သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Inter Miami အတွက် Messi ပွဲဦးထွက် အနိုင်ဂိုးသွင်း


FBL-USA-MEX-LEAGUES-MIAMI-CRUZAZUL
FBL-USA-MEX-LEAGUES-MIAMI-CRUZAZUL

အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်း Inter Miami ကိုပြောင်းလာတဲ့ Lionel Messi ရဲ့ အမေရိကန်ပွဲဦးထွက်ပွဲမှာ Messi က အနိုင်ဂိုးကို သွင်းနိုင်ခဲ့လို့ Inter Miami အသင်းက မက္ကဆီကိုက Cruz Azul အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပရိတ်သတ် ၂ သောင်းဆန့်တဲ့ Florida ပြည်နယ် Fort Lauderdale မြို့က DRV PNK ဘောလုံးကွင်းမှာ Messi ကို အားပေးကြတဲ့ ပရိသတ်တွေက အများစုဖြစ်ကြပြီး၊ အားကစားအကျော်အမော်တွေ၊ လူသိများကျော်ကြားသူတွေလည်း Messi ရဲ့ ပွဲဦးထွက်ပွဲမှာ အများအပြားလာရောက် အားပေးခဲ့ကြပါတယ်။

Inter Miami အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ရှေ့ပြေးနေချိန် မိနစ် ၅၀ ကျော်မှ Messi ကွင်းထဲဝင်ကစားပါတယ်။ ၆၅ မှာ Cruz Azul က ၁ ဂိုးသွင်းပြီး ၂ ဖက် သရေကျနေပေမဲ့ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလို အချိန်ပို ကစားနေချိန်မှာ Messi က ဂိုးပေါက်နဲ့ ၂၅ မီတာလောက် ဝေးတဲ့နေရာကနေ Free Kick ကန်ပြီး Inter Miami အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဂိုးသွင်းအကောင်းဆုံး ရွှေဘောလုံးဆုကို ၇ ကြိမ်ရထားဖူးတဲ့ Messi ရဲ့ ဘယ်ခြေနဲ့ အဝေးက ကန်လိုက်တဲ့ဘောလုံးကို Cruz Azul အသင်း ဂိုးသမားလည်း မဖမ်းနိုင်ခဲ့ပါဘူး။ အာဂျင်တီးနားက ကမ္ဘာကျော် Lionel Messi က၊ ဘာစီလိုနာမဟုတ်တဲ့ တခြားဥရောပအသင်းမှာ ထပ်မကစားချင်တာကြောင့် အမေရိကန် မေဂျာလိဂ်က Inter Miami အသင်းကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ပိုက်ဆံကြောင့် မေဂျာလိဂ်ကို ပြောင်းခဲ့တာမဟုတ်ဘဲ၊ ဘောလုံးကို နောက်ပုံစံတခုနဲ့ အေးအေးဆေးဆေး ကစားချင်တာကြောင့် ပြောင်းခဲ့တာဖြစ်ကြောင်း၊ ပိုက်ဆံကြောင့်ဆိုရင် သူ့အနေနဲ့ ဆော်ဒီကို ပြောင်းခဲ့မှာဖြစ်တယ်လို့ ပြောပါတယ်။ မက်ဆီကို ဆော်ဒီအာရေဗျနိုင်ငံ Al-Hilal အသင်းက တနှစ်ကို ဒေါ်လာ သန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မက်ဆီက ဒါကို ငြင်းပယ်ပြီး မေဂျာလိဂ်ကို ပြောင်းခဲ့တာပါ။

XS
SM
MD
LG