သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Threads app စထုတ်ပြီး ငါးရက်အတွင်း သုံးစွဲသူ သန်းတရာကျော်


Threads အက်ပ်
Threads အက်ပ်

Twitterရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Meta ကုမ္ပဏီကနေအသစ်ထုတ်လိုက်တဲ့ Threads အပလီကေးရှင်းဟာ စတင်ထုတ်ပြီး ငါးရက်အတွင်းမှာပဲ သုံးစွဲသူသန်း ၁၀၀ ကျော်သွားပြီလို့ Meta ရဲ့ အမှုဆောင် အရာရှိချုပ် Mark Zuckerberg က ဂျူလိုင်၁၀ ရက်နေ့မှာပြောပါတယ်။

တိုးတက်မှုအမြန်ဆုံးအွန်လိုင်းပလက်ဖောင်း စံချိန်တင်ထားခဲ့တဲ့ ChatGPT ကိုလည်း ကျော်တက်သွား ပြီဖြစ်ပါတယ်။ လေ့လာ အကဲခတ်သူတွေရဲ့ တွေ့ရှိချက်အရ Threads မှာ ထင်ရှားကျော်ကြားသူတွေတွေ၊ နိုင်ငံရေးသမားတွေနဲ့ သတင်းထုတ်လုပ်သူတွေ အများဆုံးဝင်ရောက် သုံးစွဲတာကို တွေ့ရတဲ့အတွက် Elon Musk ပိုင်ဆိုင်တဲ့Twitter အတွက်အပြင်းထန်ဆုံး ခြိမ်းခြောက်နိုင်တဲ့ ပြိုင်ဘက်ပလက်ဖောင်း တခု ပထမဆုံး အကြိမ်ပေါ ထွက်လာတာဖြစ်ပါတယ်။

" Threads ကို အသုံးပြုနေသူအတွေဟာ ပရိုမိုးရှင်းတွေက တဆင့် ရောက်လာတာမျိုးမဟုတ်ဘဲ၊ အများစုက သုံးစွဲသူ အစစ်အမှန်တွေပါ"လို့ Zuckerberg က သူ့ရဲ့ မှတ်တိုင်သစ်နဲ့ ပတ်သက်ပြီး Threads ပို့စ်ကတဆင့် ပြောခဲ့ပါတယ်။

Threads အက်ပ်ကို အသုံးပြုသူဟာ ရက်ပိုင်းအတွင်း သန်း ၁၀၀ အထိ အလျင်အမြန် ရောက်လာတာပါ။ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက စတင်ခဲ့ပြီး နှစ်လ အတွင်း တိုးတက်နှုန်း အမြင့် ဆုံး ဖြစ်ခဲ့တဲ့ OpenAI ရဲ့ ChatGPT ထက်များစွာပိုမိုမြန်ဆန်ခဲ့သလို သမိုင်းတစ်လျှောက် အလျင်မြန်ဆုံးတိုးတက်နေတဲ့ သုံးစွဲသူ အပလီကေးရှင်းဖြစ်တယ်လို့လေ့လာမှုတခုမှာ ဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ Threads အက်ပ်မှာကြော်ငြာတွေ မထည့်သွင်းသေးပေမဲ့ သုံးစွဲသူ ၁ ဘီလီယံ အထိ ဖြစ်လာရင်တော့ကြော်ငြာတွေ စတင်ထည့်သွင်းမှာဖြစ်တယ်လို့ Zuckerberg က ပြောပါတယ်။

Instagram အကြီးအကဲ Adam Mosseri ကတော့ Meta ဟာ Twitter ကို အစားထိုးဖို့ မကြိုးစားဘဲ Threads ကိုအားကစား၊ ဂီတနဲ့ ဖက်ရှင် ဒီဇိုင်းတွေလို ပေါ့ပေါ့ပါးပါး အကြောင်းအရာတွေကို အဓိကထားဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံရေးနဲ့ အခြား ထိပ်တန်း အရေးကြီး သတင်းတွေက Threads အက်ပ်ပေါ် မှာ မလွဲမသွေ နေရာယူလာမှာ ဖြစ်ပြီး ဒါဟာ သုံးစွဲသူတွေကြား ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ ရည်ရွယ်ထားတာကို စိန်ခေါ် လာမှာ ဖြစ်တဲ့ အကြောင်း Instagram အကြီးအကဲ Mosseri က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG