သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် မေရီလန်းပြည်နယ် အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွား


အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က အထက်တန်းကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွါးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဝါရှင်တန်မြို့တော်တောင်ဘက် မိုင် ၇၀ ခန့်အကွာမှာရှိတဲ့ St. Mary ခရိုင်က Great Mills အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွါးတာကြောင်း ကျောင်းသူကျောင်းသားတွေ အဝင်အထွက်ကို ပိတ်ထားလိုက်ပါတယ်။

ဒီပစ်ခတ်မှုအခြေအနေကို အခုအခါမှာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး လုံခြုံရေးရဲတွေလည်း အခင်းဖြစ်ပွါးရာမှာရှိနေတယ်လို့ St Mary ခရိုင် ပညာရေးဌာနက ပြောပါတယ်။ အခုအချိန်အထိတော့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူ ရှိမရှိနဲ့ ဘယ်သူက ပစ်ခတ်တာလည်းဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး Larry Hogan က မေရီလန်းရဲတပ်ဖွဲ့နဲ့ရော တခြားဌာနတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်နေကြောင်း တွိတာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က ဖလော်ရီဒါပြည်နယ်က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင်း ကျောင်းသူ ကျောင်းသားအများစုပါဝင်တဲ့ လူပေါင်း ၁၇ ဦး သေဆုံးပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုတဝှမ်း သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့နဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ဆွေးနွေးလာကြပါတယ်။ ဒီပစ်ခတ်မှုတလပြည့် မတ်လ ၁၄ ရက်နေ့တုန်းကတော့ အမေရိကန်ပြည်ထောင်စုတဝှမ်းက အလယ်တန်းနဲ့ အထက်တန်းကျောင်းသား ကျောင်းသူပေါင်း သိန်းနဲ့ချီဟာ သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးနဲ့ ကျောင်းတွေရဲ့ လုံခြုံရေး တိုးမြှင်ပေးဖို့ စာသင်ခန်းတွေကနေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန် မေရီလန်းပြည်နယ် အထက်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွား
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG