[[Zawgyi/Unicode]]
အီရန္ႏိုင္ငံနဲ႔ဆက္ႏြယ္ေနတဲ့ အေရွ႕ဥေရာပတိုက္သားေတြပါဝင္တဲ့ ရာဇဝတ္ဂိုဏ္းအဖဲြ႔ဝင္ ၃ ဦးဟာ အီရန္ႏြယ္ဖြား အေမရိကန္ႏိုင္ငံသား လူ႔အခြင့္အေရးလႈပ္ရွားသူလည္းျဖစ္၊ VOA ပါရွန္းဌာနရဲ႕ ႐ုပ္ျမင္သံၾကားတင္ဆက္သူ အမ်ိဳးသမီးတဦးလည္းျဖစ္တဲ့ Masih Alinejad ကိုလုပ္ၾကံသတ္ျဖတ္ဖို႔ႀကိဳးပမ္းရာမွာ ပါဝင္ပတ္သက္ေနတယ္လို႔ အေမရိကန္တရားေရးဌာနက ေသာၾကာေန႔မွာ ေျပာဆိုလိုက္ပါတယ္။
အသက္ ၄၃ ႏွစ္အရြယ္ အီရန္ႏိုင္ငံသား Rafat Amirov ၊ အသက္ ၃၈ ႏွစ္အရြယ္ ခ်က္ႏိုင္ငံသား Polad Omarov နဲ႔ နယူးေယာက္ျပည္နယ္ Yonkers မွာေနထိုင္သူ အသက္ ၂၄ ႏွစ္အရြယ္ Khalid Mehdiyev တို႔ ၃ ဦးျဖစ္ၾကၿပီး သူတို႔အားလုံးကိုဖမ္းဆီးထားေၾကာင္းနဲ႔ လူသတ္မႈ၊ ေငြေၾကးခဝါခ်မႈေတြနဲ႔ တရားစဲြဆိုထားတယ္လို႔ ေရွ႕ေနခ်ဳပ္ Merrick Garland ကေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုဟာ ႏိုင္ငံသားေတြအေနနဲ႔ ဖဲြ႔စည္းပုံစည္းမ်ဥ္းနဲ႔ ႏိုင္ငံသားအခြင့္အေရးေတြအရ ၿငိမ္းခ်မ္းစြာလုပ္ေဆာင္တာေတြကိုအကာအကြယ္ေပးပါတယ္။ အခုလိုဒီမိုကေရစီအခြင့္အေရးေတြနဲ႔အညီ တရားဥေဒစိုးမိုးေရးနဲ႔ ကာကြယ္ေစင့္ေရွာက္မႈေတြကို ဖ်က္လို႔ဖ်က္ဆီးလုပ္ဖို႔ အာဏာရွင္လူတစုရဲ႕ႀကိဳးပမ္းမႈကိုလုံးဝသည္းခံမွာမဟုတ္ဘူးလို႔လည္း ေရွ႕ေနခ်ဳပ္ကေျပာဆိုခဲ့ပါတယ္။
Masih Alinejad ဟာ VOA ပါရွန္းဌာနမွာ အပတ္စဥ္ ႐ုပ္ျမင္သံၾကားအစီအစဥ္ကိုတင္ဆက္ေနၿပီး အီရန္ႏိုင္ငံက လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြကိုတင္ျပသူျဖစ္ပါတယ္။ သူ႔ကိုလုပ္ၾကံသတ္ျဖတ္ဖို႔ အႀကိမ္ႀကိမ္ၾကံစည္ခဲ့ပါတယ္။ အီရန္ႏိုင္ငံသား Amirov ကို အေမရိကန္ျပင္ပမွာ ဥပေဒနဲ႔အညီဖမ္းဆီးခဲ့ေၾကာင္းနဲ႔ Omarov ကိုလည္း ဇႏၷဝါရီလ ၄ ရက္ေန႔က ခ်က္ႏိုင္ငံမွာဖမ္းဆီးခဲ့ၿပီး အေမရိကားကိုလဲႊေျပာင္းယူမွာျဖစ္တယ္လို႔ ေရွ႕ေနခ်ဳပ္ကေျပာပါတယ္။ Mehdiyev ကိုေတာ့ ဇူလိုင္လထဲတုန္းက Masih Alinejad အိမ္အနီးမွာ တိုက္ခိုက္ေရးေမာင္းျပန္ေသနတ္တလက္နဲ႔ အတူ ဖမ္းမိခဲ့ပါတယ္။
===============
[[Unicode]]
အီရန်နွယ်ဖွား VOA ဝန်ထမ်းကို သတ်ဖို့ကြိုးပမ်းသူ (၃) ဦး ကန်ရဲဖမ်းဆီး
အီရန်နိုင်ငံနဲ့ဆက်နွယ်နေတဲ့ အရှေ့ဥရောပတိုက်သားတွေပါဝင်တဲ့ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၃ ဦးဟာ အီရန်နွယ်ဖွား အမေရိကန်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ်၊ VOA ပါရှန်းဌာနရဲ့ ရုပ်မြင်သံကြားတင်ဆက်သူ အမျိုးသမီးတဦးလည်းဖြစ်တဲ့ Masih Alinejad ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးပမ်းရာမှာ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်တရားရေးဌာနက သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။
အသက် ၄၃ နှစ်အရွယ် အီရန်နိုင်ငံသား Rafat Amirov ၊ အသက် ၃၈ နှစ်အရွယ် ချက်နိုင်ငံသား Polad Omarov နဲ့ နယူးယောက်ပြည်နယ် Yonkers မှာနေထိုင်သူ အသက် ၂၄ နှစ်အရွယ် Khalid Mehdiyev တို့ ၃ ဦးဖြစ်ကြပြီး သူတို့အားလုံးကိုဖမ်းဆီးထားကြောင်းနဲ့ လူသတ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ ရှေ့နေချုပ် Merrick Garland ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံသားတွေအနေနဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ နိုင်ငံသားအခွင့်အရေးတွေအရ ငြိမ်းချမ်းစွာလုပ်ဆောင်တာတွေကိုအကာအကွယ်ပေးပါတယ်။ အခုလိုဒီမိုကရေစီအခွင့်အရေးတွေနဲ့အညီ တရားဥဒေစိုးမိုးရေးနဲ့ ကာကွယ်စေင့်ရှောက်မှုတွေကို ဖျက်လို့ဖျက်ဆီးလုပ်ဖို့ အာဏာရှင်လူတစုရဲ့ကြိုးပမ်းမှုကိုလုံးဝသည်းခံမှာမဟုတ်ဘူးလို့လည်း ရှေ့နေချုပ်ကပြောဆိုခဲ့ပါတယ်။
Masih Alinejad ဟာ VOA ပါရှန်းဌာနမှာ အပတ်စဉ် ရုပ်မြင်သံကြားအစီအစဉ်ကိုတင်ဆက်နေပြီး အီရန်နိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုတင်ပြသူဖြစ်ပါတယ်။ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ အကြိမ်ကြိမ်ကြံစည်ခဲ့ပါတယ်။ အီရန်နိုင်ငံသား Amirov ကို အမေရိကန်ပြင်ပမှာ ဥပဒေနဲ့အညီဖမ်းဆီးခဲ့ကြောင်းနဲ့ Omarov ကိုလည်း ဇန္နဝါရီလ ၄ ရက်နေ့က ချက်နိုင်ငံမှာဖမ်းဆီးခဲ့ပြီး အမေရိကားကိုလွဲှပြောင်းယူမှာဖြစ်တယ်လို့ ရှေ့နေချုပ်ကပြောပါတယ်။ Mehdiyev ကိုတော့ ဇူလိုင်လထဲတုန်းက Masih Alinejad အိမ်အနီးမှာ တိုက်ခိုက်ရေးမောင်းပြန်သေနတ်တလက်နဲ့ အတူ ဖမ်းမိခဲ့ပါတယ်။