သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီး သတင္းသမား (၃) ေယာက္ အီရန္အာဏာပိုင္ေတြ ဖမ္းဆီး


အီရန္ႏိုင္ငံမွာ အာဏာပိုင္ေတြက ဖမ္းဆီးလိုက္တဲ့ အမ်ိုးသမီးသတင္းေထာက္မ်ား။ (ဝဲမွယာ) Mehrnoush Zarei, Saeedeh Shafiei, Melika Hashemi 

[[Zawgyi/Unicode]]

အီရန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂ ရက္က အမ်ိဳးသမီးသတင္းေထာက္ ၃ ဦးကို အာဏာပိုင္ေတြက ဖမ္းဆီးလိုက္တယ္လို႔ ေဒသဆိုင္ရာမီဒီယာမွာ တနလၤာေန႔က ေဖာ္ျပလိုက္ပါတယ္။ အဲဒီ အမ်ိဳးသမီးသတင္းေထာက္ေတြ ျဖစ္ၾကတဲ့ Melika Hashemi ၊ Saideh Shafiei နဲ႔ Mehrnoush Zarei တို႔ကို အစိုးရဆန႔္က်င္ေရး ဆႏၵျပသမားေတြကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့ Evin အက်ဥ္းေထာင္ကိုပို႔လိုက္တယ္လို႔ အီရန္သတင္းသမားမ်ား သမဂၢကိုကိုးကားၿပီး temad သတင္းစာမွာ ေဖာ္ျပလိုက္တာပါ။

သူတို႔ထဲက Saideh Shafiei ဟာ အလြတ္သတင္းေထာက္နဲ႔ ဝတၳဳစာေရးဆရာမျဖစ္ၿပီး Mehrnoush Zarei က ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာစာေပေတြကို ေရးသားထုတ္ေဝသူျဖစ္ပါတယ္။ က်န္တဦးျဖစ္တဲ့ Hashemi ကေတာ့ Shahr အမည္ရွိတဲ့ မီဒီယာမွာ အလုပ္လုပ္ေနသူျဖစ္ပါတယ္။ သူတို႔ ၃ ဦးရဲ႕ေနာက္ဆုံး အေျခအေနကိုေတာ့ မသိရွိရေသးပါဘူး။

အီရန္ႏိုင္ငံမွာ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲေတြ စတင္ျဖစ္ပြားကတည္ကေန အခုအခ်ိန္အထိ ၄ လအတြင္းမွာ ဖမ္းဆီးခံရတဲ့ သတင္းသမားအေရအတြက္ဟာ ခန႔္မွန္း ၈ဝ ေလာက္ရွိၿပီ ျဖစ္ပါတယ္။ ဆႏၵျပပြဲေတြ အႀကီးအက်ယ္ျဖစ္ပြားခဲ့တဲ့ မႏွစ္ေအာက္တိုဘာကုန္ပိုင္းက အီရန္သတင္းသမား ၃ဝဝ ေက်ာ္ စုေပါင္းလက္မွတ္ေရးထိုးၿပီး အစိုးရအေနနဲ႔ မီဒီယာသမားေတြကို ဖမ္းဆီးတာ ၊ ႏိုင္ငံသားအခြင့္အေရးခ်ိဳးေဖာက္တာေတြကို ေဝဖန္ထားတဲ့ ေၾကညာခ်က္ထုတ္ျပန္ခဲ့တယ္လို႔ ေဒသဆိုင္ရာမီဒီယာျဖစ္တဲ့ Temad မွာ ေဖာ္ျပထားပါတယ္။

အီရန္ႏိုင္ငံမွာ မႏွစ္ စက္တင္ဘာလလယ္က အသက္ ၂၂ ႏွစ္အ႐ြယ္ Mahsa Amini ဆိုသူ ကာဒ့္အႏြယ္ဝင္ အမ်ိဳးသမီးဟာ Hijab ေခၚ ေခါင္းစည္းပုဝါ စနစ္တက် မစည္းေႏွာင္လို႔ဆိုၿပီး ဘာသာေရးရဲတပ္ဖြဲ႕က ဖမ္းဆီးထားစဥ္မွာ ေသဆုံးခဲ့ပါတယ္။ အဲဒါကို မေက်မနပ္ျဖစ္ၿပီး ႏိုင္ငံအႏွံ႔မွာ အစိုးရကိုဆန႔္က်င္ဆႏၵျပပြဲေတြ အခုအခ်ိန္ထိ ျဖစ္ပြားေနပါတယ္။ အီရန္အစိုးရကလည္း အမ်ားအျပားကို ဖမ္းဆီးထားသလို လုံၿခဳံေရးတပ္ဖြဲ႕ေတြကို တိုက္ခိုက္လို႔ဆိုၿပီး ေသဒဏ္အျပစ္ေပးတာေတြလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

အမျိုးသမီး သတင်းသမား (၃) ယောက် အီရန်အာဏာပိုင်တွေ ဖမ်းဆီး

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ ရက်က အမျိုးသမီးသတင်းထောက် ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာမီဒီယာမှာ တနင်္လာနေ့က ဖော်ပြလိုက်ပါတယ်။ အဲဒီ အမျိုးသမီးသတင်းထောက်တွေ ဖြစ်ကြတဲ့ Melika Hashemi ၊ Saideh Shafiei နဲ့ Mehrnoush Zarei တို့ကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ Evin အကျဉ်းထောင်ကိုပို့လိုက်တယ်လို့ အီရန်သတင်းသမားများ သမဂ္ဂကိုကိုးကားပြီး temad သတင်းစာမှာ ဖော်ပြလိုက်တာပါ။

သူတို့ထဲက Saideh Shafiei ဟာ အလွတ်သတင်းထောက်နဲ့ ဝတ္ထုစာရေးဆရာမဖြစ်ပြီး Mehrnoush Zarei က ပြုပြင်ပြောင်းလဲရေးဆိုင်ရာစာပေတွေကို ရေးသားထုတ်ဝေသူဖြစ်ပါတယ်။ ကျန်တဦးဖြစ်တဲ့ Hashemi ကတော့ Shahr အမည်ရှိတဲ့ မီဒီယာမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ သူတို့ ၃ ဦးရဲ့နောက်ဆုံး အခြေအနေကိုတော့ မသိရှိရသေးပါဘူး။

အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားကတည်ကနေ အခုအချိန်အထိ ၄ လအတွင်းမှာ ဖမ်းဆီးခံရတဲ့ သတင်းသမားအရေအတွက်ဟာ ခန့်မှန်း ၈ဝ လောက်ရှိပြီ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ မနှစ်အောက်တိုဘာကုန်ပိုင်းက အီရန်သတင်းသမား ၃ဝဝ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး အစိုးရအနေနဲ့ မီဒီယာသမားတွေကို ဖမ်းဆီးတာ ၊ နိုင်ငံသားအခွင့်အရေးချိုးဖောက်တာတွေကို ဝေဖန်ထားတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ဒေသဆိုင်ရာမီဒီယာဖြစ်တဲ့ Temad မှာ ဖော်ပြထားပါတယ်။

အီရန်နိုင်ငံမှာ မနှစ် စက်တင်ဘာလလယ်က အသက် ၂၂ နှစ်အရွယ် Mahsa Amini ဆိုသူ ကာဒ့်အနွယ်ဝင် အမျိုးသမီးဟာ Hijab ခေါ် ခေါင်းစည်းပုဝါ စနစ်တကျ မစည်းနှောင်လို့ဆိုပြီး ဘာသာရေးရဲတပ်ဖွဲ့က ဖမ်းဆီးထားစဉ်မှာ သေဆုံးခဲ့ပါတယ်။ အဲဒါကို မကျေမနပ်ဖြစ်ပြီး နိုင်ငံအနှံ့မှာ အစိုးရကိုဆန့်ကျင်ဆန္ဒပြပွဲတွေ အခုအချိန်ထိ ဖြစ်ပွားနေပါတယ်။ အီရန်အစိုးရကလည်း အများအပြားကို ဖမ်းဆီးထားသလို လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်လို့ဆိုပြီး သေဒဏ်အပြစ်ပေးတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG