေတိုင်းရင်းသားလူငယ် အမျိုးသမီး အဖွဲ့အစည်းတွေ မတက်ဘူးဗျ။ ဒီနှစ်ကတော့ကျောင်းသူကျောင်းသား တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ နောက် NLD ပါတီဝင်တွေနဲ့ပဲ ပွဲကို ကျင်းပသွား တယ်။”

လွိုင်ကော်မြို့က အာဇာနည် ကျောက်တိုင်မှာ ကယားပြည်နယ်အစိုးရက ဦး ဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ အာဇာ နည်နေ့ကိုကျင်းပခဲ့ပေမဲ့ ဒေသခံ တိုင်းရင်းသားတွေပါဝင်ခြင်းနည်းပါးလာ ခဲ့တာပါ။

ဒေသခံတိုင်းရင်းသားတွေပါဝင်မှုမရှိတာဟာ ပြည်နယ်အစိုးရကနေ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ကို အတင်း အကြပ်စိုက်ထူဖို့ အစီအစဉ်နဲ့ပက်သက်နေတယ်လို့လဲ ခွန်အသန်းက ဆက်ပြောပါတယ်။

“အရင်နှစ်တွေတုန်းကတော့အားလုံးကအာဇာနည်နေ့ကိုပူးပေါင်းကြတယ်။ ပါဝင် တက်ရောက်ကြတယ်လေ။ ဒီ နှစ်ကျတော့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စ တောင်းဆိုပြီးမှ ဌာနေတိုင်းရင်းသားတွေရဲ့ သဘောထား လျစ် လျူရှုတာ စိတ် ဝမ်းကွဲပြားမှုတွေဖြစ်ပေါ်စေတဲ့အတွက် ဆိုင်းငံ့ဖို့မေတ္တာရပ်ခံတာကို လူငယ် တွေ ဖမ်းဆီးပြီး အရေးယူထောင်ချတဲ့ကိစ္စတွေ အဲဒီလိုလုပ်လာတော့ ပြည်နယ် အစိုးရရဲ့ ဆောင်ရွက်မှုတွေက တိုင်းရင်းသား တွေရဲ့သဘောထားတွေ ကို အများကြီး လျစ်လျူရှုတာလို့ အဲဒီလိုမျိုးခံစားလာရလို့ ဒီနေ့အာဇာနည်နေ့ကိုတော့ သူတို့ ပူးပေါင်းပါဝင်မှု မလုပ်နိုင်ဘူးဆိုတဲ့ပြသတဲ့အနေနဲ့ အဲဒီလိုမတက်တာလို့ ယူဆနိုင်တယ်။”

လက်ရှိ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေး ကန့်ကွက်ခဲ့ကြတဲ့ လွိုင်ကော် ဒီမောဆို ဖရူဆိုက ကရင်နီလူငယ်အဖွဲ့ ခေါင်းဆောင် ( ၂၃) ဦးကို အာဏာပိုင်တွေကနေ တရားစွဲဆိုခဲ့တယ်လို့လည်း ခွန်အသန်းက ဆိုပါတယ်။

အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့ကနေ ကျင်းပတဲ့ မော်လမြိုင်မြို့အာဇာနည်နေ့ အခန်းအနားမှာ မွန်ပြည်သစ် ပါတီ အပါအဝင် မွန်နိုင်ငံရေးပါတီတွေ၊ မွန်လူမှု အဖွဲ့အစည်းတွေ၊ မွန်တိုင်းရင်းသားတွေ တက်ရောက်တာ မတွေ့ဘူးလို့ ကိုယ် တိုင် သတင်းသွားယူခဲ့တဲ့ တိုင်းရင်းသတင်းလွှာသတင်းထောက် မိရင်စနိုင်း ကပြောပါတယ်။

“မနေ့က အခန်းအနားမှာတော့ အစိုးရအဖွဲ့တွေတက်တာ တွေ့တယ်။ နောက် လွှတ် တော်ဥက္ကဋ္ဌတို့၊ လွှတ်တော် ကိုယ်စားလှယ်တို့တက်တာတွေ့တယ်။ မွန် နိုင်ငံရေးပါတီ မွန်တိုင်းရင်းသားအနေနဲ့တက်တာမတွေ့ဘူး။ ဘာလို့ လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းတံတားနဲ့ပက်သက်ပြီးတော့ မွန်တိုင်းရင်းသားတွေ တော်တော် လေး ကန့်ကွက်မှု တွေ ရှိခဲ့တယ်ဆိုတော့ ဒီမှာလည်း ဆက်စပ် မှုတွေ ရှိမယ်လို့ ထင်တာပေါ့။”

ပြီးခဲ့တဲ့နှစ်က NLD ပါတီကနေ ဒေသခံတွေလိုလားတဲ့ တံတားအမည်အစား ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်နဲ့ အာဏာသုံးအမည်ပေးခဲ့တဲ့ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဆက်စပ်မှုရှိနေတယ်လို့လည်း သူကဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီးမြို့မှာလည်း ဗိုလ် ချုပ်အောင်ဆန်း ရုပ်တုစိုက်ထူဖို့ အစီအစဉ်နဲ့ပက်သက်လို့ နာဂလူမှုအဖွဲ့အစည်း (၁၀) ဖွဲ့ကနေ ကန့်ကွက်နေသလို ဒီကနေ့မှာ ခန္တီးမြို့က တာဝန် ရှိ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းမှုပြုလုပ်နေဆဲလို့ နာဂကျောင်းသားလူငယ်အဖွဲ့ခေါင်းဆောင် ကိုဉာဏ် ထွန်းအောင် က ပြောပါတယ်။

“နာဂ CSO (၁၀) ဖွဲ့ကနေပြီးတော့ ကန့်ကွက်ကြောင်းသဘောထား ထုတ်ပြန် တယ် ပေါ့နော်။ ဒီကိုယ်စားလှယ် တွေက အခု ခန္တီးကိုရောက်နေကြ တယ်ပေါ့ နော်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းမှုတွေလုပ်နေတယ်။ ကျနော်တို့က ဗိုလ်ချုပ် အောင်ဆန်းကိုတော့ လေးစားတယ်။ သို့သော် ဒါက ရုပ်ထုထားဖို့ မဟုတ်ဘူးလေ။ အဲဒီသဘောပါပဲ။”

အလားတူကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာကျင်းပတဲ့ အာဇာနည်နေ့ အခန်း အနားမှာ ကချင်တိုင်းရင်းသားတွေ ပါဝင်မှု နည်းပါးလာတယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ M ကွန်လက ပြောပါတယ်။

“ကချင်ပြည်နယ်ဘက်မှာလည်း ဘယ်သူမှမပါကြဘူးဗျာ။ သူတို့သြဇာခံ တချို့ လောက်ပဲ သွားကြတယ်။ လီဆူက တက်တာတော့မြင်တယ်။ ကျန်တာတွေ က ဝတ်စုံတွေဝတ်ထားတိုင်း ပါတယ်လို့တော့ ယူဆလို့မရဘူးပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲအနိုင်ရ အစိုးရဖွဲ့လာနိုင်ပြီး နောက် ပိုင်းမှာ တိုင်းနဲ့ပြည်နယ်အလိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုထားရှိမှုတွေဟာ ပိုမိုများပြားလာသလို တိုင်းရင်းသားပြည်နယ်အချို့တွေမှာ ဗိုလ်ချုပ် ရုပ်တုထား ရှိမှုကြောင့် NLD ပါတီနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်ကွဲလွဲမှုတွေ၊ ဆန့်ကျင့်ကန့်ကွက်မှု တွေ ရှိနေခဲ့ပါတယ်။

ဗိုလ်ချုပ်ရုပ်တုထားရှိမှုနဲ့ပက်သက်ပြီး ဒေသခံတိုင်းရင်းသားတွေနဲ့စိတ်ဝမ်းမကွဲဘဲ ညှိနှိုင်းလုပ်ဆောင်ကြဖို့ NLD ပါတီကနေတိုက်တွန်းထားသလို ဗိုလ်ချုပ် ရုပ်တု တွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မဖြစ်မနေထားရှိရမယ် ဆိုတဲ့ ညွှန်ကြားချက် ထုတ်ထားတာမရှိဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG