သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ၂၀၀ ကျော်သေဆုံးတဲ့ မက္ကဆီကို ငလျင် ကယ်ဆယ်ရေးစတင်


ပြင်းအား ၇.၁ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း အနည်းဆုံး ၂၂၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပြိုပျက်သွားပြီးတဲ့နောက် မက္ကဆီကိုစီးတီး မြို့တော် အနီး ပြည်နယ်တွေဟာ အပြိုအပျက်တွေ ကြားထဲမှာ အသက်မသေဘဲ ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ဗုဒ္ဓဟူးနေ့မှာ ရှာဖွေခဲ့ကြပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေ တွေ့နိုင်မယ့် အလားအလာ ကုန်ဆုံးသွားတဲ့ အထိ မက္ကဆီကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်ထဲရေး ဝန်ကြီး မန်နျူရယ်လ်အိုဆေးရိုးချွန်းက ဆိုပါတယ်။

အင်္ဂါနေ့က ငလျင်လှုပ်ခတ်ပြီး မကြာခင်မှာဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အရပ်သားတွေလည်း ပါဝင်ကူညီခဲ့ကြပါတယ်။ ငလျင်ရဲ့ ဗဟိုက မက္ကဆီကိုစီးတီး မြို့တော်ရဲ့ တောင်ဘက် ၁၂၃ ကီလိုမီတာမှာ ရှိတဲ့ ပွာဘလာ ကို ဗဟိုပြုခဲ့တာ ဖြစ်ပါတယ်။

မက္ကဆီကို သမ္မတ Enrique Nieto က အပြိုအပျက်တွေ အောက်က ပိတ်မိနေဆဲ လူတွေ ရှိနေတယ်။ ဒီလူတွေရဲ့ အသက်ကို ကယ်နိုင်ဖို့ အတွက် မိနစ်တိုင်း အရေးကြီးနေတယ်။ ဒါဟာ တိုင်းပြည်ရဲ့ ထိပ်တန်း ဦးစားပေး ဖြစ်တယ်လို့ ဆိုပြီး သေဆုံးသူတွေ အတွက် ဝမ်းနည်းမှု အထိမ်းအမှတ် သုံးရက်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG