သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hawaii တောမီးကြောင့် သေဆုံးသူ ၈၀ အထိ ရှိလာ


Wildfire wreckage is shown on Aug. 11, 2023, in Lahaina, Hawaii.
Wildfire wreckage is shown on Aug. 11, 2023, in Lahaina, Hawaii.

အမေရိကန်ပြည်ထောင်စု၊ Hawaii ပြည်နယ်က Maui ကျွန်းမှာလောင်နေတဲ့ တောမီးကြောင့် သောကြာနေ့နှောင်းပိုင်းအထိ သေဆုံးသူအရေအတွက်ဟာ ၈၀ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ တောမီးကြောင့် သမိုင်းဝင် Lahaina မြို့ မြို့လုံးကျွတ်နီးပါး မီးလောင်သွားခဲ့တာကြောင့် အခုလို ကြိုတင် သတိပေးချက်မရှိဘဲ တောမီး ဒီလောက်မြန်မြန် ဘာကြောင့် လောင်ရသလဲဆိုတာကို တာဝန်ရှိသူတွေ စုံစမ်းနေပါတယ်။

Hawaii ပြည်နယ်၊ အမေရိကန်ပြည်ထောင်စုလက်နဲ့ ပေါင်းလိုက်ပြီး နောက်တနှစ်အကြာ Big Island မှာဖြစ်ခဲ့တဲ့ ဆူနားမီး ရေလှိုင်းဒဏ်ကြောင့် လူပေါင်း ၆၁ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် ဒီတောမီးဟာ Hawaii ပြည်နယ်သမိုင်းမှာ အသက်ဆုံးရှုံးမှု အများဆုံး ဖြစ်လာခဲ့ပါတယ်။

အနံ့ခံခွေးတွေနဲ့အတူ ကယ်ဆယ်ရေးဝန်ထမ်းတွေက မီးဘေးသင့်ခဲ့တဲ့နေရာတွေကို လိုက်လံရှာဖွေပြီးတဲ့အခါ သေဆုံးသူ အရေအတွက် အခုထက် ထပ်တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီ တောမီးကြောင့် သမိုင်းဝင် အဆောက်အအုံတွေအပါအဝင် အဆောက်အအုံပေါင်း ၁,၀၀၀ ကျော် မီးလောင် ပြာကျခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့အပြင် ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တောမီးဟာ လောင်ကျွမ်းနေဆဲဖြစ်ပေမယ့် ၈၅% ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ Lahaina မြို့ မီးသတ်ဌာနက ပြောပါတယ်။

XS
SM
MD
LG