သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကို သမ္မတသစ်နဲ့ ကန်ဆက်ဆံရေးကောင်းမွန်ဖို့ Trump မျှော်လင့်

မက္ကဆီကို သမ္မတသစ်အဖြစ် အရွေးကောက်ခံရတဲ့ Andres Manuel Lopez Obrador နဲ့ တနင်္လာနေ့မှာ သိပ်ကောင်းမွန်တဲ့ ဆွေးနွေး ပြောဆိုမှုတွေ လုပ်နိုင်ခဲ့ပြီး ဒါဟာ ၂ နိုင်ငံကြား တင်းမာနေတဲ့ နယ်စပ်ပြဿနာကို ပြေလျှော့စေနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ Donald Trump ကပြောပါတယ်။

မက္ကဆီကိုနိုင်ငံမှာ သမ္မတ သက်တမ်း ၆ နှစ်အတွက် လက်ဝဲယိမ်း ဝါဒီ Lopez Obrador တခဲနက် အနိုင်ရခဲ့ပြီးတဲ့ နောက်တနေ့မှာ သမ္မတ Trump နဲ့ ဆက်သွယ်ပြောကြားခဲ့တာဖြစ်ပြီး ဆက်ဆံရေးဟာ သိပ်ကောင်းဖို့ ရှိတယ်လို့ ထင်ကြောင်းနဲ့ နယ်စပ်ပြဿနာအတွက် ကူညီဖို့ မက္ကဆီကို သမ္မတသစ်က ကြိုးစားမယ်လို့ ထင်ကြောင်း သမ္မတ Trump ကပြောခဲ့တာပါ။

အမေရိကတိုက် အလယ်ပိုင်းက နိုင်ငံအများစုကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်းနဲ့ ဝင်ရောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ၂ ဦးဟာ နာရီဝက်လောက် ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။ ရွှေ့ပြောင်း အခြေချသူတွေ မက်ဆီကို ကို ဖြတ်ပြီး အမေရိကန် နိုင်ငံထဲ တရားမဝင် လာရောက်တဲ ကိစ္စနဲ့ အတူ NAFTA ခေါ် မြောက်အမေရိက နိုင်ငံများကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို ပြန်လည် ပြင်ဆင်ဖို့ မက်ဆီကို၊ အမေရိကန်နဲ့ ကနေဒါတို့ ကြား ညှိနှိုင်းနေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ NAFTA ကို ပြန်ပြင်မယ့် အစား အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက် အသစ် သီးသန့် ချုပ်ဆိုဖို့လည်း သမ္မတက ပြောပါတယ်။

တရားမဝင် လာရောက်မှုတွေ ရပ်တံ့စေဖို့ အမေရိကန် တောင်ပိုင်းမှာ မက်ဆီကိုနဲ့ နယ်စပ်တလျှောက် တံတိုင်းကာရံ ရေးအတွက် သမ္မတ Trump ကြိုးစားနေတာ ကာလ အတော်ကြာနေပြီဖြစ်ပြီး ကုန်ကျစားရိတ်ကို မက္ကဆီကိုက ပေးဖို့ သမ္မတက ကြုံးဝါးနေပေမယ့် မက်ဆီကို ခေါင်းဆောင်တွေက လက်မခံပါဘူး။ အခု ခေါင်းဆောင် ၂ ဦး ဆက်သွယ် ပြောကြားရာမှာ ဒီကိစ္စကို သမ္မတ Trump ကတောင်းဆိုမှု ရှိမရှိတော့ ထည့်သွင်းမပြောဆိုပါဘူး။ သမ္မတ Trump ဟာ ၂၀၁၆ ရွေးကောက်ပွဲကာလ မဲဆွယ်တုန်းက ဒီကိစ္စကို ရှေ့တန်းတင်ပြောကြားခဲ့တာပါ။

မက္ကဆီကို သမ္မတသစ်နဲ့ ကန်ဆက်ဆံရေးကောင်းမွန်ဖို့ Trump မျှော်လင့်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG