သမ္မတ ကိုယ်တိုင်တက်တဲ့ အာဇာနည်နေ့ အခမ်းအနား
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို သမ္မတ ဦးဝင်းမြင့် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတွေ တက်ရောက်သလို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တက်ရောက် ဂါရဝပြု ခဲ့ကြပါတယ်။ NLD အစိုးရသစ်လက်ထက် ၄ ကြိမ်မြောက် ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ အနေနဲ့ ပထမအကြိမ်အဖြစ် တက်ရောက်ဂါရဝပြုတာလည်း ဖြစ်ပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။