သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို ပထမဆုံး အမျိုးသမီးသမ္မတ အနိုင်ရမှု အမေရိကန် ချီးကျုး


မက္ကဆီကိုရွေးကောက်ပွဲမှာ သမ္မတဖြစ်လာတဲ့ Claudia Sheinbaum
မက္ကဆီကိုရွေးကောက်ပွဲမှာ သမ္မတဖြစ်လာတဲ့ Claudia Sheinbaum

မက္ကဆီကိုနိုင်ငံ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အနိုင်ရလိုက်တဲ့ Claudia Sheinbaum ရဲ့ အောင်မြင်မှုအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ချီးကျုးစကား ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တာကြောင့် နှစ်ပေါင်း ၂၀၀ မက္ကဆီကိုသမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မှာပါ။

ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခဲ့ကြတဲ့ မက္ကဆီကို ပြည်သူတွေကို ချီးကျုးကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောခဲ့ပါတယ်။ တနင်္ဂနွေနေ့က ရွေးကောက်ပွဲ မဲရလဒ်တွေ တဝက်နီးပါး ရေတွက်ပြီးချိန်မှာ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက Sheinbaum ဟာ စုစုပေါင်း မဲအရေအတွက်ရဲ့ ၅၈. ၃ ရာခိုင်နှုန်းကနေ ၆၀.၇ ရာခိုင်နှုန်း ရရှိထားကြောင်း အတည်ပြုခဲ့တာပါ။

ပြိုင်ဘက် စီးပွါးရေးလုပ်ငန်းရှင် အထက်လွှတ်တော်အမတ် Xóchitl Gálvez က မဲ ၂၆ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းကျော်လောက်ရပြီး၊ အလယ်အလတ်ဝါဒီ ကိုယ်စားလှယ်လောင်း Jorge Álvarez Máynez က မဲ ၉ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ကြပါတယ်။

Forum

XS
SM
MD
LG