သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မတူပီနဲ႔ ဟားခါးၿမိဳ႕နယ္ေတြအနီး တိုက္ပြဲေတြျပင္းထန္ေန


ဂူဂဲလ္ေျမပံုမွာေတြ႔ရတဲ့ မတူပီၿမိဳ႕ ၊ ခ်င္းျပည္နယ္

မတူပီ - ဟားခါး လမ္းပိုင္းမွာရွိတဲ့ ငလိုင္ေက်း႐ြာမွာ နယ္ေျမရွင္းလင္းေရးလုပ္တဲ့ ျမန္မာစစ္တပ္နဲ႔ မတူပီ CDF တို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္ရွိမွာ စစ္ေရးတင္းမာေနပါတယ္။ ဟားခါးၿမိဳ႕ေပၚမွာဆိုရင္လည္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြရွိတဲ့ဘက္ကို ျမန္မာစစ္တပ္က ေန႔တိုင္းနီးပါး လက္နက္ႀကီးေတြ ပစ္ခတ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္ရဲ႕ စစ္ေရးအေျခအေန သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

မတူပီၿမိဳ႕နဲ႔ ၆ မိုင္ကြာေဝးတဲ့ မတူပီ - ဟားခါး လမ္းပိုင္းမွာရွိတဲ့ ငလိုင္ေက်း႐ြာကို ဇန္နဝါရီ ၁၅ ရက္က ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္လာတဲ့အတြက္ မတူပီ CDF နဲ႔ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး စစ္ေရးတင္းမာေနတာပါ။ အခုလို တိုက္ပြဲျဖစ္တာဟာ မတူပီၿမိဳ႕ေပၚမွာ ေ႐ြးေကာက္ပြဲ ျပဳလုပ္ႏိုင္ဖို႔အတြက္ နယ္ေျမရွင္းလင္းေရး လုပ္တာ ျဖစ္ႏိုင္တယ္လို႔ CDF ေတြ ဘက္က ယူဆပါတယ္။ လက္ရွိမွာေတာ့ ႏွစ္ဖက္ၿငိမ္သက္ၿပီး အေျခအေန ေစာင့္ၾကည့္ေနတယ္လို႔ မတူပီ CDF ျပန္ၾကားေရး တာဝန္ခံက အခုလို ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲေတြ နီးတဲ့အတြက္ေၾကာင့္ ၿမိဳ႕ေပၚကို အဓိက သူတို႔က ေ႐ြးေကာက္ပြဲေတြ က်င္းပႏိုင္ဖို႔အတြက္ အစြမ္းကုန္လုပ္ေနတယ္။ ေနာက္ဆုံးအခ်ိန္ျဖစ္တယ္ လုပ္ေနတဲ့အတြက္ေၾကာင့္ ၿမိဳ႕ေပၚရဲ႕ အနီးစပ္ဆုံးမွာရွိတဲ့ ကြၽန္ေတာ္တို႔ ကာကြယ္ေရးတပ္ဖြဲ႕အားလုံးကိုလည္း နည္းနည္းေလး နယ္ေျမရွင္းလင္းေရး လုပ္ခ်င္တယ္။ မတူပီၿမိဳ႕မွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔အတြက္ ကြၽန္ေတာ့္အေနနဲ႔ ယူဆခ်က္ရွိတယ္ေပါ့။ အဲ့ဒါေၾကာင့္ပဲ သူတို႔က နယ္ေျမရွင္းလင္းေရးလုပ္တယ္။ ဒီမနက္လည္း ကြၽန္ေတာ္တို႔ဘက္က ရွိတဲ့အင္အား အလုံးအရင္းနဲ႔ ခုခံတိုက္ခိုက္ဖို႔ ျပင္ဆင္တဲ့အတြက္ေၾကာင့္ သူတို႔လည္း ေရွ႕ဆက္မတိုးေတာ့ဘူးေပါ့။ ကြၽန္ေတာ္တို႔လည္း ခုခံဖို႔အတြက္ အဆင္သင့္ ငလိုင္ေက်း႐ြာအနီးအနားမွာ ရွိေနပါတယ္။”

မတူပီ CDF နဲ႔ ျမန္မာစစ္တပ္ ခလရ ၁၀၄ ဟာ ဟားခါး - မတူပီလမ္းပိုင္း ငလိုင္ေက်း႐ြာအနီးက ေတာင္ကုန္းေတြမွာ အျပန္အလွန္ တပ္စြဲထားၿပီးေနာက္ ျမန္မာစစ္တပ္ဘက္က စတင္စစ္ေၾကာင္းထိုးလာတာ ျဖစ္တယ္လို႔ CDF ဘက္က ေျပာပါတယ္။

တိုက္ပြဲအတြင္း မတူပီ CDF ဘက္က တပ္ဖြဲ႕ဝင္တဦး ေပ်ာက္ဆုံးေနပါတယ္။ ဒါ့အျပင္ ဇန္နဝါရီ ၈ ရက္ကစလို႔ မတူပီၿမိဳ႕မွာ တယ္လီဖုန္းလိုင္းေတြျဖတ္ေတာက္ထားၿပီး အဆက္အသြယ္ေတြလည္း ျပတ္ေတာက္ေနပါတယ္။ ဟားခါးၿမိဳ႕ေပၚမွာဆိုရင္လည္း ျမန္မာစစ္တပ္ တပ္စြဲထားတဲ့ လြတ္လပ္ေရး ေက်ာက္တိုင္ နဲ႔ ခလရ ၂၆၆ တပ္ရင္း ရွိတဲ့ေနရာကေန ဟားခါးနဲ႔ ထန္တလန္ၾကားက CDF ေတြ ရွိတဲ့ဘက္ကို ေန႔တိုင္း နီးပါး လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ထန္တလန္နဲ႔ဟားခါးၿမိဳ႕နယ္အၾကားက သီျမစ္ေခ်ာင္းမွာ အခုက စစ္တပ္လည္း ေနရာယူထားတာရွိတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ ေနရာယူထားတာလည္းရွိတယ္။ အဲ့ဒီဟာကို ေန႔တိုင္းလိုလိုေပါ့ ဗုံးနဲ႔ ပစ္ေနတယ္လို႔ ကြၽန္ေတာ္တို႔က ယုံၾကည္တယ္ေပါ့။ အၿမဲတမ္း ၁၂၀မမ နဲ႔ ၁၂၂ မမ အသံၾကားေနလို႔ ၃ လုံးကေန ၁၀ လုံးအၾကားေပါ့။ ေန႔တိုင္းလိုလိုျဖစ္ေနတာ။ အခုခ်ိန္ထိ ေန႔တိုင္းလိုလိုပစ္ေနတာ။ ညအိပ္ကာနီး ေသနတ္သံ ဗုံးသံေတြမၾကားရဘူးဆိုရင္ အိပ္လို႔ေတာင္ မရေတာ့ဘူး အဲ့လိုမ်ိဳး ဟာသအေနနဲ႔ ေျပာတဲ့အထိ အခုဟားခါးက အဲ့လိုျဖစ္ေနတာ။”

ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာ ၂၀ နဲ႔ ၂၁ ရက္တို႔မွာ ျမန္မာစစ္တပ္နဲ႔ ဟားခါး CDFတို႔ဟာ သီျမစ္ေခ်ာင္းအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ျမန္မာစစ္တပ္ဘက္က ဟားခါးၿမိဳ႕ေပၚကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အျပင္ ေလေၾကာင္းကေနပါ တိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ ခ်င္းျပည္နယ္အတြင္း ဒီရက္ပိုင္း တိုက္ပြဲျဖစ္စဥ္ေတြနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီက အေသးစိတ္ထုတ္ျပန္တာမရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မတူပီနဲ့ ဟားခါးမြို့နယ်တွေအနီး တိုက်ပွဲတွေပြင်းထန်နေ

မတူပီ - ဟားခါး လမ်းပိုင်းမှာရှိတဲ့ ငလိုင်ကျေးရွာမှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့ မြန်မာစစ်တပ်နဲ့ မတူပီ CDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိမှာ စစ်ရေးတင်းမာနေပါတယ်။ ဟားခါးမြို့ပေါ်မှာဆိုရင်လည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရှိတဲ့ဘက်ကို မြန်မာစစ်တပ်က နေ့တိုင်းနီးပါး လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မတူပီမြို့နဲ့ ၆ မိုင်ကွာဝေးတဲ့ မတူပီ - ဟားခါး လမ်းပိုင်းမှာရှိတဲ့ ငလိုင်ကျေးရွာကို ဇန်နဝါရီ ၁၅ ရက်က မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်လာတဲ့အတွက် မတူပီ CDF နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတာပါ။ အခုလို တိုက်ပွဲဖြစ်တာဟာ မတူပီမြို့ပေါ်မှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေး လုပ်တာ ဖြစ်နိုင်တယ်လို့ CDF တွေ ဘက်က ယူဆပါတယ်။ လက်ရှိမှာတော့ နှစ်ဖက်ငြိမ်သက်ပြီး အခြေအနေ စောင့်ကြည့်နေတယ်လို့ မတူပီ CDF ပြန်ကြားရေး တာဝန်ခံက အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲတွေ နီးတဲ့အတွက်ကြောင့် မြို့ပေါ်ကို အဓိက သူတို့က ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့အတွက် အစွမ်းကုန်လုပ်နေတယ်။ နောက်ဆုံးအချိန်ဖြစ်တယ် လုပ်နေတဲ့အတွက်ကြောင့် မြို့ပေါ်ရဲ့ အနီးစပ်ဆုံးမှာရှိတဲ့ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့အားလုံးကိုလည်း နည်းနည်းလေး နယ်မြေရှင်းလင်းရေး လုပ်ချင်တယ်။ မတူပီမြို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ ယူဆချက်ရှိတယ်ပေါ့။ အဲ့ဒါကြောင့်ပဲ သူတို့က နယ်မြေရှင်းလင်းရေးလုပ်တယ်။ ဒီမနက်လည်း ကျွန်တော်တို့ဘက်က ရှိတဲ့အင်အား အလုံးအရင်းနဲ့ ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်တဲ့အတွက်ကြောင့် သူတို့လည်း ရှေ့ဆက်မတိုးတော့ဘူးပေါ့။ ကျွန်တော်တို့လည်း ခုခံဖို့အတွက် အဆင်သင့် ငလိုင်ကျေးရွာအနီးအနားမှာ ရှိနေပါတယ်။”

မတူပီ CDF နဲ့ မြန်မာစစ်တပ် ခလရ ၁၀၄ ဟာ ဟားခါး - မတူပီလမ်းပိုင်း ငလိုင်ကျေးရွာအနီးက တောင်ကုန်းတွေမှာ အပြန်အလှန် တပ်စွဲထားပြီးနောက် မြန်မာစစ်တပ်ဘက်က စတင်စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ CDF ဘက်က ပြောပါတယ်။

တိုက်ပွဲအတွင်း မတူပီ CDF ဘက်က တပ်ဖွဲ့ဝင်တဦး ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၈ ရက်ကစလို့ မတူပီမြို့မှာ တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ထားပြီး အဆက်အသွယ်တွေလည်း ပြတ်တောက်နေပါတယ်။ ဟားခါးမြို့ပေါ်မှာဆိုရင်လည်း မြန်မာစစ်တပ် တပ်စွဲထားတဲ့ လွတ်လပ်ရေး ကျောက်တိုင် နဲ့ ခလရ ၂၆၆ တပ်ရင်း ရှိတဲ့နေရာကနေ ဟားခါးနဲ့ ထန်တလန်ကြားက CDF တွေ ရှိတဲ့ဘက်ကို နေ့တိုင်း နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ထန်တလန်နဲ့ဟားခါးမြို့နယ်အကြားက သီမြစ်ချောင်းမှာ အခုက စစ်တပ်လည်း နေရာယူထားတာရှိတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေရာယူထားတာလည်းရှိတယ်။ အဲ့ဒီဟာကို နေ့တိုင်းလိုလိုပေါ့ ဗုံးနဲ့ ပစ်နေတယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်ပေါ့။ အမြဲတမ်း ၁၂၀မမ နဲ့ ၁၂၂ မမ အသံကြားနေလို့ ၃ လုံးကနေ ၁၀ လုံးအကြားပေါ့။ နေ့တိုင်းလိုလိုဖြစ်နေတာ။ အခုချိန်ထိ နေ့တိုင်းလိုလိုပစ်နေတာ။ ညအိပ်ကာနီး သေနတ်သံ ဗုံးသံတွေမကြားရဘူးဆိုရင် အိပ်လို့တောင် မရတော့ဘူး အဲ့လိုမျိုး ဟာသအနေနဲ့ ပြောတဲ့အထိ အခုဟားခါးက အဲ့လိုဖြစ်နေတာ။”

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်တို့မှာ မြန်မာစစ်တပ်နဲ့ ဟားခါး CDFတို့ဟာ သီမြစ်ချောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေပါ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ချင်းပြည်နယ်အတွင်း ဒီရက်ပိုင်း တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီက အသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။

XS
SM
MD
LG