သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Threads အက်ပလီကေးရှင်း စတင်ဖွင့်လှစ်


Meta ကုမ္ပဏီရဲ့ Threads application
Meta ကုမ္ပဏီရဲ့ Threads application

ဖေ့ဘုတ်စ်တည်ထောင်သူ ဇူကာဘတ်ရဲ့ Meta ကုမ္ပဏီက Twitter ကို ယှဉ်ပြိုင်နိုင်ဖို့ စာသားအခြေပြု Threads ဆိုတဲ့ app တစ်ခုကို စတင်လိုက်ပါပြီ။ ဖေ့စ်ဘုတ် တည်ထောင်သူ ဇူကာဘတ်က Threads app ကနေ သူ့ရဲ့ ပထမဆုံးပို့စ်ကို “Threads မှကြိုဆိုပါတယ်” ဆိုပြီး မီးတောက်ပုံသင်္ကေတလေးနဲ့ ရေးသားထားပါတယ်။​

Threads အက်ပလီကေးရှင်းကို Twitter အသုံးပြုသလိုပဲ စာသားတိုတွေရေးသားနိုင်သလို ဓာတ်ပုံ၊ ဗွီဒီယို ၅ မိနစ်စာနဲ့ ကိုယ်ထည့်ချင်တဲ့ အင်တာနက်လိပ်စာ links တွေကိုပြီး အသုံးပြုလို့ရတယ်လို့ Meta က ကြေညာထားပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကနေ Apple store နဲ့ Google Play Store တွေမှာ ရယူနိုင်ပြီး စတင်ဖွင့်လှစ်ချိန် ၂ နာရီအတွင်း လူပေါင်း ၂ သန်း အကောင့်ဖွင့်လာကြတယ်လို့ ဇူကာဘတ်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက တွစ်တာကိုဝယ်ယူခဲ့တဲ့ သူဋ္ဌေးကြီး အီလွန်မတ်စ်က တွစ်တာဝန်ထမ်းဦးရေလျှော့ချခဲ့တာအပြင် သုံးစွဲသူတွေကိုလည်း အကန့်အသတ်တွေ တိုးလုပ်လာတာကြောင့် ဝေဖန်နေချိန်မှာ ဇူကာဘတ်ရဲ့ Threads အက်ပလီကေးရှင်း ပေါ်ထွက်လာတာပါ။​

ဖေ့စ်ဘွတ်တည်ထောင်သူ ဇူကာဘတ်နဲ့ တွစ်တာပိုင်ရှင် အီလွန်မတ်တို့ဟာ နှစ်အတော်ကြာကတည်းက နည်းပညာဆိုင်ရာအကြောင်းအရာတွေမှာ အမြင်သဘောထားမတူဘဲ ထိပ်တိုက်တွေ့ခဲ့ကြသလို အခုလတ်တလောမှာ ကြိုးဝိုင်းထဲမှာ ထိုးသတ် တိုက်ခိုက်ဖို့ အထိအပြန်အလှန်စိန်ခေါ် ခဲ့ကြတာပါ။

XS
SM
MD
LG