သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထီဆုကြေး ဒေါ်လာ ၆၆၇ သန်း အထိတိုး


Mega Millions

ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ညမှာထွက်မယ့် ဂဏန်း ၆ လုံးပါ Mega Millions လို့ခေါ်တဲ့ သန်းပေါင်းများစွာ ပါဝင်တဲ့ ထီကြီးရဲ့ ဆုကြေးငွေဟာ ဒေါ်လာ ၆၆၇ သန်းအထိ ရှိသွားပြီ ဖြစ်တာကြောင့် ဒီထီကို ပေါက်တဲ့သူဟာ နေ့တွင်းချင်း သန်းပေါင်းများစွာ ကြွယ်ဝသူတဦး ဖြစ်သွားမှာပါ။

သီတင်းပတ် (၁၁) ပတ်ကြာ ဘယ်သူမှ ပေါက်ခဲ့ခြင်းမရှိတာကြောင့် Mega Millions ထီရဲ့ ဆုကြေးငွေဟာ အရင်က အများဆုံး ဖြစ်ခဲ့တဲ့ ဒေါ်လာ သန်းပေါင်း ၆၅၆ သန်းကို ကျော်လွန်ပြီး အများဆုံး ဆုကြေးငွေအဖြစ် စံချိန် တင်သွားခဲ့တာ ဖြစ်ပါတယ်။ တစောင်ကို ၂ ဒေါ်လာ တန်ဖိုးရှိတဲ့ ဒီ Mega Millions ထီကို အမေရိကန်ပြည်ထောင်စုအတွင်းက ပြည်နယ်ပေါင်း ၄၄ ပြည်နယ် အပါအဝင် ဝါရှင်တန် ဒီစီနဲ့ Virgin Island တို့မှာ ရောင်းချတာဖြစ်ပြီး တပတ်မှာ ၂ ကြိမ် ထီပေါက်စဉ် ထွက်လေ့ ရှိပါတယ်။

ဒါဟာ အမေရိကန်ထီသမိုင်းမှာ တတိယမြောက် အများဆုံး ပမာဏဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ ဆုကြေးငွေ အများဆုံးဖြစ်ခဲ့တာ ကတော့ ၂၀၁၆ ခုနှစ်က Power Ball လို့ခေါ်တဲ့ Mega Millions နဲ့အလားသဏ္ဍာန်တူတဲ့ နောက်ထပ် ထီတမျိုးမှာ ဆုကြေးငွေ ဒေါ်လာ ၁.၅၆ ဘီလီယံအထိ ရောက်ခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။

အင်္ဂါနေ့ညဖွင့်မယ့် Mega Millions ထီကို ပေါက်တဲ့သူအနေနဲ့ ၂၉ နှစ်အတွင်း အရစ်ကျ ဆုကြေးငွေကို ထုတ်ယူနိုင်သလို တလုံးထဲ ထုတ်ယူခွင့်လည်း ရှိပါတယ်။ တကယ်လို့ တလုံးထဲ ထုတ်ယူမယ်ဆိုရင်တော့ ဆုကြေးပမာဏဟာ ဒေါ်လာ သန်း ၃၈၀ ဖြစ်ပြီး ဒီအပေါ်မှာ အစိုးရက အခွန် ၂၅% ထပ်ကောက်ဦးမှာ ဖြစ်ပါတယ်။

ဒီထီဟာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ဘယ်သူမှ မပေါက်ခဲ့တာကြောင့် တဖြည်းဖြည်းချင်း ဆုကြေးငွေ တက်လာခဲ့ရာက အခုလောက်ထိ များလာခဲ့တာ ဖြစ်ပါတယ်။

ထီပေါက်စဉ်တွေကိုတော့ ဝါရှင်တန် ဒီစီ စံတော်ချိန် ည ၁၁ နာရီမှာ Georgia ပြည်နယ်၊ Atlanta မြို့မှာရှိတဲ့ Mega Millions ထီ ဌာနချုပ်မှာ ဖောက်မှာဖြစ်ပြီး ရုပ်မြင်သံကြားကနေလည်း တိုက်ရိုက် ပြသတာ ဖြစ်ပါတယ်။

အမေရိကန်ထီဆုကြေး ဒေါ်လာ ၆၆၇ သန်း အထိတိုး
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG