သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုမှာ ပြင်းအား ၇.၁ မြေငလျင်ကြောင့် လူ၁၀၀ကျော် သေဆုံး


Mexico နိုင်ငံ Mexico City မြို့တော်နားမှာ ၇.၁ ပြင်းအားရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် လောလောဆယ် အထိ သေဆုံးသူ ၁၀၀ ထက်မနည်း ရှိသွားပြီလို့ အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေနိုင်သူတွေကို ကယ်ဆယ်ရေးတွေ လိုက်လံရှာဖွေနေကြပါတယ်။

ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီး ပထမ ၁ နာရီအတွင်းမှာကို သေဆုံးသူ ၄၂ ယောက်ထက်မနည်း ရှိတယ်လို့ မြို့တော်ရဲ့အပြင်ဖက် Morelos ပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ Mexico City မြို့တော်ထဲမှာ အဆောက်အအုံပေါင်း ၂၇ ခုထက်မနည်း ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တယ်လို့ သမ္မတ Pena Nieto ကပြောပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် အပျက်အစီးတွေဖြစ်ခဲ့ပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေသလို မီးတွေလည်း လောင်ကျွမ်းနေတယ်လို့ ဒေသခံသတင်းတွေမှာ ပြောနေကြပါတယ်။ Mexico City မြို့တော်ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး မြို့တခုဖြစ်ပါတယ်။ မြို့တော်ရဲ့ အရှေ့တောင်ဖက် ၇၆ မိုင်လောက်အကွာက Puebla ပြည်နယ်နားကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနကပြောပါတယ်။

Mexico ပြည်သူတွေနဲ့ အတူ ရှိနေတယ်လို့ New York မြို့မှာ အထွေထွေညီလာခံ တက်ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump က Twitter လူမှုကွန်ယက်ပေါ်မှာ အားပေးစကားပြောခဲ့ပါတယ်။ နိုင်ငံတကာလေဆိပ်တွေမှာ လုပ်ငန်းတွေကို Mexico အာဏာပိုင်တွေက ရပ်ဆိုင်းထားသလိုကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

မက္ကဆီကိုမှာ ပြင်းအား ၇.၁ မြေငလျင်ကြောင့် လူ၁၀၀ကျော် သေဆုံး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG